June 15, 2025

မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် လူငယ်ဟစ်ဟော့ပ် ဖျော်ဖြေပွဲ

လူငယ်ဟစ်ဟော့ပ် အဆိုရှင်များပါဝင်မည့် ဖျော်ဖြေပွဲကို မေလ ၂၈ ရက်ညတွင် မျှော်စင်ကျွန်း၌ ပြု လုပ်မည်ဖြစ်ကြောင်း ဘိုဘိုအန်တာတိန့်မန့်မှ ကိုဘိုစန်းက ပြောသည်။ ယင်းဖျော်ဖြေပွဲတွင် လွှမ်းပိုင်၊ အားတီ၊ ရဲရင့်အောင်၊ ရွှေထူး၊ X Box ၊ Lil'Z တို့နှင့်အတူ Bobby Soxer လည်း ပါဝင်ဖျော် ဖြေမည်ဖြစ်ပြီး ဒီဂျေများ၏ ဖျော်ဖြေမှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ဖျော်ဖြေပွဲလက်မှတ်ကို ကျပ်၈,၀၀၀ သတ်မှတ်ထားပြီး ဘိုဘို တေးထုတ်လုပ်ရေး၊ စီးတီးမတ်ဆိုင်များ၊ Nobody ဆိုင်များ၊ Genius ဆိုင်၊ RUN YGN ဆိုင်၊ Call Center များဖြစ်သည့် 1876 နှင့် 1212 Call Center များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။
ဘိုဘိုအန်တာတိန့်မန့်အနေဖြင့် မေလ ၂၇ ရက်တွင် ပုသိမ်မြို့၌ Ve Ve ဂီတပွဲတော်ဖျော်ဖြေ ပွဲပြုလုပ် ရန် အစီအစဉ်ရှိပြီး ယင်းဖျော်ဖြေပွဲတွင် လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ ပိုပိုနှင့် Bobby Soxer တို့ ပါဝင်မည်ဖြစ်သည်။
ထို့အပြင် မန္တလေးမြို့တွင်လည်း ဇွန်လ ၁၂ ရက်၌ ဇော်ဝင်းထွဋ်၊ လင်းလင်း၊ ထွန်းအိန္ဒြာဗိုနှင့် နီနီခင် ဇော်တို့ ပါဝင်မည့်ဖျော်ဖြေပွဲကို Golden City ကွင်းတွင် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

From 7 Day Daily News

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.