May 29, 202505:42:45 PM

✿ Android ဖုန်းများတွင် “Android is starting” or “Android is upgrading”? များဖြစ်နေခဲ့လျှင် ဖြေရှင်းနည်း ✿






Android ဖုန်းများတွင် “Android is starting” or “Android is upgrading”? များဖြစ်နေခဲ့လျှင်
မိမိဖုန်းများကို အလွယ်တကူ ဖြေရှင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကြုံဖူးကြမှာပါ Android is starting ပဲပေါ်နေပြီးတော့ အချိန်အကြာပြီး Boot ကိုတက်မလာတော့တာ
Android is upgrading လည်းထိုနည်းအတူပါပဲ၊ နာရီပေါင်းများစွာ ထိုင်စောင့်လည်း တက်မလာတော့ပါ

ဒီတော့ အတွေ့အကြုံပိုင်းအရ ဒီလိုမျိုး ပြသနာ မကြုံဖူးသေးရင်တော့ ဖုန်းမှာ
Firmware လစ်သ သွားပြီလားမသိဘူး Firmware ပြန်ရေးရတော့မယ်၊
ဘယ်လိုလုပ်ရမလဲ ဆိုပြီး အုံးစားမယ့် ခြေလှမ်းစတင်ပါပြီ။

ဒီပြသနာ ဖြစ်လေ့ရှိတာက ဖုန်းကို Perform ကောင်းအောင်ဆိုပြီး
Factory reset ချလိုက်ရင် “Android is starting” or “Android is upgrading”? စသည်ဖြင့် မြင်နေရပြီး ရှေ့ဆက်တက်မလာတော့ပါ။

ဒီတော့ Firmware ရေးပေးရမယ့်ကိန်းလား (သို့) တည်းမဟုတ် ဖုန်းမှာ Firmware ကြွသွားပြီလား ဆိုတဲ့
Fear စိတ်ကို ခနမေ့ထားပြီး ယခုကျနော်ပြောပြမယ့် နည်းလမ်းလေးကိုသာ အရင်စမ်းသပ်ကြည့်လိုက်ပါလို့
ညွှန်းလိုပါတယ်၊ ကျနော့်တုန်းကတော့ အဆင်ပြေသွားတယ်၊ Firmware ကြွသွားတာလည်းမဟုတ်သလို
Firmware ထပ်တင်ပေးနေစရာလည်းမလိုပါ၊ Boot ထဲမှ cache များကို ရှင်းထုတ်ပေးလိုက်ရုံပါပဲ။


“Android is starting” ဖြေရှင်းနည်း

=====================
၁. ဖုန်းကို ပါဝါပိတ်လိုက်ပါ။

၂။ Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery Mode တွင် Wipe cache ကို
ရွေးချယ်လိုက်ပြီး Clear or Delete ပြုလုပ်ပေးလိုက်ပါ။

၎။ Process ပြီးသွားရင် ဖုန်းကို Reboot ချပေးလိုက်ပါ။

၅။ ပြန်တက်လာရင် “Android is starting” or “Android is upgrading” ကို
အလွယ်တကူပဲ ဖြေရှင်းနိုင်ပြီဖြစ်တဲ့အတွက် Normal ဖြစ်သွားပါလိမ့်မယ်။



Samsung ဖုန်းများအတွက် Bootloop ဖြစ်နေခဲ့လျှင်
အလွယ်တကူ ဖြေရှင်နည်းကို ဆက်လက် တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။


(www.zunite.org) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နျှာသို့ - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.