သူ့နာမည်က ဖိုးဇော်...။ နတ်စင်ကုန်းရွာမှာ
မသိသူမရှိသလောက် နေရာတကာ ပါတဲ့သူ...။
စကားပြောရင် သူမသိတာ မရှိ ၊ အကုန်လုံး
သိတဲ့သူ...။ လောကီကိစ္စနှင့် ပတ်သက်၍ သူ့ကို
သွားမပြောနှင့်...။ လုံးဝ အယုံအကြည် မရှိတဲ့သူ...။
တစ်နေ့ သူငယ်ချင်းတစ်ယောက် လောကီကိစ္စ
အကြောင်းအရာတွေနှင့် ပတ်သက်ပြီး
စကားဝိုင်းဖွဲ့ ပြောဆိုနေကြတုန်း ဖိုးဇော်
ရောက်လာပြီး စကားနာထိုးပါလေတော့သည်..။
"မင်းတို့ ကောင်တွေ မတိုးတက်တာ
အဲဒါတွေကြောင့်ဘဲကွ...ဘာမှ မဟုတ်တဲ့ ယုံတမ်း
စကားတွေ ၊ ကျောက်ခေတ် အယူအဆ
အတွေးအခေါ်တွေ အခုထိ လက်ခံယုံကြည်နေကြလို့
နောက်ကျ ကျန်ခဲ့တာ...သရဲ တစ္ဆေတို့ ၊
စုန်းကဝေတို့ ၊ အောက်လမ်း အထက်လမ်းတို့ ဆိုတာ
က တကယ်ရှိတယ်လို့ ငါလုံးဝ မယုံကြည်ဘူး...
ဒါတွေက လူတစ်ချို့ စိတ်ကူးကောင်းကောင်းနဲ့
ပုံဖော်နေကြလို့ အဟုတ်မှတ်ပြီး ယုံနေကြတယ်..
.အဲဒီထဲမှာ ငါမပါဘူးကွ...ငါတို့က
ပညာရှိတယ်...အတွေးအခေါ်ရှိတယ်...
သူများတွေ ပြောတိုင်း ယုံရမယ့်သူတွေ
မဟုတ်ဘူး..အေး...အတွေး အခေါ်
မရှိတဲ့သူတွေကတော့ သူတို့ပြောတာ ယုံကြပေါ့ကွာ....."
ဖိုးဇော် စကားကြောင့် စကားဝိုင်းရှိ လူတွေ
အတော်များများ ဖိုးဇော်ကို ချဉ်သွားကြလေ
သည်...။ အမြင်ကတ်သွားကြလေသည်...။
လောကီအကြောင်းအရာ ပြောဆိုနေသော ကောင်
လေးကတော့ မျက်နှာ နီရဲသွားလေသည်...။
တစ်ယောက်က
"ဖိုးဇော်...အဲဒီလိုတော့ မပြောနဲ့ကွာ...
ပညာသယ်တွေဆိုတာ ဂျိုနဲ့တပ်ထားတာ မဟုတ်ဘူး
...မင်းမယုံကြည်ပေမယ့် ယုံတဲ့သူတွေကို
မစော်ကားနဲ့ပေါ့...သူ့ယုံကြည်ရာ သူနေပါစေ...ဒီ
ပညာရှင်တွေ တကယ်ရှိနေကြလို့ဘဲ
ဇာတ်လမ်းတွေ ဖြစ်နေကြတာပေါ့..."
ဟု ပြောလေရာ ဖိုးဇော်က
"မဟုတ်ဘူးကွ...မင်းတို့ဘဲ စဉ်းစားကြည့်...
တစ္ဆေ သရဲ တကယ်ရှိတယ်ဆိုရင် ငါဒီလောက်
မူးရူးပြီး ညဘက်လျှောက်သွားနေတာ ဘာလို့
တစ်ကောင်တစ်လေမှ မတွေ့ရတာလဲ...မင်းတို့
ထဲကကော သရဲမြင်ဘူးတဲ့သူ ဘယ်နှစ်ယောက်ပါလဲ...
အမှန်အတိုင်း ဖြေရရင် တစ်ယောက်မှ
သရဲ မမြင်ဘူးဘဲနဲ့ သရဲအကြောင်းပြော
ဆိုနေကြတယ်...သရဲတစ္ဆေကို မမြင်ဘူးကြဘဲနဲ့
သူများအပြောနဲ့ ယုံကြည်နေကြတယ်...သူများအပြောနဲ့
လမ်းဆုံးနေကြတယ်...စုန်းကဝေတို့ ၊
ပညာသယ်တို့ဆိုရင် ပိုပြီး မယုံကြည်ဘူးပဲ...
တကယ်ကို မရှိဘူးလို့
ငါပြောရဲတယ်...တကယ်ရှိ
တယ်ဆိုရင် ရှိတဲ့နေရာ ငါ့ကို ပြောပြစမ်းပါ...
အဲဒီနေရာရောက်အောင်သွားပြီး အဲဒီလိုလူမျိုးဆီ
တပည့်ခံပြီး ပညာပါသင်လိုက်မယ်..."
