မြန်မာနိုင်ငံတွင် ကျင်းပမည့် Festival of India 2016 ပွဲသို့ အိန္ဒိယမှ ရော့ခ်တေးဂီတအဖွဲ့ လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း The Northeast Today သတင်းဖော်ပြချက်အရ သိရသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆိုပါပွဲတော်ကို ဦးစီးကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ယဉ်ကျေးမှုများ ဖလှယ်ကြရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ မေလ ၂၉ ရက်တွင် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး ဒေလီမှ တေးရေးတေးဆို Nabam Takar နှင့် ပူးပေါင်းတင်ဆက်မည်ဖြစ် ကြောင်း သိရသည်။ တေးဂီတအဖွဲ့၏ မန်နေဂျာ Boddy Han က “ဒီဖျော်ဖြေပွဲက စီးပွားရေးလုပ်ငန်း အတွက် ရေရှည်ပူးပေါင်းမှုအပြင် ယဉ်ကျေးမှုဖလှယ်ဖို့အတွက်ပါ ဖြစ်ပါတယ်”ဟု ပြောသည်။ အဆိုပါ တေးဂီတအဖွဲ့သည် Yesterdrive အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ယင်းတို့၏ ပထမဆုံး အယ်လ်ဘမ်ကို ထုတ်ခဲ့ပြီး ဒုတိယအယ်လ်ဘမ်ကို လုပ်ဆောင်နေကြောင်းသိရသည်။
Credit- Pyi Myanmar Daily News
Post a Comment