
နယူးဒေလီ ၊ ၄-၁၁-၂၀၁၆
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သည် နိုဝင်ဘာ ၅ ရက်မှစ၍ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် အိန္ဒိယ ကာကွယ်ရေး
ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု Hindustan Times သတင်းတစ်ရပ် အရ သိရသည်။
လက်ရှိ ဆောင်ရွက်နေသော အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဆမ်ပရီတီ-၂ဝ၁၆ (Sampriti 2016) အမည်ရှိ အဆိုပါပူးတွဲ
စစ်ရေး လေ့ကျင့်ခန်း ကို နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ မြို့တော် ဒါကာအနီးရှိ တန်ဂေးလ် (Tangail) ဒေသတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်
တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါစစ်ရေး လေ့ကျင့်ခန်းတွင် သောင်းကျန်းသူ နှိမ်နင်းရေးနှင့် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဆိုင်ရာ စစ်ဆင်ရေးများပါ ထည့်သွင်းလေ့ကျင့် သွားနိုင်ဖွယ် ရှိကြောင်းနှင့် နှစ်နိုင်ငံစလုံးမှ
စစ်ဘက် တပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတစ်နိုင်ငံ စီ၏ တပ်ဖွဲ့ ဖွဲ့စည်းပုံနှင့် နည်းဗျူဟာပိုင်း ဆိုင်ရာ လေ့ကျင့်ခန်း များအား အကျွမ်းတဝင် ဖြစ်လာစေမည် ဖြစ်ကြောင်း
အဆိုပါ ကြေညာချက် အရ သိရသည်။
ယခုနှစ်တွင် ပြုလုပ်သည့် အဆိုပါစစ်ရေး လေ့ကျင့်ခန်းသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား အရေးပါသည့် နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု များအတွက်
ကြိုးပမ်းမှုတစ်ရပ် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ အလှည့်ကျ လက်ခံ ပြုလုပ်ခဲ့သည့် (၆) ကြိမ်မြောက် စစ်ရေး လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံက အနောက်
ဘန်ဂေါပြည်နယ် ဘင်နာဂူရီမြို့ ၌ ဆမ်ပရီတီ-၂ဝ၁၅ စစ်ရေး လေ့ကျင့်ခန်းကို လက်ခံကျင်းပ ခဲ့ကြောင်းနှင့် ပထမဆုံး စစ်ရေး လေ့ကျင့်ခန်းအား အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ဂျိုဟတ်မြို့၌ ၂ဝ၁ဝ
ပြည့်နှစ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
( www.pyichitthar.com) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
( ::::: www.chanmyaemaung.net ::::: )
ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)
*******************************************************ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************
Post a Comment