လတ်တလောတွင် သီချင်းများသီဆိုနေသည်သာမက ကြော်ငြာများကိုပါ ရိုက်ကူးလျက်ရှိသည့် အဆိုတော်မျိုးကြီးက သူ၏ ပြောင်းလဲခြင်းများ MTV အား ယခုနှစ်အတွင်း ထွက်ရှိနိုင်အောင် ကြိုးစာေးန ကြောင်းကို “ပြောင်းလဲခြင်းများ MTV ကို ဒီနှစ်ထဲမှာ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ တစ်ခွေလုံးကို ဒါရိုက်တာ ဇော်ကိုကိုနဲ့ ရိုက်နေပါတယ်။ မနှစ်က Audio အခွေထွက်ထားတော့ ဒီနှစ်မှာ MTV ကို ပရိသတ်လက်ထဲ အရောက်ထည့်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ယူလိုက်ဆိုရင် Audio နဲ့ MTV က တော်တော်ကို ခြားသွားတယ်။ အဲလိုမျိုးမဖြစ်အောင် ကြိုးစားနေတယ်”ဟု ဆိုကာ အားပေးနေသည့် ပရိသတ်များကို “ကျွန်တော် သီချင်းစဆိုကတည်းက အခုအချိန်အထိ ထွက်သမျှအခွေ အားပေးနေတဲ့ ပရိသတ်တွေရော၊ ကျွန်တော် ကြော်ငြာပဲရိုက်ရိုက်၊ သီချင်းပဲဆိုဆို ဘာလုပ်လုပ် အားပေးနေတဲ့ ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း လုပ်နိုင်သလောက် လုပ်သွားမှာဖြစ်လို့ ဆက်လက်အားပေးပါဦးလို့”ပြောသွားပါတယ်။
From Pyi Myanmar Daily News
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!