**လူသားစားတဲ့သုဘရာဇာ**
ပထမပိုင်း
......သူ့နာမည်က ပေါရိသာရမှတ်ကြီး...
....ကျုပ်တို့ရွာနဲ့တဘူတာပဲခြားတဲ့ ဒိုက်ပျက်ဆိုတဲ့
ရွာကပေါ့.....အသက်ကတော့ ၆၀စွန်းပါပြီ....
....လုပ်တဲ့အလုပ်က သုဘရာဇာ...
...သုဘရာဇာဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့ ..
ဒိုက်ပျက်ရွာထဲက ရွာမျက်နှာဖုံးသဌေးများစာရင်းမှာ
မှတ်ကြီးပါသည်.....ရွာအလယ်တွင်
ကရင်ခြေတံရှည်အိမ်ကြီးဖြင့် တင့်တင့်တယ်တယ်
တကိုယ်တည်းနေထိုင်သူဖြစ်သည်......ခုအရွယ်အထိ
အိမ်ထောင်ထပ်မပြုပဲ ကိုယ်နှစ်သက်ရာကို
လွတ်လပ်စွာ လုပ်ကိုင်ရင်း ဘဝကိုဖြတ်သန်းခဲ့လေသည်......
.....မှတ်ကြီးတယောက် ဘာ့ကြောင့် မိသားစုဘဝကို
ကျောခိုင်းထားနိုင်သလဲဆိုတဲ့ အကြောင်းပြချက်ကတော့
အံသြစရာပါ......
....ဟုပ်ကဲ့....
...ကျွန်တော့ အဖိုးပြောပြတဲ့ မှတ်ကြီးရဲ့ နုစဉ်အချိန်က
အကြောင်းလေးတွေကို နဲနဲလောက် စားမြုံ့ပြန်ပါရစေ
..ဒါမှလဲ နဲနဲဇာတ်ရည်လည်ကြမယ်မို့လား...
....ကျုပ်အဖိုးပြောပြတာကတော့...မှတ်ကြီးဆိုတာ
တချိန်က ကရင်လူမျိုးရေးခေါင်းဆောင်တဦး..တဲ့..
...၁၉၄၅ခုနစ်ပတ်ဝန်းကျင်လောက်က ဧရာဝတီတိုင်း
မြစ်ဝကျွန်းပေါ်ဒေသမှာဖြစ်ပွားခဲ့တဲ့ ကရင် ဗမာ
လူမျိုးရေးပဋိပက္ခ အထိကရုဏ်းကြီးမှာ မှတ်ကြီးဟာ
ကရင်ခေါင်းဆောင်တဦးအဖြစ် လှုပ်ရှားခဲ့ပါတယ်...
...အစပိုင်းတော့ မှတ်ကြီးဟာ သာမန်ရွာသားတဦးပါ....
...တနေ့...
..ဇရက်လှမှပြန်လာသော သူ့မိန်းမနဲ့ခလေးကို
ဗမာလူမျိုးရေးအဖွဲ့ကဖမ်းစီး သက်ဖြတ်ခဲ့ရာမှ....
ဗမာတွေကို ရန်ငြိုးထားပြီး အထိကရုန်းကြီးတွင်
ပါဝင်လာခဲ့ခြင်းဖြစ်သည်....
...အင်္ဂလိပ်အပြေး ဂျပန်အဝင်ကာလဖြစ်သဖြင့်
ဟင်းအထိကရုဏ်းကြီးကို တာဝန်ယူဖြေရှင်းဘို့အစိုးရ
တခု လစ်လပ်နေချိန်ပေါ့.....ကရင်ဦးရင်ဗမာအသက်ခံရသလို
ဗမာဦးရင်ကရင်အသက်ခံရတယ်လေ.....
...မှတ်ကြီးတို့အဖွဲ့ဟာ ရိက္ခာအဖြစ် တိုက်ပွဲမှာသေဆုံးတဲ့
အလောင်းတွေဆီက အသဲ နှလုံး ပေါင်သား စသည့်
ကလီစာများကို ဖြတ်ယူစားသောက်မိရာမှ
လူ့အသား၏အရသာကို မစွန့်လွှတ်နိုင်ဖြစ်ခဲ့ရသည်.......
...၁၉၄၆ခုနှစ်မှာတော့ ဂျပန်တပ်မတော်၏
နှိမ်နှင်းမှုကြောင့် ကရင် ဗမာ လူမျိုးရေးအဖွဲ့များဟာ
တပ်ပျက်ပြီး ပြိုကွဲသွားရသလို ကရင်ဗမာ
အထိကရုဏ်းကြီးလဲ အဆုံးသပ်သွားသည်.....
ဒီတော့ မှတ်ကြီးလဲ အထိကရုဏ်းအတွင်း
တိုက်ခိုက်စုဆောင်းထားသော ရွှေတိုငွေစလေးတွေကို
ထုခွဲပြီး ဇာတိမြေ ဒိုက်ပျက်ရွာတွင် အိမ်ကြီး
တလုံးဆောက်ပြီး တဦးထဲနေထိုင်ခဲ့သည်.....
မိဘရဲ့ လက်ငုတ်လက်
ရင်းခြံလေးကို တနိုင်တပိုင်လုပ်ရင်း
စီးပွားဖြစ်ကာ ရွာ့မျက်နှာဖုံးစရင်းထဲဝင်ခဲ့သည်......
....အင်း....ဒီအထိတော့ မဆိုးသေး...
.....ဆိုးတာကို ကျွန်တော်အခုပြောပြမယ်နော်...
...မှတ်ကြီးဟာ လူမျိုးရေးအဖွဲ့ထဲမှာလှုပ်ရှားစဉ်က
ရိက္ခာ အခက်အခဲကြောင့် စားသုံးခဲ့ဖူးတဲ့
လူသား ကို မစားရရင်မနေနိုင်ဖြစ်နေပါတယ်.
...ဒါ့ကြောင့်...
...အလုပ်အားရက်ဆိုရင် နီးစပ်ရာရွာတွေရဲ့
သင်္ချိုင်းတွေကိုလိုက်လျှောက်သွားပြီး...မီးသင်္ဂြုလ်ပြီးလို့
ကျန်တဲ့ လူ့အရိုး...မီးကျက်နေတဲ့ လူသား
အပိုင်းအစတွေကို ရှာဖွေစုဆောင်းပြီး သူ့အိမ်မှာပြန်လည်
ချက်ပြုတ်စားသောက်တတ်ပါတယ်.....
...ခါတ်ကာလမကောင်းသောအချိန်ဖြစ်သဖြင့်
လူ့အလောင်းတလောင်းကို မီးသဂြိုလ်တဲ့အခါ
ပြာကျတဲ့အထိ ထိုင်မစောင့်အားကြပေ....အလောင်းတခုလုံးမီးစွဲပြီလား...
အခေါင်းပြာကျသွားပြီလားဆိုတာနဲ့...
မီးတင်တဲ့အဖွဲ့အားလုံးရွာထဲကိုပြန်ကုန်ကြသည်....
...ဒီအချက်ဟာ မှတ်ကြီးအတွက် မဟာအခွင့်အရေးကြီးတွေပေါ့.....
....အလောင်းကိုမီးတင်နေချန်မှာ မှတ်ကြီးက
ခက်လှန်းလှန်းမှ စောင့်ကြည့်နေသည်.....
....မီးတင်တဲ့အဖွဲ့ရွာထဲပြန်သွားလို့ ရွာတံခါးပိတ်ပြီဆိုတာနဲ့....
မှတ်ကြီးဟာ မီးပုံဆီသွားပြီး အလောင်းကို
သံချိတ်ပစ်ပြီး ဆွဲထုတ်တယ်....ပြီတော့ အသင့်ပါလာတဲ့ဓားနဲ့
အဆုတ် အသဲ နှလုံး ပေါင်သား တွေကို
ခုတ်ထစ် ပြီး ဂုန်နီအိတ် ထဲစုထည့်တယ်....
..ကြွင်းကျန်နေတဲ့ အလောင်းကိုတော့ မီးပုံထဲ ပစ်ထည့်ပြီး
မီးပြန်တင်တယ်......ဂုံနီအိတ်ထဲက
လူသားပမာဏကတော့ သူ့အတွက်
တပါတ်စာ( သို့ )၁၀ရက်စာ ဖူလုံခဲ့ပြီလေ.....
....ခုတော့ နိုင်ငံဟာ တည်ညိမ်အေးချမ်းသွားပြီဖြစ်လို့
...အရင်လို လူ့အသားကိုရဘို့ဆိုတာ
မှတ်ကြီးအဖို့မလွယ်ကူတော့ချေ......
