June 2, 202511:47:50 PM

ပန်းရောင် Galaxy S7 Edge ဖုန်းကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်



Samsung ဟာ ပန်းရောင်နဲ့ ရွှေရောင်စပ်ထားတဲ့ Samsung Galaxy S7 Edge ဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဒီလထဲမှာ ကိုရီးယားနိုင်ငံမှာ ကြေငြာခဲ့တာဖြစ်ပေမယ့် အမေရိကန်မှာတော့ တရားဝင် မကြေငြာရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ပန်းရောင် Galaxy S7 ဖုန်းဟာ တိုက်ရိုက်ဝယ်ယူလို့ရဦးမှာမဟုတ်ပဲ Amazon ကနေတစ်ဆင့် မှာယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ Dual SIM အမျိုးအစားနဲ့ လာမှာဖြစ်ပြီး အာမခံတော့ ပါဝင်မှာမဟုတ်ဘူးလို့သိရပါတယ်။

ဒါပေမယ့်ဒါဟာ ကန့်သတ်အရေအတွက်နဲ့သာ ရရှိနိုင်မှာဖြစ်ပြီး ဘယ်နှစ်လုံးအထိ ထုတ်လုပ်ရရှိနိုင်တယ်ဆိုတာတော့ ပြောကြားခြင်းမရှိပါဘူး။ ဟန်းဆက်အနေနဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၇၄၉ ကနေစတင်ရရှိနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy S7 ဖုန်းဟာ ဒီမတိုင်ခင်ကလည်း ဗားရှင်းအမျိုးမျိုးနဲ့ထွက်ရှိခဲ့ဖူးပြီး Batman ဒီဇိုင်း In Justice Edition နဲ့ ဘရာဇီးလ်အိုလံပစ်ပွဲကို ရည်စူးထုတ်လုပ်ထားတဲ့ 2016 Olympic Edition တို့ဟာ ထင်ရှားပါတယ်။ ဒီဖုန်းကို မြန်မာနိုင်ငံမှာ ဘယ်အချိန် ဘယ်ဈေးနှုန်းနဲ့ ရရှိနိုင်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။


Ref: Phone Arena


Credit To... (http://digitaltimes.com.mm)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net/

My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.