June 16, 202509:22:52 AM

Sister အဖွဲ့၏ ဂီတပွဲကို Free Show အဖြစ် ကျင်းပမည်

ကိုရီးယားနာမည်ကြီး Sister အဖွဲ့နှင့် K-Pop များပါဝင်ဖျော်ဖြေမည့် ဂီတပွဲကို Free Show အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းဖျော်ဖြေပွဲကို Inno City က အဓိက ပံ့ပိုးကူညီပေးထားခြင်း ဖြစ်ပြီး “Inno City Love Sharing Concert” ပွဲအမည်ရှိ ယင်းဖျော်ဖြေပွဲကို ၁၁-၆-၂၀၁၆ ရက်တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ညနေ ၆ နာရီမှ စတင်ကာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
“ဖျော်ဖြေပွဲကို ရန်ပုံငွေပွဲအဖြစ် ကျင်းပခြင်းဖြစ်ပေမယ့်လည်း ပွဲကြည့်ခွင့်လက်မှတ်ကို ဘယ်လိုယူရ မလဲဆိုတာကိုတော့ တာဝန်ရှိသူများမှ မကြာခင်ကြေညာပေးပါလိမ့်မယ်ဗျာ”ဟု Forever Blossom Co.,Ltd မှ တာဝန်ရှိသူများ၏ ကြေညာချက်အရသိရသည်။
“Inno City Love Sharing Concert” ပွဲတွင် နာမည်ကြီး ကိုရီးယားအဖွဲ့ Sister အဖွဲ့နှင့်အတူ Monsta X, So Chan Whee, Badkiz, Arirang Performance Team တို့က ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း၊ ယင်းဂီတဖျော်ဖြေပွဲမှ အလှူငွေများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရကာ လာရောက်ကြည့်ရှုမည့် K-Pop ပရိသတ်များအနေဖြင့် ယင်းအလှူတွင် ပါဝင်လှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

From Pyi Myanmar Daily News

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.