Windows 7 အသုံးပြုသူ User တိုင်း ကြုံဖူးကြမှာပါ မိမိကွန်ပျူတာကို Password ပေးပြီး တစ်ခါတလေ
မိမိပေးထားသည့် Password ကို လုံးဝ မမှတ်မိတော့ပဲ Log in ၀င်မရတော့ပဲ အုံးစားဖူးတဲ့ နေ့ရက်တွေကိုပေါ့
ကျနော့် အတွေ့အကြုံလေး ပြောပြချင်ပါတယ်၊ သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ၀ယ်လာခါစရှိသေး
Password ထားသုံးချင်တယ် လုပ်ပေးပါဦးဆိုတော့၊ အင်း... ရတယ်လေ ဆိုပြီး ကွန်ပျူတာကို အနားကို
ဆွဲယူလိုက်တယ်၊ ပြီးရင် ကျနော် သူ့ကို မေးဖူးတဲ့ စကားအချို့ရှိပါတယ်၊ ဘာမေးမိလည်း ဆိုတော့...
မင်းက Password ကိုပေးထားပြီး မေ့တတ်တဲ့ တစ်ယောက်လား?
မင်းအတွက် Password ထားသုံးလို့ တကယ်ကော အဆင်ပြေပါ့မလား?
အဖြေက... ဒါလေးများ ခက်ရော့ လား လုပ်သာလုပ်ပေးစမ်းပါ အဆင်ပြေပါတယ်...။
ဒါဆိုရင်လည်း ပြီးရော့ကွာ ဆိုပြီး လုပ်ပေးလိုက်တယ် တစ်ရက်တော့ အဆင်ပြေသွားတယ်
နောက်နေ့ ပြာယာခပ်ပြီးရောက်လာပြီ... ဘာတုန်းငါ့ကောင် လို့မေးလိုက်တယ်...
ဘာပြောတယ်မှတ်တုန်း... မင်းလုပ်သလို ငါ့ဖာသာငါ Password ပြောင်းကြည့်လိုက်တာ
အခု Password ကိုမမှတ်မိတော့ဘူး Log in လည်း ၀င်မရတော့ အခေါက်ပေါင်းမနည်းတော့ဘူး...ဆိုပဲ...
ကျနော် ပြန်ပြောလိုက်တာကတော့ အင်းကွာ...ဖြစ်တတ်ပါတယ် မင်းကို ငါကြိုပြောသားပဲ မင်းကပဲ
အဆင်ပြေပါတယ် ပါးပါးလေးပါ ဒီလောက်လေးကတော့ သာယာပါတယ်ဆိုကွာ...အခုတော့...
ဟုတ်ပါတယ် Windows 7 အသုံးပြုသူတိုင်း မလွဲမသွယ် ကြုံကြိုက်ဖူးကြမယ့် Windows ဆိုင်ရာ
Tutorial လေးတစ်ခုဖြစ်မယ်ထင်ပါတယ်၊ တကယ်လို့ သင့်ကွန်ပျူတာတွင် (သို့) မဟုတ် သူငယ်ချင်း
တစ်ယောက်ရဲ့ ကွန်ပျူတာအတွက် အကူအညီလိုအပ်လို့ နည်းလမ်းကောင်း လိုက်ရှာနေတယ်ဆိုရင်တော့
ယခုဖေါ်ပြပါ Software မလိုပဲ Windows 7 Admin Password ကို Hack နည်း ကို စမ်းသပ်ကြည့်လိုက်ပါ။

သူပြီးသား သူတွေကတော့ ကျော်ခွသွားလိုက်ကြပါ၊ အထူးပြောချင်တာကတော့ ဖေါ်ပြပါ နည်းလမ်းကို တစ်ဦးတစ်ယောက် (သို့) မဟုတ် မကောင်းသည့် စိတ်ထားဖြင့် သူတစ်ပါး၏ Windows Password ကို ကျော်ခွပြီး Data များကို ခိုးယူမှု ဖျက်စီးမှုများ ပြုလုပ်ပါက သင့်ထိုက်နဲ့ သင့်ကံဖြစ်သလို (ဘယ်သူမပြု မိမိမှု) ဆိုသလို ကိုယ်ပြုသည့်ကံ ကိုယ်ထံ ရောင်ပြန်လာမှာဆိုတာကို ကြိုတင်ပြောထားပါရစေခင်ဗျား...
အဖြစ်စေချင်ဆုံး ဆန္ဒကတော့ School များအတွက် Personal အသုံးပြု သူငယ်ချင်း ဘော်ဒါများ၏ Computer labs များနဲ့ workplaces လို့ ခေါ်တဲ့ နေရာတွေမှာ လိုအပ်ပါမှ အသုံးပြုစေချင်ပြီး တစ်ဖက်သားကို ကူညီလိုတဲ့စိတ်ထားဖြင့် လိုအပ်နေသည့်အချိန်တွင် အသုံးပြုစေချင်ပါတယ်။

