May 22, 2025

✿ တနင်္သာရီတိုင်း တရားလွှတ်တော် တရားသူကြီးများ အားလုံး လာဘ်မစားရန် ကတိ လက်မှတ်ထိုး ✿




ရန်ကုန်၊ နိုဝင်ဘာ ၃

တနင်္သာရီ တိုင်းဒေသကြီး တရား လွှတ်တော်တွင် တာဝန် ထမ်းဆောင်နေသည့် တရား သူကြီးချုပ် အပါအဝင် တရားသူကြီး သုံးဦးတို့ လာဘ် မစားဘဲ တာဝန် ထမ်းဆောင် ကြရန် အချင်းချင်း ကတိပြု လက်မှတ် ထိုးကြကြောင်း ယင်းတရား လွှတ်တော်မှ သိရသည်။

တနင်္သာရီတိုင်း တရား လွှတ်တော် တရား သူကြီးချုပ် ဦးတင်အောင်၊ တရားသူကြီး ဦးခင်မောင်မောင်၊ တရားသူကြီး ဒေါ်ခင်မာဌေး တို့သည် တရား စီရင် ရာတွင် ၎င်းတို့၏ သက်တမ်း ကာလ အတွင်း လာဘ် မစား၊ လာဘ်မယူ သန့်ရှင်းဖြူစင်စွာ တာဝန် ထမ်းဆောင် ကြမည်ဟု အချင်းချင်း ကတိပြုကြောင်း လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လက်မှတ်ထိုး ကတိပြုရန် တရားသူကြီးချုပ်က ဦးဆောင်၍ ဆော်သြ ခဲ့ခြင်း ဖြစ်ပြီး အချင်းချင်း ခိုင်ခိုင် မာမာနှင့် လာဘ်မစား ကြရန် ရည်ရွယ် ပြု လုပ်ခြင်း ဖြစ်ကြောင်း ပါဝင်လက်မှတ် ထိုးခဲ့သည့် တရားသူကြီး ဒေါ်ခင်မာဌေးက The Voice သို့ ပြောကြားသည်။

“ကိုယ့်အချင်းချင်း သဘောတူပြီးတော့ ဒီဥစ္စာကို ခိုင်ခိုင် မာမာနဲ့၊ မလုပ်ဘူး ဆိုတာ သဘောတူ ပြီးတော့ လက်မှတ် ထိုးကြတာပါ။ အပြန်အလှန် ကတိပြု ကြတာပေါ့။ သူလည်း မလုပ်ဘူး၊ ကိုယ်လည်း မလုပ်ဘူး ဆိုပြီးတော့”ဟု ဒေါ်ခင်မာဌေးက ရှင်းပြသည်။

တရားသူကြီး စုစုပေါင်း သုံးဦးသာ ရှိသော တနင်္သာရီ တိုင်းဒေသကြီး တရား လွှတ်တော်တွင် တရားသူကြီး အားလုံး လက်မှတ် ထိုးသည့် သဘောဖြစ်ဟု ၎င်းက ဆိုသည်။



The Voice Myanmar) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.