
ဘော့စ်တွန် ၊ ၂၉-၇-၂၀၁၆
အာရုံခံစနစ်နှင့် မော်တာငယ်များ တပ်ဆင် ထားသော အာကာသ အတွင်း ဝတ်ဆင်နိုင်သည့် လည်ရှည် ဖိနပ် တစ်ခုကို သိပ္ပံပညာရှင် များက တီထွင် ထုတ်လုပ် ခဲ့ကြောင်း သိရသည်။
၎င်းလည်ရှည် ဖိနပ်တွင် ပါဝင်သော အာရုံခံစနစ် နှင့် မော်တာငယ်များ၏ တုန်ခါမှုကြောင့် အတားအဆီး များကို ရှောင်ရှားရာတွင် အာကာသယာဉ်မှူး များကို အကူအညီပေး နိုင်မည် ဖြစ်သည်။
အာကာသယာဉ်မှူး များသည် လကမ္ဘာပေါ်သို့ သွားရောက်ပါက အရွယ်ပမာဏ ကြီးမားပြီး ကမ္ဘာ့လေထု ဖိအားနှင့် တူညီအောင် စီမံထားသော အာကာသ ဝတ်စုံကို အချိန်ပြည့် ဝတ်ဆင်ထား ရသည့်အပြင် တန်ဖိုးကြီးသော အောက်ဆီဂျင်ကို ထိန်းသိမ်းထား ရသည်။
သို့သော် အာကာသအတွင်း ချော်လဲပါက အဆိုပါ ဝတ်စုံသည် ပေါက်ပြဲသွားနိုင် သည့်အပြင် အကန့်အသတ် ရှိသည့်အတွက် အာရုံခံစနစ် ပါရှိသော လည်ရှည်ဖိနပ် ကို တီထွင်ရန် Aero Astro ရှိ ဘွဲ့ရကျောင်းသူ တစ်ဦးဖြစ်သော အယ်လီဆန် ဂစ်ဘ်ဆန် က စာတမ်းတစ်စောင် တင်ခဲ့သည်။
ဂစ်ဘ်ဆန် ဦးဆောင်သော အဖွဲ့သည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ တွင် ပြုလုပ်သော လူသားနှင့် ကွန်ပျူတာ တုံ့ပြန်မှုဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး တစ်ခုတွင် အဆိုပါ လည်ရှည်ဖိနပ် ၏ ရှေ့ပြေးပုံစံ ကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net/
My Facebook Wall- (HERE)
====================ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment