July 17, 202509:26:09 PM

ဘက်ထရီအား ၅၀ ရာခိုင်နှုန်းအထိ ပိုသုံးနိုင်မယ့် power-saving mode ပါဝင်လာတဲ့ Opera browser

Opera ကတော့ ဘရောက်ဆာအသုံးပြုသူတွေအတွက် အမိုက်စား feature တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေးပြီး၊ user အသစ်တွေကို ဆွဲဆောင်နေပါတယ်။မကြာသေးခင်က Adblocker နဲ့ အခမဲ့ VPN app တစ်ခုကို ထုတ်ပေးခဲ့တဲ့ Opera ဟာ ယခုအခါမှာလည်း၊ လက်ပ်တော့တွေရဲ့ ဘက်ထရီသက်တမ်းကို ၅၀ ရာခိုင်နှုန်းအထိ ပိုတိုးပေးနိုင်တဲ့ power-saving mode ကို ဘရောက်ဆာမှာ ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။ယခု စွမ်းဆောင်ရည်အသစ်ကို Mac ကော Windows PC တွေမှာပါ ရရှိသွားမှာဖြစ်ပြီး၊ မိုဘိုင်းဘရောက်ဆာမှာ တော့ ရရှိဦးမှာမဟုတ်သေးပါဘူး။Opera ရဲ့ ပြောကြားချက်အရ၊ ဒီ power-saving mode ကို Windows 10 64-bit တင်ထားတဲ့ RAM 16GB ပါ Core-i7 Dell XPS 13 မှာ စမ်းသပ်ကြည့်ခဲ့ရာမှာ၊ ဘက်ထရီသက်တမ်းတစ်နာရီကျော် ပိုခံခဲ့တယ်လို့ သိရပါတယ်။“ အပြင်သွားနေတုန်းဖြစ်ဖြစ်၊ အရေးတကြီးကိစ္စတစ်ခုခုလုပ်နေတုန်းဖြစ်ဖြစ် လက်ပ်တော့ကဘက်ထရီကုန်သွားရင် တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုကျနော်တို့ရဲ့ power-saving mode က သင့်လက်ပ်တော့ဘက်ထရီနည်းနေပြီဆိုရင်၊ အလိုလိုပေါ်လာမှာဖြစ်ပြီး၊ mode ဖွင့်ပေးလိုက်တာနဲ့၊ လက်ကျန်ဘက်ထရီသက်တမ်းကို နောက်ထပ် ၅၀ ရာခိုင်နှုန်းနီးပါးလောက် ပိုအသုံးခံအောင် လုပ်ပေးနိုင်ပါတယ်” လို့ Opera ရဲ့ အင်ဂျင်နီယာဌာနဒုတိယအကြီးအကဲ Krystian Kolondra က ရှင်းပြပါတယ်။လက်ပ်တော့အားသွင်းကြိုးကိုဖြုတ်လိုက်တာနဲ့လည်း၊ Opera ဘရောက်ဆာကနေ power-saving mode ပြောင်းသုံးဖို့ စာပေါ်လာမှာဖြစ်ပြီး၊ နှိပ်လိုက်တာနဲ့ low-power mode ကို ပြောင်းသွားမှာဖြစ်တယ်လို့ Opera က ဆိုပါတယ်။ယခု feature အသစ်ဟာ Opera 39 developer edition ဘရောက်ဆာမှာ အရင်ပါဝင်လာမှာဖြစ်ပြီး၊ stable ဗားရှင်းမှာတော့ ဘယ်တော့ပါမလဲမသိရသေးပါဘူး။

Ref: PC World

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.