June 1, 202507:58:13 AM

ပဉ္စလက်မှော်အတတ်ပညာရှင် ဦးဖြိုး




လောကီပညာ အရပ်ရပ်တွင် ပဉ္စလက်အတတ်ပညာ
သည် တစ်စိတ်တစ်ပိုင်း အဖြစ်အပါအဝင်ဖြစ်သည်...။ ပဉ္စ
လက်ဟူသည်မှာ အာရုံငါးပါးကို လှည့်စားတတ်သော
အတတ်ဟုခေါ်သည်...။ ယခုအခါ ကမ္ဘာအရပ်ရပ်တွင်
ယင်းပညာရှင်များသည် အင်တာနက်မှတစ်ဆင့် ရင်သပ်ရှု
မောဖွယ်ရာ ပြကွက်တွေဖြင့် အောင်ပွဲခံလျက် ရှိကြသည်...။
မြန်မာပြည်မှာလည်း ရှိကြသည်...။ မြန်မာပြည်တွင် ယခု
အခါမှသာ ယင်းပညာရှင်များ ထွန်းကားသည်မဟုတ်...။ရှေး
ယခင်အခါ ကတည်းက ရှိနေကြသည်...။ ပြောရမယ် ဆိုလျှင်
တော်လှန်ရေးခေတ်ကာလ ....
ချောင်းဝကျေးရွာတွင် ဦးဖြိုးဆိုသော အသက်လေးဆယ် ဝန်းကျင်ခန့် လူလတ်တစ်ဦးရှိသည်...။ ဦးဖြိုးသည် ပဉ္စလက်အတတ်ပညာသယ်တစ်ဦးဖြစ်၏...။ သို့သော်...သူက သာမန် လယ်လုပ်သမားတစ်ဦးသာ ဖြစ်
သည်...။
ဦးဖြိုး လူပျိုကာလသား အရွယ်တုန်းကပေါ့....။
အခုလို မိုးတွင်းကာလ စပါးစိုက်သည့် အချိန်မှာ ဦးဖြိုးတို့
အဖွဲ့ကို အဖွဲ့လိုက် အငှါးလိုက်လေ့ရှိကြသည်...။ အဖွဲ့က
လူတွေ တက်ညီလက်ညီ အလုပ်လုပ်လေ့ရှိကြသည်...။
စပါးစိုက်သူ ၊ ပျိုးနှုတ်သူ ၊ ထမင်းချက်သူ စသည်ဖြင့်
သူ့တာဝန်နှင့်သူ အလုပ်လုပ်ကြသည်...။ အားလုံးနီးပါး
ဆွေမျိုးရင်းချာတွေ ဖြစ်သည့်အတွက် ပျော်ပျော်ပါးပါး နေထိုင်
လေ့ရှိ၏ ။
တစ်နေ့...ဦးဖြိုး ထမင်းချက်ရမည့် အလှည့်ရောက်လာ
သည်...။ ကျန်တဲ့သူတွေ စပါးစိုက် ပျိုးနှုတ်ချိန်တွင် ထမင်း
ချက်တာဝန်ကျသူက ထမင်းရော ဟင်းရော အပြီးချက်ပေးရ
သည်...။ အလုပ်ကြမ်းသမားတွေ ဖြစ်သည့်အတွက် အစား
သန်ကြသည်...။ သို့သော်...ဟင်းကောင်းကောင်း တစ်ခါ
စားရဖို့ မလွယ်ပေ...။ နေ့တိုင်းလိုလို ပဲဟင်း ငရုပ်သီးထောင်း ၊
အသီးအရွက်ဟင်းတွေသာ စားကြရသည်
က များသည်...။
ဒီတော့ အဖွဲ့သားတွေက
"ဦးဖြိုးရေ.....ပဲဟင်းတွေဘဲ...မချက်နဲ့လေ...ဒီကလူ
