June 15, 202508:47:06 AM

ခန္တီးမြို့နယ်တွင်း ချင်းတွင်းမြစ် တလျှောက် ကျေးရွာ ၂၄ ရေနစ်





မိုးသည်း ထန်စွာ ရွာသွန်းပြီး ချင်းတွင်း မြစ်ရေကြီး မှုကြောင့် ခန္တီးမြို့နယ် အတွင်း ချင်းတွင်းမြစ် တလျှောက်က ကျေးရွာ ၂၄ ရွာ ရေကြီး ရေလျှံ မှုတွေ ဖြစ်ပွားနေ တယ်လို့ ခန္တီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်လောက် ကတည်းက မြစ်ရေ လျှံပြီး ရေကြီးရေလျှံ မှုတွေဖြစ်ပွားနေ တာဖြစ်ပြီး ဒီကနေ့မှာ ရေ ၂ ပေလောက်မြင့်တက် လာတဲ့ အတွက် ကျေးရွာ အတော်များများ ကုန်းမြင့်တွေ ကို ပြောင်းရွှေ့ နေထိုင်ကြ ရတယ်လို့ ပြောပါတယ်။

“ရေကတော့ အိမ်တွေအကုန်မြုပ်ကုန်ပြီ။ ကျနော်တို့ ခန္တီးမြို့နယ်မှာရှိတဲ့ မြစ်ကမ်းနား တလျှောက်က အကုန်လုံး မြုပ်တယ်။ ကျေးရွာက ၂၄ ရွာလေက်ရှိတယ်။ လူတွေကတော့ ကုန်းမြင့်တဲ့နေရာတွေမှာ ရွှေ့ပြောင်းနေကြရတာ။ ဘုန်ကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ မှာပေါ။ ကျနော့်အိမ်က ရေ ၄ ပေးလောက် မြုပ်နေပြီ။ အခု ပေါ်ထပ်ကိုပြောင်းရွှေ့ပြီး ချက်စားရတာပါ။”

ရေကြီးမှုကြောင့် ရုံးတွေကျောင်းတွေအားလုံး ပိတ်ထားရတယ်လို့လည်း ပြောပါတယ်။ ရေကြီးပြီး အလုပ်တွေ နားထားရတဲ့အတွက် စားနတ်ရိက္ခာအခက်အခဲရှိနေပြီး တချို့တွေ လည်း ပစ္စည်းတွေ မျောပါပျက်စီးတာတွေရှိ တယ်လို့လည်း ပြောပါတယ်။

သောက်သုံးရေအတွက်လည်း လတ်တလော မိုးရေကိုပဲ ခံယူသုံးစွဲထားရတယ်လို့လည်း ဦးမောင်တေးက ပြောပါတယ်။

ခန္တီးမြို့နယ် ဆင်သေရွာမှာနေထိုင်သူ ဒေါ်ခင်နေလင်းက “ရေတွေတအားကြီးနေလို့ ပစ္စည်းတွေ သယ်နေကြတယ်။ ကျမတို့ရွာ ဆင်သေရွာတရွာလုံးရေမြုပ်တယ်။ အခုလူတွေက မြင့်တဲ့အိမ်တွေမှာ သွားပြီး စုနေနေကြတယ်။ ကျမတို့လည်းအခုပြောင်းနေကြတာ။ အပေါ် ထပ်ကို။ အောက်ထပ်မြုပ်ခါနီးပြီမို့လို့၊ မြစ်ရေကလည်း တအားတက်နေတုန်းရှင်”လို့ ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ နေ့ခင်း ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့် ရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထား ပါတယ်။

From : ဒီဗွီဘီ
 
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


  My Facebook Wall- (HERE)

====================

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။













Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.