May 23, 2025

ရွှေလီမြစ်ရိုးတလျှောက် တရားမဝင် သစ်ဖောင်များ ငွေကျပ် သိန်း ၃၀၀ ကျော်ဖိုးခန့် ဖမ်းမိ





ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်း မြို့နယ် ရွှေလီမြစ် အတွင်းမှာ တရားမဝင် သစ်ဖောင် တွေကို နိုဝင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိ ဆက်တိုက် ဖမ်းဆီး ရမိခဲ့ တယ်လို့ သစ်တော ဌာနက ပြောပါတယ်။

ရွှေလီမြစ်အတွင်းမှ မန္တလေးဘက်ကို စုန်မျှောမယ့် တရားမဝင် သစ်ဖောင်တွေကို ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်ပြီး သစ်တောနဲ့ ရဲ ပူးပေါင်းအဖွဲ့က ကွင်းချောင်းနဲ့ မိုးလုံးဒေသ မယ်ငိုကျေးရွာနဲ့ တက်တူရွာအကြားမှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။

တရားမဝင် သစ်ဖောင် ၉ ဖောင်၊ သစ်လုံးရေ ၄၂၃ လုံး၊ ကျွန်းခွဲသား ၆၁ ချောင်း စုစုပေါင်း သစ်တန် ၈၇.၆၆၆၂ တန် ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀ ကျော်ဖိုးခန့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဝါးဖောင်တွေပါပဲ။ ဖွင့်ဖောက်ပြီးကြည့်မှ ဝါးဖောင်တွေထဲမှာ သစ်လုံးတွေ ဝှက်ပြီး သယ်ယူလာတာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်း နယ်စပ်ကတဆင့် ဧရာဝတီမြစ်ကြောင်းမှ မန္တလေးဘက်ကို သယ်ယူမယ်လို့

သိရပါတယ်” လို့ ကသာခရိုင် သစ်တောဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

အခုလို တရားမဝင် သစ်တွေ သယ်ဆောင်လာတာနဲ့ ပတ်သက်လို့ သစ်ပိုင်ရှင် ဦးညွန့်ဝင်းကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ဥပဒေပုဒ်မ ၆/(၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့
ကသာခရိုင် သစ်တောဦးစီးဌာနက ပြောပါတယ်။

ဒီဗွီဘီ) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.