နာမည်ကျော် strategy ဂိမ်းစီးရီးဖြစ်တဲ့ Civilization ရဲ့ ဂိမ်းအသစ်ကတော့ အောက်တိုဘာလမှာ ထွက်ရှိလာတော့မှာပါ။
ဗုဒ္ဓဟူးနေ့မှာ၊ Civilization ဂိမ်းရေးဆွဲသူကုမ္ပဏီ Firaxis က Civilization VI ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ PC အတွက် ထုတ်လုပ်သွားမှာဖြစ်ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာ ထုတ်ခဲ့တဲ့ Civilization V ဂိမ်းဟာ အကြီးအကျယ်အောင်မြင်ခဲ့တာကြောင့်၊ ယခု ဂိမ်းအသစ်မှာလည်း အကြီးအကျယ်ပြောင်းလဲမှုမျိုးရှိသွားမှာမဟုတ်ဘဲ၊ အဓိကဂိမ်းကျောရိုးက အတူတူပဲဖြစ်ကာ၊ feature အသစ်တွေ ထပ်မံပါဝင်လာတယ်လို့ သိရပါတယ်။
“ Civilization ဂိမ်းပရိတ်သတ်တွေအနေနဲ့ Civilizatio V ဂိမ်းမှာ အကြိုက်တွေ့ခဲ့တဲ့အရာတွေအကုန်လုံးကို ကျနော်တို့ ထပ်မံယူဆောင်လာပြီး၊ Civilization VI ရဲ့ gameplay အသစ်မှာ ပေါင်းထည့်ထားပါတယ်” လို့ အဓိကဦးဆောင်ထုတ်လုပ်သူ Dennis Shirk က ပြောကြားခဲ့ပါတယ်။
Firaxis အနေနဲ့၊ Civilization VI မှာ ပါဝင်လာမယ့် ဂိမ်း feature အသစ်အားလုံးကို သေသေချာချာ မပြောခဲ့ပေမယ့်၊ အဓိကပြောင်းလဲမှုအနည်းငယ်ကိုတော့ ပြောပြသွားခဲ့ပါတယ်။
အဆိုပါပြောင်းလဲမှုတွေကတော့၊ ဒီဂိမ်းမှာ မြို့တွေက ပိုမိုအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာပြီး၊ အရွယ်အစားလည်း ပိုကြီးလာတယ်လို့ သိရပါတယ်။ ဂိမ်းအကွက်တစ်ကွက်ပဲ နေရာယူတော့မှာမဟုတ်ဘဲ၊ ဂိမ်းအကွက်တွေအများကြီးထပ်ချဲ့လို့ရမှာဖြစ်ပါတယ်။ ဒီ့အပြင်၊ မြို့တည်နေရာကလည်း ပိုမိုအရေးပါလာပြီး၊ ရေနဲ့နီးတဲ့နေရာမှာဆောက်ပါက၊ Sailing လိုမျိုး ရေနဲ့ပတ်သတ်တဲ့နည်းပညာတွေကို လေ့လာရာမှာ ဂိမ်း bonus တွေ ရသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကတော့၊ အရင် CIV ဂိမ်းတွေလိုမဟုတ်တော့ဘဲ၊ ပြိုင်ဘက် နိုင်ငံခေါင်းဆောင်တွေဟာ အချိန်နဲ့အမျှ စိတ်နေသဘောထားပြောင်းလဲနေမှာဖြစ်ပြီး၊ ပလေယာက သူတို့နဲ့ ဆက်ဆံတဲ့အပေါ် အဓိကမူတည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလမှာထွက်ရှိမယ့် Civilization VI ဟာ ဂိမ်းအင်ဂျင်အသစ်မှာ ရေးဆွဲထားတာဖြစ်တာကြောင့်၊ ဂိမ်းရုပ်ထွက်ပုံစံက ပြောင်းလဲမှုရှိသွားပြီး၊ အရောင်ပိုမိုတောက်ပမှုရှိကာ၊ အသေးစိတ်ကျနမှု ရှိလာပါတယ်။ AI (ကွန်ပြူတာ) ပြိုင်ဘက်ခေါင်းဆောင်တွေအနေနဲ့လည်း သက်ဝင်လှုပ်ရှားမှု ပိုရှိလာတယ်လို့ ဆိုပါတယ်။
Civilization V ဂိမ်းကို ဒီဂျစ်တယ်ကော၊အခွေနဲ့ပါ ၈ သန်းလောက် ရောင်းချခဲ့ရပြီး၊ Civilization ဂိမ်းစီးရီး တစ်ခုလုံးဆို ၃၃ သန်းလောက် ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။
Ref: The Verge

Credit-
http://digitaltimes.com.mm/

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!