ဟု အာပေါင်သန်ရင်း ငြင်းလေသည်...။
သို့နှင့် ဖိုးဇော်စကားကို ဘယ်သူမှ ပြန်မပြောနိုင်
ကြဘဲ ဖိုးဇော်ကိုသာ မကျေမနပ်ကြည့်ကြလေ
သည်...။ ဖိုးဇော်နဲ့ စကားဆက်ပြောလျှင်
အငြင်း ပွားစရာဖြစ်ပြီး ရန်ဖြစ်နိုင်သည့်ကိစ္စကို
ရှောင်ကြတာလည်း
ပါ ပါသည်...။ ဖိုးဇော်ကတော့ အောင်နိုင်သူ
ပညာရှိကြီးတစ်ဦးလို မှိတ်မှိတ်ကြီး နေနေလေရာ
အမြင်ကတ်စရာ
ဖြစ်နေသဖြင့်
ပြဿနာမကြီးထွားစေရန် စကားဝိုင်းကို
အမြန်ဆုံး ဖျက်သိမ်းလိုက်ကြလေသည်...။
လူငယ် တစ်ယောက်ကတော့
"အေး...ငါတို့လည်း မင်းနဲ့စကား
ရှည်ရှည်ဝေးဝေး မငြင်းချင်ဘူး ဖိုးဇော်...ငြင်းလည်း အပိုပါ
ဘဲ...ဒါပေမယ့် အခုလို မင်းရဲ့
တဇွတ်ထိုးစိတ်ဓာတ် ၊ ကိုယ်မယုံကြည်တဲ့
အရာကို ပုတ်ခတ်စော်
ကားတတ်တဲ့ စိတ်ဓာတ်တွေက
တစ်နေ့ကျရင် မင်းကို ကောင်းကောင်း
ဒုက္ခပေးလိမ့်မယ်...မင်း
ကို ခင်လို့ သတိပေးတာ...လောကမှာ
ကိုယ့်မျက်စိတစ်ဆုံးသာ ကြည့်တတ်တဲ့လူက အမိုက်မဲ
ဆုံး လူသားပဲကွ...ငါတို့က မင်းလောက်
အသိပညာမရှိဘူး...ဒါပေမယ့် မင်းလိုလည်း မမိုက်မဲ
ဘူး...ဒါဘဲ ပြောချင်တယ်..."
ဟု ပြောလေသည်...။
ဖိုးဇော်ကတော့ 'တယ်လာတဲ့ ကောင်ပါလား '
ဟူသော အကြည့်မျိုးဖြင့် ထိုလူငယ်ကို ကြည့်
နေလေသည်...။ လူငယ်လည်း ဖိုးဇော်ကို
မကျေမနပ်တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားလေ
သည်...။ စကားဝိုင်းလည်း ပျက်သွားလေသည်...။
ဖိုးဇော်ဆိုတာ အဲဒီလို လူမျိုး...။
*****
နွေရာသီ အချိန်ရောက်လေပြီ...။
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလို့...။
လယ်သမားများ စပါးရိတ်သိမ်းပြီး၍
ငွေရွင်နေကြသည့်အချိန်ရောက်နေလေပြီ...။
ဒီနှစ် ရွာသားများအချို့က စုစပ်ပြီး နာမည်ကြီး
ဇာတ်သဘင်တစ်ဖွဲ့ သွားရောက်ငှါးရမ်းလေ
ရာ မကြာမှီမှာပင် ဇာတ်သဘင်အဖွဲ့ရောက်
လာလေသည်...။ နာမည်ကြီး ဇာတ်သဘင်အဖွဲ့ဖြစ်
သည့်အတွက် ပွဲခင်းဈေးသည်များ
အလွန်စည်ကားလှပါသည်...။ ဇာတ်သဘင်ကြီး
အဖွဲ့နှင့်အတူ မျက်လှည့်အဖွဲ့တစ်ဖွဲ့လည်း
လာရောက်ကြပါသည်...။ နတ်စင်ကုန်းရွာသားများသည်
ဇာတ်သဘင်ကို ငတ်မွတ်နေကြသည်မှာ
ကြာပြီဖြစ်သည့်အတွက် ကပြဖျော်ဖြေမည့် ပထမည
မှာပင် လူတွေကြိတ်ကြိတ်တိုး စည်ကားလှပါသည်...။
သို့သော်...ရွာသားအချို့ကတော့
ဇာတ်သဘင်ပွဲထက် မျက်လှည့်ပွဲကို ပို၍ စိတ်ဝင်စားကြ
ပြီး မျက်လှည့်ရုံမှာလည်း လူတွေ
မဆံ့ဖြစ်နေသဖြင့် မျက်လှည့်ဆရာက
ပထမပိုင်း ၊ ဒုတိယပိုင်း
ခွဲ၍ ဖျော်ဖြေပေးရလေသည်...။ ပြကွက်များမှာ
စိတ်ဝင်စားစရာဖြစ်သော ဝါးလုံးတစ်လုံးပေါ်
