June 15, 2025

နှစ်ပတ်ကျော်ကြာမြင့်မည့် မြန်မာဂီတပွဲတော်ကို ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းကျင်းပမည်

မြန်မာဂီတပွဲတော် (Myanmar Music Festival 2016) ကို ရန်ကုန်မြို့တွင် မေလ ၂၈ ရက်မှ ဇွန် ၁၄ ရက်အထိ ပြည်ပဂီတနယ်ပယအသီးသီးမှ ပညာရှင်များ လာရောက်၍ နှစ်ပတ်ကျော်ကြာကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပွဲတော်သည် မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက်ပြုလုပ်ခြင်း ဖြစ်ပြီး အမေရိကန်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ နာမည်ကြီး စန္ဒရားပညာရှင်များ၊ တယောပညာရှင်များ လာရောက်ပါဝင် အားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ဒီပွဲက နိုင်ငံတကာက အနုပညာရှင်တွေ မြန်မာနိုင်ငံက တက်သစ်စပညာရှင်တွေနဲ့ ပူးပေါင်းပြုလုပ်တဲ့ အထူးယဉ်ကျေးမှုဖလှယ်ပွဲပါပဲ။ မြန်မာဂီတပွဲတော် ဖျော်ဖြေပွဲကြီးအတွက် ပြည်ပက ပညာရှင်တွေလာ ရောက်တဲ့အခါ ဖျော်ဖြေပွဲနေ့ကြီးမတိုင်ခင် ရက်သတ္တပတ်ကာလအတွင်း ပြည်တွင်းက ဂီတပညာရှိတွေနဲ့ တရင်းတနှီး ပညာတွေဖလှယ်နိုင်ဖို့အတွက် ခုနစ်မိုင်က ခရေအင်တာနေရှင်နယ်ကျောင်းမှာ ဖျော်ဖြေပွဲ လေးတွေပါ။ ဇွန် ၁ ရက်ကစပြီး ဇွန် ၁၀ ရက်ထိ လုပ်သွားမယ်”ဟု စီစဉ်သူ မမီမီထွန်းက ဆိုသည်။
Myanmar Music Festival 2016 ပွဲတော်ကာလအတွင်း ဂီတနှင့် ပတ်သက်၍ လူထုဆွေးနွေးပွဲကို မေလ ၂၈ ရက်တွင် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ Monument Books စင်တာတွင်လည်းကောင်း၊ မြန်မာနိုင်ငံမှ တက်သစ်စ ဂီတ၀ါသနာရှင်များအတွက် ဇွန် ၁ ရက်၊ ၂ ရက်၊ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၁၀ တို့တွင် ပြည်ပပညာရှင်တို့၏ အနုပညာဖလှယ်ပွဲအနေဖြင့်လည်းကောင်း၊ ဇွန်လ ၈ ရက်တွင် ပါရမီဆေးရုံ ၌ လည်းကောင်း တင်ဆက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ပြည်ပပညာရှင်များနှင့် မြန်မာဂီတပညာရှင် တို့ ပူးပေါင်းတင်ဆက်မည့် မြန်မာဂီတပွဲတော်ကိုမူ အမျိုးသားဇာတ်ရုံတွင် ဇွန်လ ၁၃ ရက်၌ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit- Pyi Myanmar Daily News

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.