...အလောင်းကိုမီးတင်သည့်အဖွဲ့ကလဲ အရက်ဝိုင်းလေးဖွဲ့
စကားတပြောပြောဖြင့် အလောင်းကိုပြာကျတဲ့အထိ
မီးတို့နေချေတော့ မှတ်ကြီး စားပေါက်ပိတ်လေပြီ.....
....သို့သော် မှတ်ကြီးကလဲဇွဲမလျှော့ပါ....
...ပြာပုံထဲမှာ မီးခဲနဲ့ရောနေတဲ့ အရိုးအပိုင်းအစလေးတွေကို
ရှာဖွေစုဆောင်းပြီး ခါးပိုက်ထောင်ထဲထည့် ပြီးရင်
သွားရင်းလာရင်း တဂျွတ်ဂျွတ်နှိုက်စားတော့တာပဲ......
......ညချမ်းအချိန်အခါများဆိုရင် ရွာထဲကခွေးတသိုက်ဟာ
မှတ်ကြီးအိမ်ရှေ့သို့ စုရုန်းရောက်ရှိလာပြီ သဲသဲမဲမဲ
အူးလိုက်ကြ ဟောင်လိုက်ကြနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့ဗျာ....
.ရွာခံလူတွေကလဲ ရိုးနေပြီဖြစ်လို့ ဆိုးသည်ကောင်းသည်
မဝေဖန်တော့ချေ....
မှတ်ကြီးတယောက် ယခုလို လူသား လူရိုးများကို
တိတ်တဆိပ်ခိုးပြီးချက်စားနေမှန်းကို သိတဲ့သူတယောက်တော့ရှိသည်...
...အဲ့ဒါကတော့ မှတ်ကြီး၏သူငယ်ချင်း ဦးဖိုးမူဖြစ်သည်.....
...ဦးဖိုးမူက လူမျိုးရေးတချိန်က မှတ်ကြီးနဲ့တဖွဲ့ထဲဖြစ်သည်....
.မှတ်ကြီးတို့ချက်စားတဲ့ လူသား လူ့အသည်းဟင်းများကို လက်ဖျားနဲ့တောင်မတို့...မရှိရင်ထမင်းကိုဆားဖြူးပြီးသပ်သပ်စားသည်....
...ခုလို မှတ်ကြီးတယောက် လူသားများကိုကြုံရင်ကြုံသလို
စားတတ်နေခြင်းကိုလဲ သတိပေးပြီးတားဖူးသည်....
သို့သော် မှတ်ကြီးက ဖိုးမူစကားကိုနှားမထောင်....
.ပြောဖန်များလာတော့ ဖိုးမူပဲလက်လျှော့လိုက်ရသည်....
.....မှတ်ကြီး..
...ဘာလဲဖိုးမူ...
...ငါတို့ မင်းတို့ဟာ အသက်တွေလဲကြီးပြီ....
..ဒီတော့ ...မင်းလုပ်နေတဲ့ မကောင်းမှုကြီးကိုရပ်သင့်ပါပြီကွာ.....
...ဘာကွ...
...ဒီမယ်...ဖိုးမူ...ငါ့ဖသာစားတာ ဘယ်သူ့ကိုထိခိုက်လို့လဲ..
..သူများစွန့်ပြစ်ပြီးသား ပင်္သ့ကူသားကိုရှာပြီးစားတာလေကွာ....
...ဒါတော့ဒါပေါ့ကွာ...
...ခုကိစ္စက လူကြားလို့မှမသင့်တော်..
.မင်းလိုရွာ့မျက်နှာဖုံးလူတယောက်က
သင်္ချိုင်းကြိုသင်္ချိုင်းကြားက လူအရိုးကိုလိုက်ပြီးကောက်
စားနေတယ်ဆိုတော့
ဖြစ်သင့်ပါ့မလား....တခြားလူတွေသိရင်
ဘယ်လိုလုပ်မလဲ..
...သိတော့ဘာဖြစ်လဲ....
...လူတကိုယ်အကြိုက်တမျိုးပဲ....ဒီမယ်ဖိုးမူ....
ခုနေ လူသားစားလို့ချက်ခြင်းသေရမယ်ဆိုရင်တောင်
ငါ ပျော်ပျော်ကြီးအသေခံလိုက်မယ်...
...ဟင်းးး
...ခက်တာပဲမှတ်ကြီးရယ်....မင်းဟာက
ခါတ်သစ်ပေါရိသာယဖြစ်နေပြီ....
....ဟား....ဖြစ်တော့ပိုမကောင်းဘူးလား...
...ဒီမှာ ...
...မင်းနဲ့ငါ အသက်ချင်းအတူတူ...ပြီးတော့..
.မင်းရုပ်နဲ့ငါ့ရုပ်ကိုယှဉ်ကြည့်စမ်း....
......အသက်၆၀ကျော်တာတောင်မင်းလို
တုံတုံချိချိနဲ့အဖိုးကြီးပုံပေါက်နေလားလို့......
.....ဟေ....
...ဒါကတော့...မင်းနဲ့ငါ ကုသိုလ်ခြင်းမတူလို့ဖြစ်မှာပေါ့......
...မှားတယ်ဖိုးမူ....ငါအခုလိုနုပျိုသန်မာဆဲဖြစ်နေတာဟာ
ငါမှီဝဲနေတဲ့ လူသား လူရိုးတွေကြောင့်ပဲ..
....ဟေ....
...ဦးဖိုးမူ ပါးစပ်အဟောင်းသားဖြစ်သွားသည်...
....တခုတော့ ဂတိပေးကွာ...
..ဘာကတိလဲ မှတ်ကြီး...
...တခြားတော့မဟုပ်ဘူး....
..အခုလို လူသား လူရိုးတွေကို သင်္ချိုင်းတကာမှာ
ငါရှာစားနေတာကိုတော့ ဘယ်သူမှမပြောပါနဲ့ကွာ..
...ခုလိုငါရှာပြီးစားနေလို့လဲ မည်သူတဦးတယောက်
ကိုမှမထိခိုက်စေဘို့ ငါ့ကိုယ်ငါ တာဝန်ယူပါတယ်...
.....ဒါကိုတော့စိတ်ချပါ မှတ်ကြီးရာ....
မင်းနဲ့ငါက ပြောနေရမဲ့လူတွေမှမဟုပ်တာ....
..ငါကမင်းအတွက်ပြောတာပါ....
...ငါလဲရွာထဲမှာမနေတော့ပါဘူးကွာ....
...ဟေ.....ဘာဖြစ်လို့လဲ...
ရွာထဲမှာမနေတော့ မင်းကဘယ်သွားနေမှာမို့လို့လဲ..
...သင်္ချိုင်းကုန်းမှာ....
...ဟေ...ဘုရား..ဘုရား...
...ဟုပ်တယ် ဖိုးမူ....ငါနဲ့တန်တဲ့နေရာက သင်္ချိုင်းပဲ....
...ငါ့အိမ်ကြီးကိုဖျက်ပြီး တဝက်ကိုရွာဦးကျောင်းကိုလှူမယ်
တဝက်ကိုတော့ ရွာနောက်ကသင်္ချိုင်းမှာ
ဇရပ်တခုဆောက်ပြီး သင်္ချိုင်းစောင့်အဖြစ်ပဲ
ဘဝနေဝင်ချိန်ကိုဖြတ်သန်းတော့မယ်.....
....မင်းဟာက မဟုပ်သေးပါဘူးကွာ....
...ဟုပ်တယ်ဖိုးမူ ငါဆုံးဖြတ်ပြီးပြီ....
...ငါ့ရဲ့ခြံကိုတော့ မင်းကိုအပြီးလွှဲပေးခဲ့မယ်...
...ဟာကွာ.....
...လူအရိုးလေးတွေစားရဘို့အတွက်နဲ့ အဲ့လိုလုပ်တာ
မင်းမှားနေတယ်လို့ယူဆတယ်မှတ်ကြီး....
....မင်းထင်ချင်သလိုထင် ဖိုးမူ ...
...ငါ့အကြောင်းကိုငါပဲသိတယ်......
....အဲ့တော့.....ငါ့အစီစဉ်အတိုင်း မင်းကူညီပေးပါ....
....တနေ့တော့ ဒီမသတီစရာ မကောင်းမှုကို
ဖြတ်ပါ့မယ်လို့ မင်းကိုငါ ကတိပေးပါတယ်ဖိုးမူ.....
......ဟင်းးး
...ဦးဖိုးမူ သက်ပြင်းတချက်မှုတ်ထုတ်လိုက်ပြီး...
.သဘောပဲမှတ်ကြီးရေ.....
