
တရုတ်ရေတပ် လက်အောက်က လေတပ်ဟာ ၃ ရက်ကြာ စစ်ရေး လေ့ကျင့်မှုကို တောင်တရုတ် ပင်လယ် အတွင်း လေ့ကျင့် ခဲ့တယ်လို့ အစိုးရ ရုပ်သံက ဇူလိုင် ၂၃ ရက်နေ့က အစီရင် ခံပါတယ်။
ဂျက်လေယာဉ်တွေ ပျံသန်းနေတာ၊ ပိုင်နက် အငြင်းပွား ရေပြင်ကို ကျော်လွန်ပြီး ဒုံးကျည်နဲ့ ပစ်ခတ် တာတွေကို ရိုက်ကူး ထားတဲ့ ရုပ်သံကို စီစီတီဗီ မီဒီယာက အစီရင် ခံပါတယ်။ အနီနဲ့ အပြာ အသင်း ၂ သင်းခွဲ လေ့ကျင့် တာလို့ ပြောပါတယ်။
ဒီလေ့ကျင့်မှုကို ဇူလိုင် ၁၉ ကနေ ၂၁ အထိ လေ့ကျင့်ပြီး နှစ်စဉ်လုပ်နေကျ သင်တန်း အစီအစဉ်အရ ပုံမှန် အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် လေ့ကျင့်တာလို့ အစိုးရ သတင်းဌာန ဆင်ဟွာက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာ တရားရုံးက တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားဒေသကို ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအဖြစ် အာမခံ ပေးလိုက်အပြီးမှာ ခုလို စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာတာပါ။
အဲဒီရေပြင်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိပြီး အမေရိကန်ဒေါ်လာ ၅ ထရီလျံတန် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောတွေ ရှိရာ နေရာလည်း ဖြစ်ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောရင်း အာဆီယံ လေးနိုင်ငံ ဖြစ်တဲ့ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ တိုင်ဝမ်တို့နဲ့ ပိုက်နက် အငြင်းပွားနေပါတယ်။
From : ဒီဗွီဘီ
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net/
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment