Captain America: Civil War ဇာတ်ကားကိုလည်း အားလုံးကြည့်ပြီးကြပြီထင်ပါတယ်။ ကြည့်ပြီးပေမယ့် ကျွန်တော်တို့တွေသိလိုက်တဲ့ အချက်တစ်ချက်ကတော့ ခေါင်းဆောင်ပါဝင်တဲ့ Steve Rogers (Captain America) နဲ့ Marvel ရဲ့နည်းပညာပြောင်းလဲမှုခေါင်းဆောင်ဖြစ်တဲ့ Iron Man တစ်ဖြစ်လည်း သူဌေးကြီး Tony Stark တို့ဟာ တရုတ်နိုင်ငံထုတ်၊ အလယ်အလတ်တန်းစား Vivo V3 စမတ်ဖုန်းကို ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ Geek ရဲ့ဖော်ပြချက်အရ၊ ဒီဖုန်းကိုသုံးစွဲပြရတာဟာ တရုတ်နိုင်ငံရဲ့ Marvel ရုပ်ရှင်ပရိတ်သတ်တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။အရင်ဆုံး Captain Rogers ဟာ ဒီဇာတ်ကားထဲမှာ ဖုန်းနဲ့ SMS ဖတ်တာ၊ ဖုန်းပြောတာတွေပြုလုပ်ခဲ့ရာမှာ Vivo စမတ်ဖုန်းကိုအသုံးပြုခဲ့တာပါ။ Stark ကတော့ Vivo ဖုန်းကနေ Holograms ပုံရိပ်တွေကိုပါထုတ်လုပ်ခဲ့တာကြောင့် ဖုန်းကို သူကိုယ်တိုင်ပြန်လည်ပြင်ဆင်ပြုလုပ်ခဲ့တာလား ဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တကယ်ဆိုရင်ယခုချိန်ထိ အဆင့်မြှင့်ဖုန်းတွေမှာတောင် Hologram နည်းပညာဟာ စိတ်ကူးယဉ်အဆင့်ပဲရှိသေးပေမယ့် Stark ကတော့ သူ့ဖုန်းတွေကို အမိုက်စားဖြစ်အောင်ပြင်ဆင်ခဲ့တာပါ။ နောက်ပိုင်းထွက်မယ့် ဇာတ်ကားတွေမှာတော့ ဖုန်းကို iPhone ဒါမှမဟုတ် Samsung Galaxy စီးရီးဖုန်းတွေလို ဖုန်းတွေကို ကိုင်ဖွယ်ရှိနေပါတယ်။ အရင်ထွက်ခဲ့တဲ့ Iron Man ဇာတ်ကားမှာလဲ LG ဖုန်းကို အဆင့်မြှင့်ထားတဲ့ ဖုန်းကိုကိုင်ခဲ့ဖူးပါတယ်။
Vivo V3 ဟာ မျက်နှာပြင်အကျယ် ၅လက်မရှိတဲ့ ဒေါ်လာ၃၇၀ တန်ဖုန်းနဲ့ မျက်နှာပြင် ၅.၅လက်မရှိတဲ့ ဒေါ်လာ ၄၉၀ တန် Vivo V3Max ဆိုပြီးတော့ နှစ်မျိုးခွဲပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Vivo ဖုန်းဟာ အနောက်နိုင်ငံတွေမှာတော့ လူသုံးများတဲ့ ဖုန်းအမျိုးအစားထဲမှာမပါပဲ ဈေးကွက်ဝေစုရဲ့ ၂.၇ရာခိုင်နှုန်းကိုရရှိထားတာပါ။ ဒါဆိုရင်ဘာလို့များ Tony နဲ့ Cap တို့ဟာ အကောင်းဆုံးနည်းပညာတွေ အကောင်းဆုံးဖုန်းတွေကို ကိုင်နိုင်ပေမယ့် တရုတ်ဖုန်းအမျိုးအစားကို အသုံးပြုခဲ့ကြတာပါလိမ့်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူတွေဟာ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ကြိုးစားလာတာနဲ့အညီ တရုတ်နိုင်ငံဟာ အမေရိကန်ပြီးရင် ကြည့်ရှုတဲ့ ရုပ်ရှင်ပရိတ်သတ် ဒုတိယအများဆုံးရှိတဲ့ နိုင်ငံဖြစ်လို့ တရုတ်ဈေးကွက်ကလာတဲ့ ဒီထုတ်ကုန်ပစ္စည်းတွေကို ကိုင်ပြတာဖြစ်တယ်လို့ Geek ကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူတွေဟာ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ကြိုးစားလာတာနဲ့အညီ တရုတ်နိုင်ငံဟာ အမေရိကန်ပြီးရင် ကြည့်ရှုတဲ့ ရုပ်ရှင်ပရိတ်သတ် ဒုတိယအများဆုံးရှိတဲ့ နိုင်ငံဖြစ်လို့ တရုတ်ဈေးကွက်ကလာတဲ့ ဒီထုတ်ကုန်ပစ္စည်းတွေကို ကိုင်ပြတာဖြစ်တယ်လို့ Geek ကဆိုပါတယ်။
Ref: Gizmodo
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!