...အေး.....မင်းကတိပေးထားတဲ့အတိုင်း လူသားကို
ဖြတ်နိုင်တဲ့တနေ့ကိုတော့ ငါမသေခင်မြင်
သွားချင်တယ် မှတ်ကြီး.....
....စိတ်ချဖိုးမူ......
....ဟို....
..ဒါနဲ့...မင်းအိမ်ကိုဖျက်ပြီးလှူမယ်ဆိုတာက ဘယ်တော့စမှာလဲ.....
....မနက်ဖြန်...
....ဟေ.....
...ဦးဖိုးမူလက်ထဲက အကြမ်းပန်းကန်လုံးဟာ..
ဂွက်...ခနဲလွတ်ကျသွားလေသည်......
............
..............
..................၁၅ရက်ခန့်ကြာတော့ ဒိုက်ပျက်
သင်္ချိုင်းကုန်းမှာ ဇရက်တခုနဲ့ သင်္ချိုင်းစောင့် သုဘရာဇာကြီး
တဦးပေါ်ထွက်လာခဲ့သည်......ရွာခံလူများက
အမျိုးမျိုးထင်ကြေးပေးကြသော်လဲ မှတ်ကြီးက လူတွေကြားထဲ
မနေချင်တော့လို့ပါ ဆိုတဲ့စကားတခွန်းနဲ့ ချေပခဲ့သည်.....
......
.......သုဘရာဇာမှတ်ကြီးဟာ ရွာထဲမှာနာရေးရှိတာနဲ့
ချက်ခြင်းရောက်လာသည်.....သေဆုံးသူ မသာကို
ရေချိုးပေးခြင်း သနပ်ခါး လိမ်းပေးခြင်း အဝတ်လဲပေးခြင်း ခြေ
လက်တို့ကိုအက်ချည်တွဲ်ပေးခြင်း အစရှိတဲ့ သူများ
မလုပ်ချင်တဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်ပေးသည်.....
.ဒိုက်ပျက်ရွာဟာ
ကရင်အများစုေ နသည့်ရွာဖြစ်သဖြင့် အလောင်းကို
မြေမမြှုတ်ပဲ မီးသင်္ဂြိုလ်လေ့ရှိသည်....သို့ကြောင့်
အလောင်းမှကျသော
အရိုးအပိုင်းအစလေးတွေကို ရှာဖွေစားသောက်ရင်း
အာသာဖြေနေရလေသည်.......
....ဒီတော့ မှတ်ကြီး အကြံထုတ်လိုက်သည်....
...သင်္ချိုင်းထဲတွင် မီးသင်္ဂြိုလ်မဲ့နေရာကို သီးသန့်စီစဉ်
လိုက်သည်...သင်္ဂြိုလ်မဲ့ မြေနေရာရဲ့အောက်မှာ
ဂလိုင်တူးပြီးအပေါက်တခုထားကာ သရိုးကိုင်လိုက်သည်...
.....နောက်ထပ် အလောင်းများကို မီးသင်္ဂြိုလ်သောအခါ..
.အလောင်းကိုမီးတင်ပြီးသည်နှင့် ရွာသားသုံးဦးသာ
ကျန်ရှိစေပြီး ကျန်လူအားလုံးကိုပြန်လွှတ်လိုက်သည်....
...ရွာသား၃ဦးကတော့ ကစော်သမားများဖြစ်တဲ့
ငှက်ကြီး...သာဒွန်းနဲ့ပြူးကျယ်တို့ဖြစ်သည်.....
...အလောင်းထည့်လာသောအခေါင်းကျပြီးသည်နှင့်
ငှက်ကြီးတို့သုံးယောက်က ဝိုင်းထိုင်ပြီး
ကုလားမြိုမြိုကြတော့သည်...ပြာကျအောင်မီးထိန်းဘို့က
သုဘရာဇာမှတ်ကြီးရဲ့အပိုင်းပင်ဖြစ်သည်....
....မှတ်ကြီးကလဲ သူ့အကြိုက် အလောင်းကိုဝါးချွန်ဖြင့်
ထိုးဖဲ့ပြီး အသားပဲ့များကို ဂလိုင်ထဲထိုးနှစ်လိုက်သည်..
..အလောင်းပြာကျ
သွားသောအခါ....ငှက်ကြီးတို့က မီးပုံကိုရေဖြန်းပြီး
အရိုးစများကို အိုးထဲသို့အစတိကောက်ထည့်ပြီး
ပြန်သွားကြသည်.....
