May 21, 2025

မော်လူး ဒေသတွင် တရားမဝင် သစ်စက် ၁ လုံး ပိုင်ရှင်နှင့် အတူ ဖမ်းမိ





စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော် မြို့နယ်၊ မော်လူး ဒေသမှာ တရားမဝင် သစ်စက် ၁ လုံးကို ပိုင်ရှင်နဲ့ အတူ နိုဝင်ဘာ ၄ ရက်နေ့က ဖမ်းဆီး ရမိခဲ့ တယ်လို့
အင်းတော် မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။



နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီအချိန် အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ဟာ သက်သေတွေနဲ့အတူ မော်လူးကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်က သစ်တောကြိုးဝိုင်းအတွင်း
 တရားမဝင် သစ်စက်လုပ်ကိုင်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။




မော်လူးကျေးရွာ အုပ်စု အုန်းဒုတ်ကျေးရွာနေ မနွယ်နဲ့အတူ ဇူလင်း ၂၅ ကောင်အင်ဂျင် ၁ လုံး၊ ၃ ပေ လွှဝိုင်း ၁ ခု၊ အချင်း ၂ လက်မ အရှည် ၅ ပေ ဝင်ရိုး ၁ ခု၊ အရှည် ၃ ပေရှိ ဒလိမ့်တုံး ၂ ခု၊ ၃၈ ပေခန့်ရှိ ပတ္တားကြိုး ၁ ချောင်း၊ ကျွန်းသစ် ၁၃ လုံး (၀ ဒသမ ၈၂၂) တန်
ကာလတန်ဖိုး ၁၄၅၇၆၀ ကျပ်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် သစ်စက်လုပ်ငန်းလုပ်ကိုင်သူ မနွယ် (ခ) မစန်းစန်းနွယ်ကို မော်လူး နယ်မြေရဲစခန်းက (ပ)၆၁/၂၀၁၆၊ ပြည်သူပိုင် ၆(၁) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဒီဗွီဘီ) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.