တွေ ပဲရုပ်ပေါက်ကုန်ပြီ..." ဟု စနောက်ကြသည်...။
အလုပ်ကြမ်းသမားဘဝတွေသည် ဘယ်လောက်ပင်ပန်းပင်ပန်း အခုလို စလိုက်နောက်လိုက်နှင့်
ပျော်ရွင်ရယ်မောရလျှင် ပင်ပန်းတာတွေ မေ့ကုန်ကြသည်...။
ဦးဖြိုးက
"အေး...ဒီည မင်းတို့အတွက် ဟင်းကောင်းကောင်း
ချက်ပေးထားမယ်..."ဟု ပြန်ပြောလေသည်....။
ညမိုးချုပ် ထမင်းစားချိန်ရောက်တော့ ဦးဖြိုးပြောထား
သည့်အတိုင်း ထမင်းဝိုင်းတွင် ဝက်သားဆီပြန်ဟင်းကို တွေ့
ရသည့်အတွက် ဝမ်းသာ အားရ စားကြသည်မှာ နဂိုရ်ချက်
ထားသည့်ထမင်းတောင် မလောက်မငဖြစ်ပြီး အသစ်ထပ်ချက်
ရတော့သည်...။ အဲဒီအချိန်ထိ ဘာပြဿနာမှ မပေါ်သေး....။ သို့သော်...နောက်တစ်နေ့
ရောက်တော့ ကိုယ်လက်သန့်စင်ပြီးချိန်တွင် စကားတွေ
တီးတိုးတီးတိုး ထွက်လာကြလေသည်...။ နောက်တော့
ဦးဖြိုးကို ဝိုင်း၍ မေးခွန်းထုတ်ကြလေသည်...။
"ဦးဖြိုး...မနေ့က ကျနော်တို့ စားကြတာ ဝက်သား
အစစ်ဟုတ်ရဲ့လား...."
"ဘာဖြစ်လို့လဲ...."
"ဒီမနက် အလေးစွန့်တာ ငှက်ပျောအူ အဖတ်တွေဘဲ
ကျတယ်...ငှက်ပျောအူကို တစ်ယောက်မှ မစားကြပါဘူး..
အဲဒါ မနေ့က စားကြတဲ့ ဝက်သားနဲ့ဆိုင်သလားလို့...."
"ဟိ...ဟိ...အဲဒါအစစ်ဘဲ...ဒီမနက် မင်းတို့်ထွက်ကျ
လာတာအစစ်....."
"ဟား...ဦးဖြိုးတော့ နောက်တယ်ဗျာ...."
နောက်နေ့ကစပြီး ဦးဖြိုးကို ထမင်းမချက်ခိုင်းရဲတော့..။
ကြာရင် ပဲရုပ်မကတော့ဘူး...ငှက်ပျောအူရုပ်ထွက်လာမှာ
ကြောက်နေကြရလို့ဖြစ်သည်....။
နောက်တော့ ဦးဖြိုးအိမ်ထောင်ကျပြီး ဝက်မွေးမြူရေး
လုပ်ငန်း လုပ်ကိုင်လေသည်...။ ရွာမှာ သာရေးနာရေးရှိလျှင်
ဦးဖြိုး ငွေရွင်လျက်ရှိသည်...။ ဦးဖြိုးဝက်တွေက မြို့အထိ
နာမည်ကြီးသည်...။ ဒီတော့ မြို့ပေါ်က အဝယ်ဒိုင်တွေ
ဦးဖြိုးဆီ ရောက်လာကြသည်...။ ဒိုင်တွေက များသောအား
ဖြင့် တရုတ်လူမျိုးတွေ များသည်...။
တစ်နေ့...ဒိုင်တစ်ယောက်ညစ်ပတ်ပြီး ဦးဖြိုးကို ငွေ
အပြည့် မချေဘဲ...လှည့်ပတ်ရှောင်လျက်ရှိသည်....။ဦးဖြိုး
ကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ....။ ဒ်ီတော့ ဦးဖြိုးလည်း
ပြန်ညစ်ပတ်သည်...။ ငွေချေတဲ့အခါ ပိုက်ဆံနဲ့ အများရှေ့
မှာချေပြသည်...။ သို့သော်..အိမ်ရောက်တော့ တရုတ်ဒိုင်
ကြီး ဒုက္ခရောက်တော့သည်...။ အများရှေ့မှာ ငွေပိုက်ဆံ
အစစ်နှင့်ချေသော်လည်း အိမ်ပြန်ရောက် ထုတ်ကြည့်လိုက်
တော့ စက္ကူအဖြူတွေ သက်သက်ဖြစ်နေသဖြင့် တရုတ်ကြီး
မှိုင်သွားရတော့သည်...။
နောက် ဒိုင်တစ်ယောက်လည်း လာပြန်သည်...။
ဝက်ဈေးကောင်းပေမယ့် ဈေးအလွန်နှိမ်လေ့ရှိသည်...။
ဦးဖြိုးတို့ရွာလည်း အဆက်အသွယ်အနည်းငယ် ခက်ခဲသည့်
အတွက် ဈေးအကြောင်း အလှမ်းဝေးလျက်ရှိသည်....။ ဝက်
အဝယ်ဒိုင်တွေက သူတို့လိုင်းကားအစုတ်တွေနှင့် လှည်းလမ်း
အတိုင်း မောင်းလာပြီး ဦးဖြိုးအိမ်လာလေ့ရှိ၏။
တစ်နေ့ ဦးဖြိုးသူငယ်ချင်းတစ်ယောက် မြို့တက်ပြီး
စုံစမ်းကြည့်ရာ ဒိုင်တမင်သက်သက်ညစ်ကြောင်း သိရလေ
သည်...။ ဒီတော့ ဦးဖြိုးလည်း ဘယ်ရမလဲ...။ သူညစ်လို့
ငြိမ်ခံနေလျှင် အရူးလို့ထင်မှာ သေချာသည်...။ ပညာပေး
ဦးမှ တော်ကာကျမည်ဟု ဆုံးဖြတ်ရတော့သည်...။
ဒိုင်ကလည်း စားနေကျ ကြောင်ဖားလို ထင်ပြီးရောက်
လာသည်...။
"ကိုဖြိုး ...ဒီအခုတစ်ခေါက် ခင်များ ဝက်တွေ အရမ်း
လှနေပါလား...."
"နောင်ကြီး ရောက်လာမယ်ဆိုတော့ ကျနော့်မှာ ရှိတဲ့
ဝက်ရော...သူများတွေဆီက ဝက်ရော ဝယ်ပေးထားတယ်
လေ...နောင်ကြီးကြိုက်တယ် မဟုတ်လား..."
"ကြိုက်တယ်ပေါ့...ကိုဖြိုးဝက်တွေဆို ကြိုက်ပြီးသား."
"ဒါနဲ့ နောင်ကြီး...ဝက်ဈေးတက်တယ်လို့ကြားတယ်..
အဲဒါ ဟုတ်လား..."
"အာ....မဟုတ်ပါဘူး...ဈေးတက်မလိုနဲ့ကျနေတယ်...
ဟိုတစ်ခါ မောင်ရင့်ဆီ ဝယ်သွားတဲ့ဝက်တွေ ရှုံးနေပါသေး
တယ်...."
တရုတ်ဒိုင်စကားကြားရတော့ ဦးဖြိုး ပြုံးလိုက်သည်...။

ဒါနဲ့ အချိန်တန်တော့ ဆူဖြိုးအကောင်လှပတဲ့ဝက်တွေကို
ရွေးပြီး တရုတ်ကြီးက သူ့လိုင်းကားပေါ်တင်သွားလေတော့
သည်...။ တရုတ်ကြီး ထွက်သွားတော့ ဦးဖြိုးက ဆော့ကစား
နေတဲ့ သူ့သားကို
"သားရေ...တရုတ်ကြီးပြန်လာရင် အိပ်ခန်းမှာ အဖေ
အိပ်နေတယ်လို့ပြောလိုက်..."
ဟု မှာလိုက်ပြီး အိပ်ခန်းဝင်သွားလေသည်...။ သူ့သား
လည်း "ဟုတ်ကဲ့အဖေ..."ဟုပြောပြီး သူငယ်ချင်းတွေနှင့်
ဆက်ကစားကြသည်...။
တရုတ်ဒိုင်ကြီးလည်း ဝက်တွေကို သူကားပေါ်တင်ပြီး
ထွက်လာခဲ့ရာ ရွာအလွန်မှာတော့ ကားနောက်ခန်း ဝက်သံ
တွေ သိပ်မကြားရတော့ဘဲ တဒုန်းဒုန်း တဒိုင်းဒိုင်း မြည်သံသာ
ကြားနေရတော့ မသင်္ကာဖြစ်ပြီး လှည့်ကြည့်လိုက်ရာ ဝက်
တွေ အနည်းငယ်သာမြင်ရပြီး ဝက်တွေအကြားမှာ ငှက်ပျောတုံးတွေ အများကြီးပါလာတာကို
မြင်ရတော့သည်...။ တရုတ်ကြီးလည်း သူ့ကားဒရိုင်ဘာနှင့်
ငှက်ပျောတုံးတွေကို ပစ်ချပြီး ဦးဖြိုးအိမ်ဆီကို ကားပြန်မောင်း
ရတော့၏ ။
ဦးဖြိုးအိမ်ရောက်တော့ တရုတ်ကြီးက ကမန်းကတမ်း
အနားတွင်ဆော့ကစားနေသော ဦးဖြိုးသားကို
"ဟေ့....မင်းတို့အဖေ ဘယ်မှာလဲ..."မေးလေသည်..။
ဦးဖြိုးသားကလည်း
"အဖေ..အိပ်ခန်းမှာ အိပ်နေတယ်...."ဟု
ပြန်ဖြေလေသည်...။ ပြီးသည်နှင့်
တရုတ်ကြီးလည်း အိမ်ပေါ်ကို အမြန်တက်ပြီး အိပ်နေတဲ့ ဦးဖြိုးကို ဒေါသတစ်ကြီးဖြင့်
"ဟေ့ကောင်...."
ဟု ခေါ်နိုးလေသည်...။ ဦးဖြိုးလည်း တုန့်တုန့်မှမလုပ်...။
တရုတ်ကြီးက ဆက်၍
"ဟေ့ကောင်...ထစမ်း..."ဆိုပြီး လက်ကိုလှုပ်နိုးလေရာ လက်က မောင်းရင်းကနေ ပြုတ်ထွက်သွားလေသည်...။ တရုတ်ကြီးလည်း လက်ပြုတ်
တာကိုမြင်ရတော့ အံ့သြတကြီးဖြစ်ပြီး ကြောက်လန့်သွားလေသည်....။
နောက်တစ်ခါ
"ဟေ့ကောင်...ထ..စမ်း..."ဟု ခြေထောက်ကိုကိုင်၍
လှုပ်နိုးလေရာ ခြေထောက်ကလည်း ပေါင်ရင်းကနေ ပြုတ်
ထွက်သွားပြန်သည်...။ ခြေပြုတ် လက်ပြုတ်ဖြစ်နေသော
ဦးဖြိုးကို အံ့သြတကြီးမြင်ရတော့ တရုတ်ကြီးခင်မျာ
စိုးရိမ်ကြောက်လန့်ပြီး အိမ်ပေါ်ကနေ ကမန်းကတမ်းပြေးဆင်းသွားလေသည်...။ ကားရှေ့ရောက်
တော့ "ဒရိုင်ဘာရေ...မြန်မြန်မောင်းတော့...တော်ကြာ
ငါ့ကို လူသတ်မှုနဲ့ ထောင်ထဲရောက်နေပါဦးမယ်..."ဟု
အတင်းမောင်းထွက်ခိုင်းတော့သည်.F..။

ကားမောင်းထွက်သံကြားရတော့မှ အိမ်ခန်းထဲမှ ဦးဖြိုးက
ဟားဟားဟားဟားနှင့် အားပါးတရ ရယ်မောပြီး ထွက်လာလေတော့သည်။ တကယ်တော့ ဦးဖြိုးကို ပဉ္စလက်အတတ်သယ်တစ်ဦးဖြစ်ကြောင်း တရုတ်ကြီး
မသိလိုက်ပေ....။ အစစ်အမှန် မဟုတ်သော်လည်း ပဉ္စလက်
အတတ်ပညာအစွမ်းက အံ့မခန်းဖြစ်ကြောင်း....။

(ပြီး)

Credit - မင်းကံစည်ဝင်း
Credit - စိတ်စွမ်းအင်နှင့် ဂမ္ဘီရ သည်းထိတ်ရင်ဖိုဖြစ်ရပ်ဆန်းများ



( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.