....ငှက်ကြီးတို့ပြန်သွားသည်နှင့် သုဘရာဇာမှတ်ကြီးက
မီးသွေးခဲများကိုပေါက်တူးနဲ့ကုတ်ဖယ်ပြီး
ဂလိုင်ပေါက်ထဲမှ နူးအိနေသော လူသားအပိုင်းအစများကို
အိုးထဲသိတ် မီးခဲကြားမှ အရိုးအပိုင်းအစလေးများ
ကိုဝါးကျည်ထောက်
ထဲကောက်ထည့်ပြီး ဇရပ်ဆီပြန်သွားလေတော့သည်.......
....ရွာထဲတွင် လူတယောက် မကျန်းမာသော
သီတင်းကိုကြားရင် မှတ်ကြီးပျော်သည်....
အသုဘချလာရင်ကြားရသော လူတွေရဲ့ငိုသံတွေဟာ
မှတ်ကြီးနားထဲမှာ
ဆည်းလည်းသံများလိုချိုမြိန်လှသည်....ရွာထဲတွင်
အသုဘကျဲသွားချိန်ဆို မှတ်ကြီးတယောက်ကျိန်
တတ်နေပြီ....တခါတလေ
သင်္ချိုင်းဝကိုထွက်ပြီး......လာကြဟေ့......
လာကြ.....အချိန်ကျပြီ......
....စသည်ဖြင့် အသံနက်ကြီးဖြင့်ခေါ်လေ့ရှိသည်.....
.....
.......တနေ့တော့.....
...မှတ်ကြီး နေ့လည်စာစားနေချိန်မှာသင်္ချိုင်းထဲသို့
ဘုန်းကြီးတပါးကြွလာသည်....
...ဒါကာကြီး....
...ဘုန်းကြီး ဇရပ်ပေါ်ကြွ့ခဲ့လို့ရမလား....
....ဟင်....
...မှတ်ကြီးစိတ်ညစ်သွားသည်....
....ကြွလေကိုယ်တော်.....
....ကောင်းပြီဒါကာကြီး....
...ဘုန်းကြီးဟာ ဇရပ်ပေါ်ကြွပြီး ခေါင်းရင်းမှာထိုင်လိုက်သည်......
.....မှတ်ကြီးလဲ လက်ထဲမှထမင်းဇလုံကိုချပြီး
လက်ဆေးလိုက်သည်.....
.....ကဲ....
...ကိုယ်တော်......ဒီသင်္ချိုင်းကိုဘာကိစ္စကြောင့်ကြွ
လာတာလဲဆိုတာမိန့်ပါဦး.....
....အင်း.....
...ဘုန်းကြီးကြွလာတာကတော့ ဒီသင်္ချိုင်းမှာ သုသာန်
ဒူတင်ဆောင်ချင်လို့ပါ များများတော့မဟုပ်ဘူး ၃ရက်ထဲပါ.....
.....ဟူးး
...ဒါများ.....တခြားသင်္ချိုင်းကိုကြွပါလားကိုယ်တော်...
...ဒီမှာက ကျုပ်ရှိတော့ ကိုယ်တော်ဘယ်လွတ်လပ်ပါ့မလဲ.....
.....ကိစ္စမရှိဘူးဒါကာ....
...ဒူတင်ဆောင်တယ်ဆိုတာ တွေ့ရာသင်္ချိုင်းမှာဆောင်လို့
ရတာမဟုပ်ဘူးဒါကာ....အာရုံကျရာသင်္ချိုင်း
မှာဆောင်ရတာမျိုးပါ....
....ဟင်းး
...ကောင်းပြီလေ....
...ဆွမ်းအတွက်တော့ ကျုပ် တာဝန်မယူနိုင်ဘူးကိုယ်တော်.
...ကျုပ်စားသလိုလဲ ကိုယ်တော်စားနိုင်မှာမဟုပ်ဘူး......
....မှတ်ကြီးအဲ့လို့ပြောလိုက်တော့...ဘုန်းကြီးကပြုံးလိုက်သည်....