ခေါင်းပြတ်ကြီးကို သီချင်ဆိုခိုင်းခြင်း ၊
လူတစ်ယောက် ခြေသုံးချောင်း ဖြစ်နေခြင်း ၊ ခေါင်းကို ဓား
ဖြင့် ထိုးစိုက်ခြင်း ၊ လူခန္ဓာကိုယ်ကို
နှစ်ပိုင်းခွဲပြခြင်း ၊ စသည်ဖြင့် ကြောက်လန့်ဖွယ်ရာ ပြကွက်
များ ဖျော်ဖြေတင်ဆက်ပြီးနောက်ဆုံးပြကွက်မှာ
လူတစ်ယောက်၏ ဗိုက်ကိုခွဲပြီး အူကလီစာများ
ထုတ်ပြခြင်းတို့ ဖြစ်လေသည်...။ တစ်ခြား
ထူးဆန်းသော ပြကွက်များလည်း ပါရှိပါသည်...။
သို့သော် ထိုကြောက်လန့်ဖွယ်ရာ ထူးဆန်းသော
ပြကွက်များကိုတော့ မျက်လှည့်ဆရာက
ပြသခြင်း မပြုမှီ ပိတ်အနီစဖြင့် အနည်းငယ်
ကာထားပါသည်...။ ဥပမာ ခေါင်းကို
ဓားဖြင့် ထိုးစိုက်သည့်ပြကွက်ကို မပြသမှီ
ခေါင်းအရှေ့တွင် ပိတ်စအနီဖြင့် အရင်ကာထားပြီး
ထိုးစိုက်ပြီးခါမှ လူအများအား
ပြသပေးလေသည်။ လူကို လွှဖြင့် နှစ်ပိုင်း
ပိုင်းသည့်ပြကွက် ၊ ဗိုက်ကို ခွဲ၍ အူကလီစာ
ထုတ်ပြသည့် ပြကွက်များမှာလည်း
အတူတူပင် ဖြစ်လေသည်...။ မျက်လှည့်ဆရာက
လူအများကြောက်မည်စိုး၍ ထိုသို့ ပိတ်အနီစဖြင့်
ကာရံပေးရကြောင်း ပြောပါသည်...။
နောက်တစ်နေ့တွင် ထိုမျက်လှည့်ပြကွက်နှင့်
ပတ်သက်၍ ဖိုးဇော်တို့အဖွဲ့မှာ အငြင်းအခုံ
ဖြစ်သွားကြလေသည်...။လူငယ်တစ်ယောက်က
"ဖိုးဇော်...မင်းပြောတော့ အောက်လမ်းပညာ
မရှိဘူးဆို...ညတုန်းက မျက်လှည့်ဆရာကြီး
ပြသွားတာ တွေ့လား...ခေါင်းပြတ်ကြီးက
သီချင်းဆိုပြတယ်...လူတစ်ယောက်ရဲ့ဗိုက်ကို ခွဲပြီး
အူကလီစာတွေ ထုတ်ပြတယ်...ဒါတွေက
အောက်လမ်း မဟုတ်ရင် ဘာလဲ...အဲဒါဘဲ...မင်း
တစ်ချိန်လုံး မရှိဘူး မရှိဘူးလို့ ဖင်ပိတ်ငြင်းနေတဲ့
ပညာက မင်းအရှေ့မှာတင် ပြသွားတာ တွေ့
လား..."
ဟု ပြောလေသည်...။
"အဲဒါ အောက်လမ်းမဟုတ်ဘူးကွ...
သက်သက်လူတွေရဲ့အမြင်ကို လှည့်စားနေတာ...လှည့်
စားတတ်တဲ့ ပညာတစ်မျိုးဘဲ...မင်းတို့ ထင်သလို
အောက်လမ်း မဟုတ်ဘူး...မျက်လှည့်ဆရာ
ကြီးက မင်းတို့အမြင်ကို လိမ်လည်လှည့်ဖျားနေတာ
...မင်းတို့က အလိမ်ခံနေရတာ..."
"မင်းအခုထိ ဖင်ပိတ်ငြင်းနေတုန်းဘဲလား
ဖိုးဇော်ရယ်...ဒီလို ပြကွက်မျိုးက အောက်လမ်း
ပညာနဲ့ ကင်းပြီး ပြလို့မရဘူးဆိုတာ မင်းလည်း
ကြားဘူးမှာပါ...ကဲ...ကြာတယ်ကွာ...မျက်လှည့်
ဆရာက သူ့ဇာတ်ရုံနားမှာဘဲ ရှိနေဦးမယ်...
သတ္တိရှိရင် မျက်လှည့်ဆရာဆီ သွားကြမယ်..
.ဖိုးဇော်..ဘယ့်နှယ့်လဲ..."
"ကြာသလားလို့...သွားကြတာပေါ့...ဖိုးဇော်ကို
ဒီလိုစိန်ခေါ်လို့ကတော့ တိမ်ပေါ်အထိ
လိုက်ပစ်မယ်...လူလိမ်တွေရဲ့ အလိမ်ခံရတဲ့
သူတွေထဲမှာ ဖိုးဇော်တို့ မပါဘူးကွ..."
