
မဲလ်ဘုန်း ၊ ၂၉-၇-၂၀၁၆
သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်မှ ဂျော့ရှာ အမည်ရှိ အမျိုးသား တစ်ဦးသည် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ အပန်းဖြေကျွန်း တစ်ခုလုံးကို ၄၉ ဒေါ်လာဖြင့် ကံစမ်းမဲပေါက်၍ ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အပန်းဖြေကျွန်း သည် မိုက်ခရိုနီးရှား ကျွန်းစုနိုင်ငံရှိ ကော့စ်ရေးကျွန်းစု တွင် တည်ရှိပြီး သြတြေးလျ လူမျိုး ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဒေါက်နှင့်ဆယ်လီ တို့က လွန်ခဲ့သော ဆယ်စုနှစ်ခန့် ကတည်းက တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အခန်း ၁၆ ခန်း ပါဝင်သော The Kosrae Nautilus Resort ဟု အမည်ပေး ထားသည့် အဆိုပါ အပန်းဖြေကျွန်း သည် စိမ်းစိုသော တောအုပ်များ၊ ဂူများ၊ သန္တာကျောက်တန်း များဖြင့် အလွန်လှပသော ကျွန်းတစ်ကျွန်း ဖြစ်သည်။
ဒေါက်နှင့် ဆယ်လီတို့သည် အဘိုးအဘွား ဘဝကိုခံယူ၍ သြစတြေးလျ နိုင်ငံတွင် ပြန်လည် အခြေချနေထိုင်ရန် ဆုံးဖြတ်ပြီးနောက် ၄င်းကျွန်းကို အခြားသူထံသို့ လွှဲပြောင်းရန် စီစဉ်ခဲ့ပြီး ကံစမ်းမဲဖောက်၍ ပေးအပ်ရန် ကြိုးပမ်းခဲ့သည်။
ဒေါက်တို့ ဇနီးမောင်နှံသည် ၄င်းတို့၏ အပန်းဖြေ စခန်းအား ငွေကိုသာ အဓိကထားသည့် စီးပွားရေးသမား ထက် ဂေဟစနစ်ကို လေးစားလိုက်နာမှု ရှိပြီး သဘာဝကို ချစ်မြတ်နိုးသူ ထံသာ လွှဲပြောင်းပေး လိုကြသည်။
ထို့ကြောင့် ၄င်းတို့သည် ကံစမ်းမဲ တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၄၉ ဒေါ်လာဖြင့် ရောင်းချပြီး ကံထူးသူကို ရှာဖွေခဲ့ ကြသည်။ ဂျော့ရှာ သည် ကံစမ်းမဲ လက်မှတ်သုံးစောင် ဝယ်ယူပြီး ယခုကဲ့သို့ ကံထူးခဲ့ခြင်း ဖြစ်သည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net/
My Facebook Wall- (HERE)
====================ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!