ဘော်ဒါတွေအများကြီးနဲ့ ခရီးသွားတဲ့အခါ အမိုက်တကာ့အမိုက်စား Selfie ပုံတွေရိုက်ကူးချင်သူတွေအတွက် မိုးပျံ Selfie ကင်မရာ ထွက်ပေါ်လာပါပြီ။
Selfie စတစ်နဲ့ ရိုက်တဲ့အခါ၊ ဓာတ်ပုံမှာ Selfie စတစ်အချောင်းပုံကြီးကပါ ပါနေတတ်တဲ့အတွက်၊ ပြီးပြည့်စုံ ကောင်းမွန်တဲ့ Selfie ပုံ ဘယ်တော့မှရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိုးပျံကင်မရာကတော့ ကိုယ့်ခေါင်းပေါ်မှာ တစ်ချိန်လုံး ပျံဝဲနေပြီး အမိုက်စားဓာတ်ပုံတွေကို ထောင့်ပေါင်းစုံ၊ဘက်ပေါင်းစုံကနေ ရိုက်ကူးနိုင်ပါတယ်။
“ Selfie စတစ်တွေရဲ့ အဓိကပြဿနာက အတိုအရှည်အကန့်အသတ်ရှိတာပဲ။ ဒါကြောင့် ကိုယ့်ခေါင်းပေါ်ကနေ ပျံသန်းလိုက်ပါပြီး၊ ဓာတ်ပုံတွေရိုက်ပေးမယ့်အရာတစ်ခုကို တီထွင်ဖို့ စိတ်ကူးရခဲ့တာပါ” လို့ loT Group ရဲ့ အမှုဆောင်ဒါရိုက်တာ Ian Duffel က ROAM-e ဖြစ်ပေါ်လာပုံကို ပြောပြပါတယ်။
ROAM-e မိုးပျံကင်မရာဟာ ပိုင်ရှင်ရဲ့စမတ်ဖုန်းကို ဘလူးတုသ်နဲ့ ချိတ်ဆက်ပြီးတာနဲ့၊ မျက်နှာဖတ်နည်းပညာကိုအသုံးပြုပြီး၊ ပိုင်ရှင်နဲ့ ၂၅ မီတာအကွာအဝေးအတွင်း အမြဲလိုက်ပါ ပျံသန်းနေမှာဖြစ်ပါတယ်။ ပိုင်ရှင်အနေနဲ့ ကိုယ်ကြိုက်တဲ့အနေအထားကနေ အမိုက်စားဓာတ်ပုံတွေ လှမ်းရိုက်ကူးနိုင်သလို၊ ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်ရှု နိုင်တဲ့ panorama ဓာတ်ပုံတွေနဲ့ live stream ဗီဒီယိုတွေပါ မိနစ် ၂၀ စာအထိ ရိုက်ကူးနိုင်ပါတယ်။

ROAM-e လို့အမည်ရတဲ့ မိုးပျံ Selfie ကင်မရာကို သြစတြေးလျနည်းပညာကုမ္ပဏီ loT Group က တီထွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ကြာသပတေးနေ့ကစတင်ကာ ကြိုတင်မှာယူနိုင်နေပြီ ဖြစ်ပါတယ်။
“ Selfie စတစ်တွေရဲ့ အဓိကပြဿနာက အတိုအရှည်အကန့်အသတ်ရှိတာပဲ။ ဒါကြောင့် ကိုယ့်ခေါင်းပေါ်ကနေ ပျံသန်းလိုက်ပါပြီး၊ ဓာတ်ပုံတွေရိုက်ပေးမယ့်အရာတစ်ခုကို တီထွင်ဖို့ စိတ်ကူးရခဲ့တာပါ” လို့ loT Group ရဲ့ အမှုဆောင်ဒါရိုက်တာ Ian Duffel က ROAM-e ဖြစ်ပေါ်လာပုံကို ပြောပြပါတယ်။
ROAM-e မိုးပျံကင်မရာဟာ ပိုင်ရှင်ရဲ့စမတ်ဖုန်းကို ဘလူးတုသ်နဲ့ ချိတ်ဆက်ပြီးတာနဲ့၊ မျက်နှာဖတ်နည်းပညာကိုအသုံးပြုပြီး၊ ပိုင်ရှင်နဲ့ ၂၅ မီတာအကွာအဝေးအတွင်း အမြဲလိုက်ပါ ပျံသန်းနေမှာဖြစ်ပါတယ်။ ပိုင်ရှင်အနေနဲ့ ကိုယ်ကြိုက်တဲ့အနေအထားကနေ အမိုက်စားဓာတ်ပုံတွေ လှမ်းရိုက်ကူးနိုင်သလို၊ ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်ရှု နိုင်တဲ့ panorama ဓာတ်ပုံတွေနဲ့ live stream ဗီဒီယိုတွေပါ မိနစ် ၂၀ စာအထိ ရိုက်ကူးနိုင်ပါတယ်။
မိုးပျံကင်မရာရဲ့ ဒလက်တွေဟာ အသုံးမလိုတဲ့အခါ ခေါက်သိမ်းထားနိုင်ပြီး၊ အရွယ်အစားကလည်း ရေသန့်ဘူးသေး တစ်ဘူးစာလောက်တောင် မရှိတာကြောင့် ဘောင်းဘီအိတ်ထဲတောင် ထည့်ယူသွားနိုင်ပါတယ်။ ဘက်ထရီက ဖြုတ်တပ်၊လဲလှယ်နိုင်သလို၊ အားအမြန်သွင်းနည်းပညာ ပါဝင်တာကြောင့် ခရီးသွားတဲ့အခါ ယူသွားလို့အဆင်ပြေပြီး၊ အမိုက်စားဓာတ်ပုံတွေကို ကောင်းကင်ပေါ်ကနေ လှမ်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ROAM-e ဈေးနှုန်းကတော့ ၃၄၉ ဒေါ်လာဖြစ်ပြီး၊ ဂျွန်လမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: EFTM
Credit - Digitaltimes
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!