ထိုသို့ ပြောပြီး ဖိုးဇော်နှင့်လူငယ်တစ်စုသည်
မျက်လှည့်ဆရာ ရှိရာသို့ အုပ်စုလိုက် ထွက်
သွားကြလေသည်...။ ဘာတွေ ဖြစ်ဦးမလဲ
မပြောတတ်တော့...။ ဖိုးဇော်ကတော့ သူ့ကိုယ်သူ
ပညာရှိကြီးတစ်ဆူလို နေနေဆဲ...ပြောနေဆဲပင်...။
*****
သူတို့ အုပ်စု မျက်လှည့်ရုံနား အရောက်
မျက်လှည့်ရုံဘေးတွင် အမွှေးတိုင် ဖယောင်းတိုင်
ထွန်းထားသော ကန်တော့ပွဲကို
အရင်တွေ့ကြလေသည်...။ အမွှေးတိုင်အနံ့က
နှာခေါင်းထဲ စူးရှစွာ ဝင်ရောက်လာပါသည်...။
သည်အမွှေးတိုင်အနံ့က ပကတိအမွှေးတိုင်
အနံ့နှင့်မတူသလို
ခံစားရပါသည်...။ မျက်လှည့် ဆရာ၏
တပည့်တွေကတော့ ညတုန်းက
ပွဲပန်းသည့် အရှိန်ကြောင့် မျက်လှည့်စင်ပေါ်တွင်
အိပ်ပျော်နေကြပါသည်...။ မိန်းမကြီး
တစ်ယောက်သာ တစ်ခုခု
ကို ချက်ပြုတ်နေသည်ကို တွေ့မြင်ရပါသည်...။
ဖိုးဇော်တို့ အုပ်စုလည်း မျက်လှည့်ရုံသို့
ရောက်ရှိလာကြပြီး မကြာမှီမှာပင် အသားညိုညို ၊
နှုတ်ခမ်းမွေးကားကားနှင့် မျက်လှည့်
ဆရာကြီးနှင့်တွေ့ဆုံကြလေသည်...။ မျက်လှည့်ဆရာကြီး
က ကုလားထိုင်ပေါ် အသာလေးထိုင်ပြီး
ဆေးတံကြီးခဲနေပါသည်...။ သူတို့အုပ်စု ရောက်လာ
သည်ကို တွေ့ရသဖြင့် ဆရာကြီးက '
လာကြကွယ်...ထိုင်ကြ...မောင်ရင်တို့ ဒီရွာသားတွေဘဲ
လား..."...'ဟု ဖိတ်မန်ရင်း မေးလေသည်...။
တစ်ယောက်က
"ဟုတ်ပါတယ်ဦး...ကျနော်တို့ကဒီရွာသားတွေပါဘဲ..."
"ကိစ္စ အထူးအထွေ ရှိလားကွယ့်..."
"ဟုတ်ကဲ့...ရှိပါတယ်ဦး...ဟောဒီကောင်
ဖိုးဇော်လေ...သူက ဘာမှ မယုံကြည်တဲ့သူ ဆိုပါ
တော့...ပရလောက ၊ နာနာဘာဝလည်း
မယုံဘူး...လောကီပညာရှိတယ်ဆိုတာလည်း မယုံဘူး
.. ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျနော်တို့နဲ့
အမြဲငြင်းနေကြ...ညတုန်းက ဦးမျက်လှည့်ပြတာ သူ
မယုံဘူးလေ...ဦးလိမ်တယ်ဆိုပြီး ငြင်းပြန်ရော...
အဲဒါနဲ့ပတ်သက်ပြီး အတိအကျ သိဖို့အတွက်
ဦးဆီ လာကြတာပါ..."
ဟုပြောလေသည်...။ မျက်လှည့်ဆရာကြီးက
လူငယ်စကားကြောင့် ဖိုးဇော်ကို တစ်ချက်
ကြည့်ပြီး ဆေးတံကို ဖွာလိုက်လေသည်...။
ဘာပြောရမှန်း စဉ်းစားပုံရသည်...။ပြီးမှ
"မြင်ရတဲ့လောကထက် မမြင်ရတဲ့ လောကက
ဆန်းကြယ်တယ်ကွဲ့...ပကတိမျက်စိနဲ့မမြင်
ရလို့ မရှိဘူးလို့ပြောလို့မရဘူး..."ဟု တည်ငြိမ်စွာ
ပြောလေသည်...။ ဆက်လက်ပြီး ဆရာကြီးက
"လိမ်လည်တာနဲ့ လှည့်စားတာ မတူပြန်ဘူးကွယ့်...
လိမ်လည်ခြင်းကိစ္စဆိုတာက တစ်ဖက်သား
အကြီးအကျယ် ထိခိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်
ကျအောင် ပြုလုပ် ပြောဆိုခြင်းဘဲ...အပြစ်
ကြီးတယ်...အများပြောစရာ ကဲ့ရဲ့စရာဖြစ်တယ်...
လှည့်စားတာကျတော့ အဲဒီလို မဟုတ်ဘူး... အခု
ဦးတို့မျက်လှည့်ပညာရှင်တွေ ဆိုကြပါစို့
ကိုယ်တတ်တဲ့ပညာနဲ့ လူတွေပြသတယ်...
လူတွေက ထိုက်တန်တဲ့ကြေးငွေပေးပြီး
ကြည့်ကြတယ်...အပေးအယူရှိတယ်...သူတစ်ပါး
မျက်ရည်ကျအောင်လုပ်တာ မဟုတ်ဘူး..
.လောကလူသားတွေ လက်ခံကြတဲ့အရာဖြစ်တယ်...
ယောက်ျားအတတ် ဆယ့်ရှစ်ရပ်ထဲမှာ မျက်လှည့်
ပညာဆိုတာ တစ်ရပ်အပါအဝင်ဘဲ...ဒါကို လိမ်
တယ်လို့ ဦးမယူဆဘူးကွယ့်..."
ဟု ပြောလေသည်...။
ထိုအခါ ဖိုးဇော်က "လိမ်တာက လိမ်တာ
ပါဘဲဗျာ..."ဟု ပြောလေရာ မျက်လှည့်ဆရာကြီး
မျက်နှာကွက်ခနဲ ပျက်သွားလေသည်...။ ဆရာကြီးက
"မောင်ရင်က ဒီပညာရပ်တွေအပေါ်
အတော် မယုံကြည်ဘူး ဖြစ်ပုံရတယ်..."
ဟု ပြောလေရာ ဖိုးဇော်က
"ဟုတ်တယ်...ကျုပ် လုံးဝကို မယုံတာပါ...ဦး
လူတွေကို ဘယ်လိုလှည့်စားသလဲ ဆိုတာကို
မသိတာဘဲ ရှိမယ်...အကယ်၍ ဦးမှာ
အဲဒီပညာတွေ တကယ်တတ်ရင် ကျနော်ယုံကြည်အောင်
ပြသပေးစမ်းပါ...ကျနော်က လက်တွေ့မြင်ရမှ ယုံတဲ့သူ..."
ဟု ပြောလေသည်...။ မျက်လှည့်ဆရာကြီးသည်
ဖိုးဇော်ကို ဘာမှ ပြန်မပြောသေးဘဲ ဆေး
တံပြာကို တစ်ဒေါက်ဒေါက်နှင့် အရင်ခေါက်ချ
လိုက်လေသည်...။ ဖိုးဇော်ရဲ့စကားကြောင့် မျက်
လှည့်ဆရာကြီး မည်သို့တုန့်ပြန်မလဲ ဟု
တွေးရင်း လူငယ်အုပ်စုသည် မျက်လှည့်ဆရာကြီး
အခြေအနေကို အကဲခတ်ကြည့်ကြလေသည်...။
ဆရာကြီးက
ဆေးတံပြာ ခေါက်ချပြီးသည်နှင့်
"ကဲ...မောင်ရင့်အနေနဲ့ လက်တွေ့မြင်ရမှ
ယုံမယ့်သူဆိုတော့ ဦးလည်း လက်တွေ့ပြရတာ
ပေါ့...ဒါပေမယ့် နောင်တမရ ရဘူးနော်...
မငိုရဘူး...နောက်မှ မှားပါတယ်ဆိုပြီး ငိုပြီး မတောင်း
ပန်မိစေနဲ့..."
ဟု ပြောလေသည်...။
ဆရာကြီးစကားကြောင့် ဆရာကြီးမည်သို့
ပညာပြမည်နည်း ဆိုသည်ကို စိတ်ဝင်စားစွာ
ကြည့်နေမိကြလေသည်...။ဖိုးဇော်ကတော့ "
ကျနော်က ယောက်ျားတစ်ယော်ပါ...တော်ရုံနဲ့ ငိုတတ်
တဲ့ လူစားမဟုတ်ပါဘူး..."ဟု ခပ်ကြွားကြွား
ပြောလိုက်ပါသေးသည်...။ မျက်လှည့်ဆရာကြီးက
"အေးပါကွာ..."ဟုသာ ပြန်ပြောလိုက်လေသည်...။
။ ဆရာကြီးက ထိုသို့ပြောပြီး ဖိုးဇော်ဘက်
လှည့်၍ တစ်ချက်စိုက်ပြီး လေဟာနယ်ထဲသို့
လက်ဝါးကာလိုက်ပြီး လက်ထဲမှ တစ်စုံတစ်ခုကို
ပုတ်ထုတ်လိုက်လေသည်...။ ပြီးလျှင် ဆရာကြီးက
"ကဲ...မောင်ရင့်ကို ပညာရပ်တစ်ခု
ပြလိုက်ပြီ...မောင်ရင် ဘာဖြစ်သွားသလဲ ကိုယ့်ကိုယ်
ကိုယ် သိလား..."
ဟု မေးလေသည်...။ ဆရာကြီးစကားကြောင့်
ဖိုးဇော်လည်း သူ့ကိုယ်သူ ပြန်လည်စစ်ဆေး
ကြည့်ရာ ဘာမှထူးခြားတာ မတွေ့ရချေ...။
လူငယ်အုပ်စုလည်း ဖိုးဇော် ဘာဖြစ်သလဲ ဟု
ဝိုင်းဝန်း ကြည့်ကြလေရာ ဘာမှ
ထူးထူးခြားခြား မတွေ့မမြင်ကြပါ...။ဖိုးဇော်က
"ကျနော် ဘာမှ မဖြစ်ဘူးခင်ဗျ..."ဟု
ပြောလေရာ ဆရာကြီးက
"ဖြစ်ပါတယ်...ကိုယ့်ကိုယ်ကိုယ် ခြေဆုံး
ခေါင်းဆုံးပြန်ကြည့်လေ...ဟား...ဟား...ဟား...
တစ်ခုခု သိမှာပါ..."ဟု ပြောရင်း တစ်ခုခုကို
သဘောကျသလိုလိုဖြင့် ဆေးတံသောက်ရင်း ရယ်
မောလေသည်...။ ဖိုးဇော်လည်း ခြေဆုံး
ခေါင်းဆုံးကိုယ့်ကိုယ်ကိုယ် စမ်းသပ်ကြည့်ပေမယ့် ဘာ
ထူးခြားချက်မှ မတွေ့မိချေ...။ နောက်ဆုံး
ပေါင်ကြား ဂွတစ်နေရာသာ ကျန်ရှိနေတော့မှန်း သတိ
ထားမိလေသည်...။ ထိုနေရာကို
စမ်းကြည့်လေရာ ဘုရား...ဘုရား...ငါ့ဟာ မရှိတော့ပါလား...
ဘယ်ရောက်သွားပြီလဲ...ဟု တွေးပူမိလေသည်...။
တစ်ခါတည်း ဖိုးဇော်မျက်နှာ ရှုံ့မဲ့သွားလေ
သည်...။ ဆရာကြီးက
"ဟား...ဟား...ဟား...သိပြီလား..
.ကောင်လေး...မင်းဟာ ကြွက်စားသွားပြီနဲ့တူတယ်..."
ဟု ပြောရင်း သဘောကျစွာ ရယ်မောလေသည်...။
သို့နှင့် ဖိုးဇော်လည်း စိုးရိမ်ထိန့်လန့်စွာဖြင့်
အပေါ့သွားသလို ရုံထောင့်တစ်နေရာတွင် သွား
ရောက်ပြီး ပုဆိုးမ၍ သူအောက်ကဟာ
ငုံ့ကြည့်လေရာ ဘာမှမရှိတော့သည်ကို တွေ့မြင်ရသဖြင့်
အကြီးအကျယ် အံ့သြတုန်လှုပ်သွားလေသည်...။
ငါ့ဟာ...မရှိတော့ဘူး...ငါ့ဟာ မရှိတော့ဘူး...
ဟု တွေးရင်း ဘာလုပ်ရမှန်း မသိတော့ဘဲ
မျက်လှည့်ဆရာကြီးရှေ့သို့ မျက်နှာ ညိုးငယ်စွာဖြင့်
ပြန်ရောက်လာလေသည်...။ ဆရာကြီးက
သူ့ကို ကြည့်၍
"ဘယ့်နှယ့် ကောင်လေး...မင်း ဒီအတိုင်း
နေသွားရင် မကောင်းဘူးလား...ဒီအတိုင်းသာ
နေလိုက်ပါတော့ကွာ...အရှင်းဆုံးဘဲ...
ဟား...ဟား...ဟား.."ဟု ပြောရင်း
ရယ်မောလေသည်...။ မဖြစ်...။
မျက်လှည့်ဆရာကြီးကို ကြည့်ရသည်မှာ
သွေးအေးအေးဖြင့် ပညာပေးတတ်ပုံ
ရပါသည်...။ တကယ်ပါဘဲ...။ လူတစ်ယောက်ရဲ့
မွေးရာပါ ငယ်ပါကို အဲဒီလူ မသိလိုက်ချိန်မှာ
ဘဲ ပျောက်အောင် ဘယ်လိုများ လုပ်လိုက်တယ်
မသိပါ...။ ဒါကတော့ မရှိမဖြစ် ကိုယ်ပိုင်ပစ္စည်း
လေ...။ သူ့အနေနဲ့ သည်ပစ္စည်း ပြန်ရအောင်
ဘယ်လိုပြန်ယူရမှာလဲ...။ ဘာပညာမှလည်း
တတ်ထားသည် မဟုတ်...။ သူ့အနေနဲ့
မျက်လှည့်ဆရာကြီးကို တောင်းပန်ရသည်ကလွဲလို့
ဘာများ တတ်နိုင်မည်နည်း...။ ဖိုးဇော်တွေးရင်း
ဝမ်းနည်းသလိုလို ဖြစ်လာပါသည်...။
ဖိုးဇော်က "မလုပ်ပါနဲ့ဗျာ...ကျနော်တောင်းပန်ပါတယ်..
.ကျနော် ဟာလေး ပြန်ပေးပါဗျာ.."
ဟု ပြောလေရာ ဆရာကြီးက
"ဟ...မင်းဟာ ငါယူပါ့မလားကွ...မင်းပစ္စည်း
ငါယူရင် မင်းတွေ့မြင်ရမှာပေါ့...မင်းက
လက်တွေ့သမားလေ...လက်တွေ့မှ
ယုံတတ်တယ် မဟုတ်လား...မြန်မြန်ရှာကွ
...မဟုတ်ရင် မင်းဟာ
ကြွက်စားလိမ့်မယ်..."ဟုပြောရင်း
သဘောကျစွာ ရယ်မောလေသည်...။
သူငယ်ချင်း လူငယ်အုပ်စုတွေက ဖိုးဇော်
နားကပ်၍ "မင်း ပစ္စည်း မရှိတော့တာ
အမှန်ပဲလား..."မေးကြလေရာ ဖိုးဇော်က
မျက်နှာနီရဲပြီး "အေး...ဟုတ်တယ်...
ဟုတ်တယ်..."ဟုစိတ်
ဆိုးမာန်ဆိုးနှင့် ဖြေလေသည်...။ ဖိုးဇော်
ဘာလုပ်ရမှန်း မသိတော့ဘဲ ဝမ်းနည်းပြီး ငိုကြွေးတော့
မတတ် ဖြစ်သွားလေသည်...။ မျက်လှည့်
ဆရာကြီးကတော့ ဆေးတံကိုသာ မှိန်း၍ ဖွာရှိုက်လေ
သည်...။
"ဆရာကြီးရယ်...ကျနော့်ဟာလေး
ပြန်ပေးပါဗျာ...ကျနော် လူ့အဖြစ်မရှုံးပါရစေနဲ့...ဒါလေး
က မရှိမဖြစ်လေးပါဗျာ..."
"ဟာ...ကောင်လေး...မင်းကို ငါ ဘာမှ
မလုပ်ဘူးလေကွာ...မင်းမြင်တဲ့အတိုင်းဘဲ...ဦးက
မင်းတို့လာတဲ့အချိန်က စပြီး အခုထိ
ကုလားပေါ်ကနေ နေရာတောင်မရွေ့ရသေးဘူး...မင်းက
ပကတိ မျက်စိနဲ့မြင်တွေ့ရမှ ယုံတဲ့လူ
မဟုတ်ဘူးလား...ဦး မင်းရဲ့အသားကို နည်းနည်းမှ မထိမိ
ပါလားကွယ်...ဒါကို မင်းလည်း တွေ့မြင်ရတာဘဲလေ..."
"ဦးရယ်...ကျနော်တောင်းပန်ပါတယ်ဗျာ...