အမျိုးစုက Password မသိတော့ရင် Windows အသစ်တင်လိုက်တာ (သို့)
Service ဆိုင်သို့သွားပြီး ပြုလုပ်လိုက်တာ စသည်ဖြင့် ပြုလုပ်တတ်ကြပါတယ်
တကယ်တော့မလိုအပ်ပါ ဖေါ်ပြပါ Bypass နည်းကိုသာ သိထားရင်တော့
မိမိကိုယ်တိုင် Windows 7 Admin Password ကို Software မလိုပဲ
အလွယ်တကူ Hack ယူနိုင်မှာပဲဖြစ်ပါတယ်။
တကယ်လို့ သင့်ကွန်ပျူတာတွင် Password ပေးထားပြီး Log in လုပ်ရန် ပေးထားသည့်
Password ကို လုံးဝမမှတ်မိတော့ပဲ Admin Password ကိုဖျက်လိုတဲ့အခါ (သို့) မဟုတ်
တစ်ခြားသူတစ်ဦးတစ်ယောက်ရဲ့ administrator ၏ Admin Password ကို Hack လိုတဲ့အခါ
ဖေါ်ပြပါ နည်းလမ်းများအတိုင်း Step by Step ပြုလုပ်သွားလိုက်ပါ၊ Software မလိုဘူးနော်
Windows 7 Admin Password ကို Hack နည်းဖြစ်ပါတယ် 1000% ဖြစ်ပါတယ်။

Windows 7 Admin Password ကို Hack နည်း Software မလို 1000%
========================================
ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ
ကွန်ပျူတာရဲ့ Advanced Boot Options မှ Repair Method မှသွားရမှာဖြစ်လို့
အောက်ပါပုံအတိုင်း Starting Windows လို့မြင်နေရတဲ့အခါ ကွန်ပျူတာကီးဘုတ်မှ
F8 ကိုနှိပ်ထားလိုက်ပါ၊ (Windows Recovery Option ဟုခေါ်)
အောက်ပါပုံအတိုင်း Windows Error Recovery option ဖြင့် တက်လာပါလိမ့်မယ်
Lauch Starup repair (recommended) ဆိုတာကို ရွေးချယ်ပြီး Enter ကိုခေါက်လိုက်ပါ။
Lauch Starup repair (recommended) ဆိုတာကို ရွေးချယ်ပြီး Enter ကိုခေါက်လိုက်ပါ။
windows is loading files... ဆိုပြီးမြင်နေရရင်တော့ ခနစောင့်နေလိုက်ပါ
အောက်ပါပုံအတိုင်း Microsoft Corporation ဆိုပြီးမြင်နေရရင်တော့
Windows ကို Recovery လုပ်နေတာပါ စောင့်နေလိုက်ပါ။
အောက်ပါပုံအတိုင်း Startup Repair ဖြင့်တက်လာခဲ့ရင် မိနစ်အနည်းငယ်
ကြမှာဖြစ်တဲ့အတွက် ပြီးဆုံးအောင်စောင့်နေလိုက်ပါ။
System Restore ပြုလုပ်မလား စသည့်ဖြင့် မြင်နေရရင်တော့
Cancel ဆိုတာကို နှိပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်း။
Cancel ဆိုတာကို နှိပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်း။
အောက်ပါပုံအတိုင်း Attempting repairs... ဆိုပြီး မြင်နေရရင်တော့ ငါးမိနစ် (သို့)
ဆယ်မိနစ်လောက် ကြာနိုင်ပါတယ် ပြီးအောင် စောင့်နေလိုက်ပါ (ဘာမှထပ်လုပ်နေစရာမလိုပါ)
Windows cannot repair this computer automatically ဆိုပြီးပေါ်လာပါလိမ့်မယ်
အောက်ပါပုံအတိုင်း Hide problem details ဆိုတာကိုနှိပ်လိုက်ပါ
မောက်စ့်ဖြင့် Scroll Down ကိုအောက်သို့ဆွဲချပြီး
X:\windows\system32\en-US\erofflps.txt ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း erofflps - Notepad ဖြင့်ပွင့်လာတဲ့အခါ File >>Open ဆိုပြီးနှပ်လိုက်ပါ
အောက်ပါပုံအတိုင်း တက်လာခဲ့ရင်တော့ Computer ကိုတစ်ချက်နှိပ်ပါ
မိမိကွန်ပျူတာတွင် Windows ရှိသည့် Local Disk သို့သွားရမှာဖြစ်ပါတယ်
(ဥပမာ- Local Disk (C:) စသည်)
Windows ဆိုတာကိုထပ်နှိပ်ပါ
Scroll Down ကိုအောက်သို့ဆွဲချပြီး System32 ကိုထပ်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း Files of type: နေရာတွင် All Files ဆိုတာကိုပြောင်းပေးလိုက်ပါ
Scroll Down ကိုအောက်သို့ဆွဲချပြီး sethc သို့သွားလိုက်ပါ အောက်ပါပုံအတိုင်း
ဒီတစ်ခါ sethc နေရာကို Right -Click ထောက်ပြီး Rename ပြောင်းပေးရမှာ
ဖြစ်တဲ့အတွက် အောက်ပါပုံအတိုင်း sethc1 ဆိုပြီးပြောင်းပေးပြီး Enter ကိုခေါက်ပါ။
ဒီတစ်ခါ Scroll Down ကိုအပေါ်သို့ ဆွဲတင်ပြီး cmd ဖိုင်ကိုလိုက်ရှာပါ
cmd ကို အောက်ပါပုံအတိုင်း sethc ဆိုပြီး နာမည်ပြောင်းလိုက်ပြီး
ကွန်ပျူတာကီးဘုတ်မှ Enter ကီးကိုခေါက်လိုက်ပါ။
အားလုံးပြီးသွားရင်တော့ Windows များကို Exit or Close ကိုနှိပ်ပြီးထွက်ပါ
အောက်ပါပုံအတိုင်း Don't send ကိုဆက်နှိပ်ပေးလိုက်ပါ
အောက်ပါပုံအတိုင်း Finish ကိုနှိပ်ပါ
ကွန်ပျူတာမှာ Restart ကျသွားပြီး Starting Windows ဖြင့်တက်လာပါလိမ့်မယ်
ဒီတစ်ခါ ပုံမှန်အတိုင်း Log in Windows သို့ရောက်သွားပါလိမ့်မယ်
ဒီတစ်ခါ Setch.exe ကို ဖွင့်ပြီး အသုံးပြုရမှာဖြစ်လို့
ကွန်ပျူတာကီးဘုတ်မှ shift ကို ငါးခေါက် ဆက်တိုက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း sethc.exe ဖြင့် Command Prompt ပွင့်လာပါလိမ့်မယ်
net user လို့ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ
ကွန်ပျူတာပိုင်ရဲ့ နာမည် (Name) ကိုမသိခဲ့ရင်လျှင် Net user ဆိုပြီး
ရိုက်ထည့် Enter ခေါက်လိုက်ရင် ကွန်ပျူတာပိုင်ရှင်၏ Name (နာမည်) ပေါ်လာပါလိမ့်မယ်။
ဥပမာ - Administrator ..... Chad.....Guest ဆိုပြီးမြင်နေရပါလိမ့်မယ်
ထိုတွင် .....Chad..... ဆိုပြီး မြင်နေရသည့် (Name) နာမည်က

ကွန်ပျူတာပိုင်ရှင် Administrator ပဲဖြစ်ပါတယ်။
ကွန်ပျူတာရဲ့ Admin (Name) နာမည်ကိုသိပြီးသားဆိုရင်တော့
net user * ဆိုပြီးရိုက်ထည့်ပြီး Enter ကိုခေါက်ပါ
Enter ကီးကိုခေါက်လိုက်တဲ့အခါ အောက်ပါအတိုင်း ဖြစ်သွားပါလိမ့်မယ်
ဒီတစ်ခါ အောက်ပါ အတိုင်း Command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ
Net user (Admin Account -နာမည်ကို (သို့) ကွန်ပျူတာပိုင်ရှင်နာမည်)
Net user (Admin Account -နာမည်ကို (သို့) ကွန်ပျူတာပိုင်ရှင်နာမည်)
ဒီနေရာတွင် Option နှစ်ခုပြုလုပ်နိုင်ပါတယ်၊ တကယ်လို့ Admin ၏ password ကိုတိုက်ရိုက်
Delete ပြုလုပ်လို့ရသလို (သို့) Admin ၏ Password ကိုပြောင်းလဲအသုံပြုနိုင်ပါတယ်။
Delete ပြုလုပ်လို့ရသလို (သို့) Admin ၏ Password ကိုပြောင်းလဲအသုံပြုနိုင်ပါတယ်။
Password ပြောင်းလဲအသုံးပြုလိုက New Password ကိုပေးလိုက်ပါ
တိုက်ရိုက်ဖျက်လိုတယ်ဆိုရင်တော့ ကီးဘုတ်မှ Enter ကီးကို ဆက်ခေါက်ပါ
တိုက်ရိုက်ဖျက်လိုတယ်ဆိုရင်တော့ ကီးဘုတ်မှ Enter ကီးကို ဆက်ခေါက်ပါ
နောက်ထပ် Enter ကီးကို ထပ်ခေါက်ပေးလိုက်ပါ (နှစ်ချက် ဆက်တိုက်ခေါက်ပေးရမှာပါ)
Admin ၏ Password ကို Delete လုပ်ပြီးဖြစ်လို့
Exit ဆိုပြီးရိုက်ထည့် Enter ခေါက်ပြီး ထွက်လိုက်ပါ
Lock Screen သို့သွားလိုက်ပြီး Log in နေရာတွင်
mouse Cursors မြှာထားပြီး Enter ကီးကိုခေါက်လိုက်ရုံပါပဲ
Welcome ဆိုပြီး Admin Password ကို မတောင်းတော့ပဲ ကွန်ပျူတာပွင့်သွားပါလိမ့်မယ်
ဇူးနစ်(နည်းပညာ) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
( ::::: www.chanmyaemaung.net ::::: )
ချမ်းမြေ့ရဲ့ Facebook စာမျက်နျှာသို့ - ( နှိပ်လိုက်ပါ)
*******************************************************ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။

info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************
Post a Comment