....ဒီ့အတွက်မပူပါနဲ့ဒါကာ...ဘုန်းကြီးမှာ ပရိက္ခရာ
အစုံပါပါတယ်....ရွာထဲမှာဆွန်းခံပြီးဘုန်းပေးမှာပါ
...ပြီးတော့....ဒါကာကြီးစားနေတဲ့ အသားတွေက
ဘုန်းကြီးတို့အနေနဲ့ ဘုန်းပေးလို့မအက်စပ်ဘူးလေ...
....ဗျာ.....
....ကိုယ်တော် ဘာကိုဆိုလိုတာလဲ....
...ဒါကတော့ ဒါကာကြီးကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါလေ..........
......ဟာ......
...မှတ်ကြီး မျက်လုံးပြူးသွားပြီး ဇရပ်ပေါ်မှဆင်းသွားလေသည်....
....ညဘက်ရောက်တော့ ရေနွေးအိုးတလုံးကိုဘေးမှာချပြီး
ဝါးကျည်တောက်ထဲမှလူရိုးများကိုဝါးရင်း မှတ်ကြီးတယောက်
လရောင်အောက်မှာစည်းစိမ်ရစ်နေလေသည်....
.....သင်္ချိုင်းထဲကအုတ်ကူ တလုံးပေါ်တွင်တရားထိုင်နေသော
ဘုန်းကြီးကိုကြည့်ပြီး မှတ်ကြီးစိတ်ထဲတော့သိပ်အလိုမကျချင်....
၃ရက်ထဲပါဆိုသောကြောင့် ကြိတ်မှိတ်နေရခြင်းဖြစ်သည်...
ပြီးတော့ သူစားနေတဲ့အသားကို လဲ ဘုန်းကြီးကသိနေသည့်ပုံ......
.....မှတ်ကြီးတယောက် သက်ပြင်းတချက်မှုတ်ထုတ်လိုက်ပြီး
လက်ထဲမှဆေးလိပ်တိုကိုမီးညှိလိုက်သည်......
......ဒါကာကြီး..
...ဟဲ့...သောက်ပလုတ်တုတ်...
....ဟာ.....ကိုယ်တော်.....
....အသံမပေး ဘာမပေးနဲ့လန့်လိုက်တာဗျာ.....
....ဟင်းး....
....ဒါကာလန့်ရမှာ ဘုန်းကြီးကိုမဟုပ်ဘူး....
...ဒါကာကြီး ကိုယ် ဒါကာကြီးလန့်ရမှာ.....
....ဘာ......
....ကျုပ်က ဘာကိစ္စကိုယ့်ကိုကိုယ်လန့်ရမှာလဲ....
...ဘာတွေလာပြောနေတာလဲကိုယ်တော်.....
....ဒါကာကြီး.. ..
....ခုဒါကာကြီး ဝါးနေတဲ့လူရိုးတွေကိုကြည့်ပြီး
ငါလဲတနေ့ဒီလိုဖြစ်မှာပဲလို့ သံဝေဂ မရဖူးဘူးလား....
.....ဘာ....
...ဘယ်လို......
....ကိုယ်တော်ဘယ်လိုသိတာလဲ.....
....အင်း....သိတာပေါ့....
....ကိုယ်တော်က သင်္ချိုင်းတကာကိုပါတ်ပြီး
သုသာန်ဒူတင်ဆောင်နေတဲ့ရဟန်းတဦးဆိုတော့
လူအရိုးနဲ့တရိစ္ဆာန်အရိုးကိုခွဲခြားနိုင်ပါတယ်
....
.....ကောင်းပြီလေ....
....ဟုပ်တယ်.....ကျုပ်စားနေတာလူအရိုးတွေပဲ.....
....ကျုပ်ကြိုက်လို့ကျုပ်စားတာဘာဖြစ်လဲ.....
.....ဖြစ်တယ်ဒါကာကြီး......ဖြစ်ကိုဖြစ်နေတာ...
....ဟင်.....
....မယုံဘူးလားဒါကာကြီး....
....ဟုပ်တယ်ဗျာ.....ကျုပ်ဟာကျုပ်ဘာဖြစ်ဖြစ်
ကိုယ်တော့အပူပါလား.....ကိုယ့်ကိစ္စကိုလုပ်ဗျာ....
ကျုပ်ကိုလာမဝေဖန်နဲ့ မကြိုက်ဘူး......
...ဒီမယ်ဒါကာကြီး
....ဘာတုံးဗျာ....
....ဒါကာကြီးရဲ့မျက်နှာကို ဒါကာကြီး မှန်နဲ့ပြန်ကြည့်ဖူးလား.....
.....ဟင်....
...မကြည့်ဖူးဘူး.....ကျုပ်မျက်နှာကဘာဖြစ်နေလို့လဲ....
.....ဖြစ်နေတာပေါ့.....
.....ဘာဖြစ်နေတယ်ဆိုတာကိုဒါကပြန်မြင်ရအောင်
ဇရပ်အောက်က ရေအိုးမှာကို့မျက်နှာကိုပြန်ကြည့်...
....ဟာ....
...ညဘက်ကြီးဘယ်လိုမြင်ရမလဲဗျ...
....ကြည့်မဲ့သာကြည့်ပါလေ....မြင်ရပါလိမ့်မယ်....
....မှတ်ကြီးစိတ်တိုသွားသည်....
....တောက်.....
...ဘာမတွေ့ရလို့ကတော့ ကိုယ်တော်မလွယ်ဘူးမှတ်...
...မှတ်ကြီးဟာ စိတ်တိုတိုနှင့်ဇရပ်အောက်ကရေအိုး
ဆီသွားပြီးငုံ့ကြည့်လိုက်သည်.....
....ဘာတွေ့လဲဒါကာကြီး....
....ဘာမတွေ့ဘူး.....
...သေသေချာချာအာရုံစိုက်ကြည့်လိုက်ပါ....
.....ဟင်....
...ဒီတခါရေအိုးထဲပြန်ငုံ့ကြည့်လိုက်တော့
မှတ်ကြီးမျက်လုံးပြူးသွားသည်.....ရေအိုးထဲ
တွင်ပေါ်နေသောအမွေးထူကြီးများနဲ့ မတ်ခွက်ခွက်
မျက်နှာကြီးတခု.......မျက်လုံးကြီးများက
သားငယ်အိမ်မရှိပဲမျက်သာအဖြူသပ်သပ်ကြီး....
ပါးစပ်ထဲမှထွက်နေသောအစွယ်ချွန်ကြီးကအပြင်
သို့ငေါထွက်နေသည်....ကြီးမားသောနားရွက်ချွန်ကြီး
များကအပေါ်သို့ထောင်နေသည်......
အမလေး...
.....ဒါ....ဒါ.......ဘာကြီးလဲ.....ဘယ်သူ့မျက်နှာကြီးလဲ....
.....အဲ့ဒါ ဒါကာကြီး ရဲ့မျက်နှာပဲ....
......ဘာ.....
....ကဲကွာ....
...ဝုန်း ...ဂွမ်း....
...မှတ်ကြီးဟာကြောက်ကြောက်လန့်လန့်နှင့်
ရေအိုးကြီးကိုရိုက်ခွဲလိုက်သည်....
....ကို့စိတ်ကို ကိုယ်ထိန်းပါဒါကာကြီး...
....ဘာ.....
...ဘာလို့ထိန်းရမှာလဲ....
....ညာတာ.....ကိုယ်တော်ညာတာ....
....သွား....ထွက်သွား.......ကျုပ်သင်္ချိုင်းထဲက
ခုချက်ချင်းထွက်သွားဗျာ....မသွားရင်
ကိုယ်တော့ကို ကျုပ် တခုခုလုပ်မိလိမ့်မယ်နော်.....
.....ဟင်းးး
....ကောင်းပြီလေ......
....ပြောမရရင်လဲ ဒါကာကြီး ရဲ့ကံပေါ့....
....ဘုန်းကြီးက စေတနာနဲ့သတိပေးတာကိုမှ
လက်မခံဘူးဆိုရင်လဲ ဒါကာကြီး ဆန္ဒ
အတိုင်းဘုန်းကြီးကြွပါတော့မယ်......
သတ္တဝါအပေါင်းကျန်းမာချန်းသာကြပါစေ......
....တောက်.....
.....
.....ဘုန်းကြီးကြွသွားသောအခါ......မှတ်ကြီးတယောက်
တက်ပြင်းပြင်းတချက်ခေါက်လိုက်ပြီး ဇရပ်ပေါ်ပြန်တက်သွားလေသည်......
ဒုတိယပိုင်းသို့ဆက်ရန်
မောင်ဂေါ်လီ(ဟင်္သာတ)
Credit - စိတ်ခြောက်ခြားဖွယ် ပရလောကန
**လူသားစားတဲ့သုဘရာဇာ**
25May2016
Post a Comment