ကျနော်မှားပါတယ်...ဦးတို့ပညာကို ကျနော်ယုံ
ပါပြီ...ကျနော်ရဲ့ မွေးရာပါလေး ပြန်ပေးပါဗျာ...ကျနော်....ကျနော်...."
ထိုသို့ပြောပြီး ဖိုးဇော်တစ်ယောက် မျက်လှည့်
ဆရာကြီးရှေ့ ဒူးထောက်၍ ငိုကြွေးတောင်း
ပန်လိုက်လေသည်...။ မျက်လှည့်ဆရာကြီးက
"ဟာ...ကောင်လေးရယ်...ယောက်ျားဖြစ်ပြီး
ဘာလို့ငိုရတာလဲ...ယောက်ျားသားဆိုတာ
မျက်ရည်မကျကောင်းဘူးလေကွာ...မင်းက
လက်တွေ့မှ ယုံတတ်တဲ့သူဆို...မင်းပစ္စည်း မင်း
ကိုယ်ပေါ်မှာ ရှိနေတာဘဲကွာ...ဦး ယူရင်
မင်းတွေ့ရမှာပေါ့...မဟုတ်ဘူးလား...မင်းက လက်
တွေ့သမားဘဲ..." ဟု ဖိုးဇော်စကားကိုပင်
ထပ်ခါတလဲလဲ ပြောလေရာ ဖိုးဇော်လည်း
ဘာပြန်ပြောရမှန်း မသိဘဲ ဝမ်းနည်းစွာပင်
ငိုကြွေးရတော့သည်...။ မျက်လှည့်ဆရာကြီး
ကိုလည်း ခြေသလုံးဖက်မတတ် တောင်းပန်ရတော့သည်...။
"ဦးရယ်...ကျနော် တောင်းပန်ပါတယ်ဗျာ...
ဦး ခြေသလုံးကို ဖက်ပြီး တောင်းပန်ပါတယ်...
ကျနော့် ပစ္စည်း ပြန်ပေးပါဗျာ...ဒါက
မရှိမဖြစ်မို့လို့ပါဗျာ..."
"ဦး မင်းကို မလိမ်ပါဘူးကွယ်...ဦးတို့က
မျက်လှည့်ဆရာတွေပါ...ကိုယ်တတ်ထားတဲ့
အတတ်ပညာနဲ့ အေးအေးဆေးဆေး
ရှာစားနေတဲ့သူတွေပါကွယ်..."
"ကျနော် အနူးအညွတ်တောင်းပန်ပါတယ်
ဦးရယ်...ဦးတို့ပညာရပ်တွေ တကယ်ရှိမှန်း
ယုံကြည်ပါပြီ...အမိုက်မဲလေးကို
ခွင့်လွတ်ပါဦးရယ်...နောက်နောင် မဖြစ်စေရပါဘူးဗျာ..."
ဟု ဖိုးဇော်တစ်ယောက် မျက်လှည့်ဆရာကြီး
ခြေသလုံးကို ဖက်၍ အတင်းတောင်းပန်လေ
တော့သည်...။ ဒီလိုမှ မတောင်းပန်ရင်
သူ့ ပစ္စည်း ပြန်မရနိုင်မှန်း သူကောင်းကောင်း သဘော
ပေါက်ပါသည်...။ မျက်လှည့်ဆရာကြီးက
အတော် သွေးအေးပုံရပါသည်...။ ဖိုးဇော်သူငယ်ချင်း
များပင် ဖိုးဇော်အဖြစ်ကို ကြည့်၍
သနားမိသလိုလို ဖြစ်သွားကြလေသည်...။
ထိုအခါမှ မျက်လှည့်ဆရာကြီးက
မျက်နှာတည်သွားပြီး "အဲဒါတွေပဲကွ...ကိုယ့်မျက်စိ
တစ်ဆုံးသာ ကြည့်တတ်တဲ့သူတွေဆိုတာ
နောက်ဆုံး မျက်ရည်ပေါက်ကြီးငယ်ကျမှ နောင်တ
ရတတ်ကြတယ်...မြင်နိုင်တဲ့လောကထက်
မမြင်နိုင်တဲ့လောကက ပိုပြီး ကျယ်ပြန့်တယ်..
.မြင်ရတဲ့အတတ်ပညာထက် မမြင်ရတဲ့
အတတ်ပညာက ပိုပြီးနက်ရှိုင်းတယ်...
