
မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို
မကွေးတိုင်း ဒေသကြီး၊ ရေစကြို မြို့နယ်မှာ နေရောင်ခြည် စွမ်းအင်၊ ဒီဇယ် အင်ဂျင်တို့နဲ့ လျှပ်စစ် ဓာတ်အားပေးရေး အစီ အစဉ်ကို မကွေးတိုင်း ဒေသကြီး အစိုးရက စတင် လိုက်ပြီ ဖြစ်ပါတယ်။
မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ Parami Energy Services Co., Ltd. တို့ ပူးပေါင်းကာ ပြင်သစ်နိုင်ငံ EDF Co., Ltd တို့ လက်မှတ် ရေးထိုး ခဲ့ကြတာပါ။
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ကြားက ကျေးရွာတွေ မီးလင်းဖို့ ပြုလုပ် ပေးတဲ့ အစီ အစဉ်နဲ့ ပတ်သက်ပြီး မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အခုလို ပြောပါတယ်။
“ကျနော်တို့ ပြည်ထောင်စု နိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ဟာ Energy Thirsty ဖြစ်ပါတယ်။ အဲတော့ အခုလိုအခြေ အနေမျိုးမှာ ဧရာဝတီနဲ့ ချင်းတွင်း ကြားမှာ ရှိနေတဲ့ ရေစကြို မြို့နယ်က ရွာပေါင်း ၄၀ ကျော်ကို လျှပ်စစ်မီး Power Supply ပေးဖို့ ကြိုးစား တာဟာ အင်မတန် သင့်လျော်တဲ့ ကိစ္စ ဖြစ်ပါတယ်။
ဒီမှာ ဆိုရင်လည်းပဲ ဆိုလာ စွမ်းအင်သာ မကဘူး၊ ဒီဇယ်အင်ဂျင် နဲ့လည်း ကျနော်တို့က Generate လုပ်မှာပါ။ Electricity ရအောင်လို့။ ကြွလာတဲ့ လူကြီးမင်းတွေ ထဲမှာလည်း ဒီ Sustainable Development ရော၊ Observation of Environment ကိုရောပဲ စိတ်ပါ ၀င်စားတဲ့ သူတွေ၊ တန်ဖိုး ထားတဲ့ သူတွေ ပါတယ် ဆိုတာ သိရတဲ့ အတွက် အများကြီး ၀မ်းသာ ပါတယ်။ ဒါကိုလည်းပဲ အကျဉ်းအားဖြင့် ပြောထား ပါတယ်။ လုပ်ငန်းအောင်မြင်ဖို့၊ အကျိုးအမြတ်ရှိဖို့ ဆိုပြီး ပြောထားတယ်။ သူတို့အားလုံး သဘောတူပါတယ်။”
အခု မီးလင်းရေး စီမံကိန်းကို ၁ နှစ် ၂ နှစ်အတွင်းမှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။
“ကျနော်တို့က Report အကြီးစား ကျနော်တို့ ရေးရဦးမှာ။ ရေးပြီးတော့မှ ကျနော်တို့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့ရမှာ။ ကျနော်တို့မြင်တာကတော့ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ အဆင်မပြေဘူးဆိုရင်တော့ ဒါအဆင်မပြေဘူးပေါ့နော်။
၁ နှစ် ၂ နှစ် အတွင်းမှာ ကြိုးစားမယ်လို့ ကျနော်တို့ ယူဆထားတာပေါ့နော်။ တဖက်ကလည်း ကျနော်တို့အနေနဲ့ကျတော့ တိုင်းရင်းသားကုမ္ပဏီ အနေနဲ့ကျတော့ သူတို့လိုအပ်တာကို ကျနော်တို့ Support ပေးမယ်။ ပြီးတော့ Technology က သူတို့ဘက်က ပေးမယ်ဆိုတော့ နှစ်ဖက်ပေါင်းပေါ့နော်။
Cost ရော Technology ရော နှစ်ဖက်ပေါင်းပြီး ပြောမယ်ဆိုရင်တော့ ကျနော်တို့က ၁ နှစ် ၂ နှစ်အတွင်း ဖြစ်နိုင်အောင်တော့ ကျနော် တို့က ကြိုးစားမှာပါ။” ဟု Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။
ပထမအဆင့်အနေနဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာပေါင်း ၄၀ ကျော်ကို မီးလင်းအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို လိုက်ပြီး တိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net/
My Facebook Wall- (HERE)
====================ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment