
Samsung ဖုန်းများတွင် Firmware ရေးပြီးသည့်အခါ Bootloop ပြသနာဖြစ်နေခဲ့လျှင်
အလွယ်တကူ ဖြေရှင်းနည်းကို ဖုန်းကလစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Bootloop အကြောင်းကိုပြောမိရင်တော့ ကြုံဖူးကြတဲ့ သူတိုင်း သတိထားမိကြမှာပါ
သူ့ရဲ့သဘောတရား Samsung ဆိုပြီး စာတမ်းပဲ မြင်နေရပြီး ရှေ့ဆက်တက်မလာတော့ပဲ
အချိန်အကြာကြီး ဖြစ်နေတာမျိုးပေါ့
ဘယ်လိုအနေထားမျိုးဖြစ်တတ်လဲဆိုတော့ မိမိဖုန်းရဲ့ မူရင်းပါလာတဲ့ Stock Rom version က
4.4.4, 5.0.2, 5.1.1 ဆိုပြီး ရှိနေတာကို Official မှ ဗားရှင်းအမြင့်ကို OTA Update အနေဖြင့်
တိုက်ရိုက်ချပေး လာတဲ့အခါ ဖုန်းမှာတင် System Update ကနေ Wi-Fi ဖြင့် ဗားရှင်းမြင့်ယူတဲ့အခါမျိုး
(သို့) မိမိဖုန်းအတွက် ဗားရှင်းအမြင့် Firmware ကိုဒေါင်းလော့ပြီး Odin ကနေတင်ယူတဲ့အခါ မျိုးမှာ
Flashing process တစ်ခုလုံး error ကင်းပြီး odin တွင်လည်း Pass ပြပြီး ဖုန်းမှာ Restart ကျပြီး
Samsung ဆိုပြီး Bootloop ကနေတက်မလာတော့ပဲ အချိန်အကြာကြီး ဖြစ်နေတာမျိုးပါ
တက်လာမလားဆိုပြီး စောင့်တယ်... တစ်နာရီကြာလည်းမထူး Firmware ရေးထာများ
မအောင်ဘူးလားမသိဘူးဆိုပြီး ထပ်ရေးပြန်တော့လည်း မထူးခြားပြန် Odin မှာလည်း
Pass ပြနေတာပဲ ဘာဖြစ်ပါလိမ့်မယ် ဆိုပြီး အုံးစားဖူးတဲ့ သူတွေရှိကြမှာပါ...။
တကယ်လို့ သင့်ဖုန်းက Samsung ဖုန်းအမျိုးအစားဖြစ်နေတယ် မိမိဖုန်းအတွက် ဗားရှင်းအမြင့်ကို
Official မှတိုက်ရိုက် ချပေးနေတာကို ဖုန်းကနေတိုက်ရိုက် Update တင်လိုက်ပြီး process တစ်ခုလုံး
အောင်မြင်ပေမယ့်လည်း Samsung ဆိုပြီး Bootloop ကနေတက်မလာတော့ပဲ အချိန်အကြာကြီး ဖြစ်နေခဲ့ရင်
ဗားရှင်းအမြင့် Firmware ကိုဒေါင်းလော့ပြီး Odin ကနေတင်ယူတဲ့အခါ မျိုးမှာ Flashing process
တစ်ခုလုံး error ကင်းပြီး odin တွင်လည်း Pass ပြပြီး ဖုန်းမှာ Restart ကျပြီး Samsung ဆိုပြီး
Bootloop ကနေတက်မလာတော့ပဲ အချိန်အကြာကြီး ဖြစ်နေခဲ့ရင်တော့
သင့်ဖုန်းအတွက် Firmware က Region လည်းမှန်ကန်သလို
ဗားရှင်းအမြင့် Firmware လည်းမှန်ကန်ပါတယ်။
Firmware ရေးမှာထားလည်းမဟုတ် Soft Brick ဖြစ်တာလည်း
မဟုတ်သလို Hard Brick ဖြစ်တာလည်းမျိုးလည်း မဟုတ်ပါ။
အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူဖြေရှင်းပေးလိုက်ပါ
Bootloop ပြသနာဖြေရှင်းနည်း
===================၁။ ဖုန်းကို ပါဝါပိတ်လိုက်ပါ၊ သို့မဟုတ် ဘက်ထရီဖြုတ်လို့ရရင်
ဖြုတ်လိုက်ပါ၊ ဖြုတ်မရတဲ့ Series အမျိုးအစားဆိုရင်တော့ မလိုပါ။
၂။ ဖုန်းကို Power + Vol up + Home ကီးများကို
တွဲနှိပ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။
၃။ Recovery Mode တွင် Wipe Cache partition ကို
ရွေးချယ်ပြီး Clear လုပ်ပေးလိုက်ပါ။
၎။ Wipe Factory Reset partition ကိုလည်းနည်းတူ
Yes delete all .... ဆိုပြီး reset ပြုလုပ်ပေးလိုက်ပါ။
၅။ အားလုံးပြီးသွားရင်တော့ ဖုန်းကို Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို
Restart ချပေးလိုက်ပါ၊ ဖုန်းမှာ Restart ကျပြီး Samsung ဆိုပြီး ထပ်မြင်နေရပါလိမ့်မယ်၊
အချိန်အနည်းငယ်ကြာအောင်ထားလိုက်ပါ၊ ဖုန်းတွင် Cache များကို Clean လုပ်ပြီးတဲ့အခါ
သင့်ဖုန်းတွင် ပုံမှန်အတိုင်း New setup တစ်ခုကို ပြုလုပ်ပေးနိုင်ပါပြီ။
Android ဖုန်းများတွင် “Android is starting” or “Android is upgrading”?
များဖြစ်နေခဲ့လျှင် ဖြေရှင်းနည်း။
(www.zunite.org) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
( ::::: www.chanmyaemaung.net ::::: )
ချမ်းမြေ့ရဲ့ Facebook စာမျက်နျှာသို့ - ( နှိပ်လိုက်ပါ)
*******************************************************ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************
Post a Comment