ဒီပါဝလီ ပွဲတော် အတွင်း သန်းနဲ့ ချီတဲ့ လူတွေရဲ့ မီးပန်း ပစ်ဖောက်မှု အပြီး အိန္ဒိယ နိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ လေထု ညစ်ညမ်းမှု အဆင့် လန့်စရာ
ကောင်းအောင် မြင့်တက် နေပါတယ်။
ဒေလီမြို့ဟာ ၁၇ နှစ်အတွင်း အဆိုးဆုံး မီးခိုးမြူ ထူတွေကို ရင်ဆိုင်နေ ရတယ်လို့ တတ်သိ ပညာရှင်အဖွဲ့ဖြစ်တဲ့ သိပ္ပံနဲ့ သဘာဝ ပတ်ဝန်းကျင် ဌာနက ပြောပါတယ်။
ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ်လည်း ကြေညာ ပါတယ်။
အိန္ဒိယရဲ့ သြဇာအကြီးဆုံး အမျိုးသားသတင်းစာတွေကလည်း မီးခိုးမြူထူတွေနဲ့ ပတ်သက်ပြီး သောကြာနေ့ထုတ် သတင်းစာ ခေါင်းကြီး ပိုင်းတွေကနေ ဖော်ပြ ခဲ့ကြပါတယ်။
ဒီပါဝလီပွဲတော်အပြီး ၄ ရက်အကြာမှာတောင် မြို့ပေါ် ကောင်းကင်မှာ မီးခိုးမြူထူ တိမ်တိုက်ကြီး ထူထူထဲထဲ ရှိနေလို့ မြင်နိုင်စွမ်းအားလည်း ကျဆင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြင်နိုင်စွမ်းကျလို့ မတော်တဆမှု အတော်များများလည်း မြို့တော်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ နယူးဒေလီမြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့တွေထဲက တမြို့ပါ။ လူဦးရေ ၁၆ သန်း နေထိုင်တဲ့မြို့ထဲမှာ မီးပန်းတွေ ပစ်ဖောက်တဲ့ ပွဲတော်ရာသီနဲ့ ကောက်ပဲသီးနှံ ရိတ်သိမ်းအပြီး ရိုးပြတ်တွေကို မီးရှို့တဲ့ ရာသီတွေမှာ လေထုညစ်ညမ်းမှု ပိုဆိုးရွားလေ့ရှိပါတယ်။
မီးပန်း ပစ်ဖောက်တာကြောင့် အဆိပ်သင့် အန္တရာယ်ရှိ ဓာတုဓာတ်ပေါင်းတွေ ဖြစ်တဲ့ ဆာလဖာဒိုင်အောက်ဆိုင်ဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ မန်ဂနိစ်၊ ကဒ်မီယံတွေ လေထဲမှာ လွင့်ပျံ့ကုန်လို့ အဆုတ်ကို ထိခိုက်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါလက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။
ဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေအတွက် အမျိုးသား သဘာဝပတ်ဝန်းကျင် ခုံရုံး NGT က မြို့အစိုးရဆီက အစီရင်ခံစာကို လက်ခံ ရရှိထားပါတယ်။ မြို့တွင်း လေထု အရည်အသွေး ယိုယွင်းမှုအတွက် သောကြာနေ့နှောင်းပိုင်းက ကြားနာခဲ့ပါတယ်။
ကုန်ကားဟောင်းတွေ မြို့တွင်းကို မဝင်ဖို့နဲ့ ပုဂ္ဂိလကကားတွေကို တရက်ခြား သုံးစွဲဖို့ အစီအစဉ်တွေကို အာဏာပိုင်တွေက ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် လေထု ညစ်ညမ်းမှုကို နည်းနည်းသာ လျှော့ချနိုင်လိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။
( ဒီဗွီဘီ) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
( ::::: www.chanmyaemaung.net ::::: )
ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)
*******************************************************ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!