အဲဒါကို မင်းအနေနဲ့
ကောင်းကောင်း သဘောပေါက်ထား
ကောင်လေး...နောက်နောင် ဘယ်ပညာရှင်ကိုမှ မစော်
ကားမိစေနဲ့...ဦးတို့ နယ်လှည့်မျက်လှည့်ပြတဲ့
ဆရာတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ၊
ကာကွယ်မှု ပညာတွေမရှိဘဲနဲ့ နယ်မလှည့်
ဘူးကွယ့်...သွား...ဟို အနောက်ဖေးမှာ မင်းပစ္စည်း
ရှိတယ်...သွားယူပြီး အသေအချာပြန်တပ်တော့..." ဟု ပြောလေသည်...။
ဖိုးဇော်လည်း မျက်လှည့်ဆရာရှေ့မှ
ထွက်လာပြီး အနောက်ဖေး ရုံတောင့်တစ်နေရာ
သေတ္တာခုံပေါ်တွင် တင်ထားသော
မိမိပစ္စည်းကို ပြန်တွေ့ရလေသည်...။ သို့သော်...မိမိပစ္စည်း
ကို ကြွက်တစ်ကောင်က ကိုက်ချီရန်လာနေ
သည်ကို တွေ့မြင်ရလေသည်...။ ကြွက်က ဧရာမ
ကြွက်မည်းကြီး...။ ဟိုက်...။ မဖြစ်ဘူး...။
ကြွက်ချီသွားလို့ မဖြစ်ဘူး...။ ငါ့ဟာလေး...။
သို့နှင့် အမြန်ပြေးသွားပေမယ့် ကြွက်မည်းကြီးက
အရင်ဦးပြီး သေတ္တာခုံပေါ် တင်ထားသော
သူ့ပစ္စည်းကို ကိုက်ချီသွားလေသည်...။ လုပ်ပါဦး...။
ကြွက်ကြီးက ငါ့ဟာလေး ချီသွားပြီ...။
မဖြစ်...ဖိုးဇော် အထိန့်အလန့်ဖြင့် ကြွက်ကြီးနောက်သို့
အမြန်ပြေးလိုက်ရလေသည်...။ ကြွက်
ကြီးလည်း သူ့ဟာကို ကိုက်ချီပြီး ဇာတ်သဘင်ရုံ
ဘက်ပြေးသွားလေရာ ဖိုးဇော်လည်း
ဇာတ်သဘင်ရုံဘက် ပြေးလိုက်ရတော့သည်...။
ဖိုးဇော် ကြွက်မည်းကြီးနောက်လိုက်နေသည်ကို
ကြည့်ရင်း အတော်များများက ဘာလုပ်ရမှန်း
မသိဘဲ ဖြစ်နေရတော့သည်...။
ပြေးကူညီရမလား
...ဒါလဲ မဖြစ်...။ ဖိုးဇော်ပစ္စည်းကို
ကြွက်မည်းကြီး ချီသွားသည်ကို အားလုံးတွေ့မြင်ရသည်
မဟုတ်လား...။ ဇာတ်ရုံနှင့် မျက်လှည့်ရုံက
သိပ်မဝေးလှချေ...။
ကြွက်မည်းကြီးသည် ဖိုးဇော်ပစ္စည်းကို
ကိုက်ချီရင်း ဇာတ်ရုံဘက်ပြေးသွားလေရာ မထင်
မှတ်ဘဲ ဇာတ်သမများ ရှိရာဘက်သို့
ရောက်သွားလေသည်...။ ထိုအချိန်တွင် ဇာတ်သမများ
အနားယူစကားပြောနေကြသည့်အချိန်ဖြစ်သည့်
အတွက် ကြွက်မည်းကြီး ချီလာသော ဖိုးဇော်
ပစ္စည်းကို တွေ့မြင်ရပြီး အမလေးဟု
အော်ဟစ်ဆူညံသွားကြလေသည်...။ ကြွက်မည်းကြီးက
ဖိုးဇော်ပစ္စည်းကို ဇာတ်သမများ အနီးသို့်
ပစ်ထားပြီး တစ်နေရာသို့ ထွက်ပြေးသွားလေသည်...။
ဇာတ်သမများကလည်း ထိုဟာကြီးကို
ကြည့်၍ ဘာလုပ်ရမှန်း မသိတော့...။
သို့သော်...မကြာမှီမှာပင် ဖိုးဇော်
အမောတကော ရောက်လာပြီး ကြွက်မည်းကြီး ကိုက်ချီ
ပစ်ချထားသော သူ့ဟာကို အမြန်ကောက်၍
ဇာတ်သမများ ရှေ့မှာပင် သတိမထားမိတော့ဘဲ
ပုဆိုးလှန်၍ ပြန်တပ်လိုက်လေရာ
ဇာတ်သမအုပ်စုလည်း အမလေး ဟု အော်သံတွေ ဆူညံကာ
ဖရိုဖရဲ ထွက်ပြေးသွားကြတော့လေသည်...။
ဖိုးဇော်လည်း သူ့ကိစ္စ ပြီးတော့မှ ဇာတ်ရုံကြီးကနေ
အိမ်သို့ အမြန်ထွက်ပြေးရလေတော့သည်...။
သည်တော့မှ ဖိုးဇော်သူငယ်ချင်းများကလည်း
မျက်လှည့်ဆရာကြီးကို နှုတ်ဆက်
ကာ ဖိုးဇော်နောက်သို့ လိုက်သွားကြလေသည်...။
ထိုအချိန်မှ စ၍ ဖိုးဇော်တစ်ယောက် အရင်လို
မဟုတ်တော့ဘဲ စကားအလွန်နည်းသော
သူတစ်ယောက်ဖြစ်သွားလေတော့သည်...။
နောက်နောင် ဘယ်တော့မှ ပညာရပ်ဆိုင်ရာများ၊
ပညာရှင်များ ၊ မိမိ မမြင်ရသည့်ကိစ္စများကို
ဖင်ပိတ်ငြင်းခြင်း မလုပ်ရဲတော့ချေ...။မိမိကို
လက်တွေ့ ပညာသားပါပါ ဆိုဆုံးမပေးသော
မျက်လှည့်ဆရာကြီးကိုကျေးဇူး
အထူးတင်မိလေသည်...။တော်ပါသေးသည်...။
သည်ဟာလေး ပြန်ရလို့...။ ကြွက်ကြီးကိုလည်း
ကြံကြံဖန်ဖန် ကျေး
ဇူး တင်မိလေသည်...။ ကြွက်များ
ကိုက်စားလို့ကတော့...ဟင်း....။
( ပြီး )
Credit - မင်းကံစည်ဝင်း
Post a Comment