လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် Computex Taipei ပွဲမတိုင်မီ Acer က ဈေးသက်သာသည့် 2-in-1 notebook နှစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။
Switch V 10 နှင့် Switch One 10 နှစ်မျိုးစလုံးတွင် ဖြုတ်နိုင်တပ်နိုင်သော ၁၀ လက်မအရွယ် IPS display များနှင့် quad-core Intel Atom ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ၎င်း notebook နှစ်မျိုး၏ အဓိကခြားနားချက်မှာ V 10 ကို အရောင်စုံလင်စွာရရှိနိုင်ခြင်း၊ လက်ဗွေဖတ်စနစ်ဖြင့် သုံးနိုင်ခြင်း၊ အားသွင်းရန်နှင့် အချက်အလက်ရွှေ့ပြောင်းရန်အတွက် USB-C port တစ်ခုပါဝင်ခြင်းတို့ ဖြစ်သည်။
Switch V 10 ကို အမေရိကန်တွင် တတိယသုံးလပတ်အတွင်း ၂၄၉ ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်သည်။ One 10 ကိုမူ ဇူလိုင်လတွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။
Ref: TheVerge
Credit Internetjournal
သီဟထိုက်
Credit To... (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment