July 10, 2025

RAM 4GB နဲ့ဘက်ထရီ5000mAhပါဝင်တဲ့Samsung Galaxy A9 Pro ထွက်ရှိ


 
 စွမ်းဆောင်ရည်အမြင့်စား Samsung Galaxy ဖုန်းကိုမှ ကိုင်ချင်သူတွေအတွက် Galaxy A9 Pro ထွက်လာပါပြီ။
ဒီဖုန်းဟာ လွန်ခဲ့တဲ့သုံးလလောက်ကထွက်ထားတဲ့ Galaxy A9 စမတ်ဖုန်းရဲ့ Pro ဗားရှင်းဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
Samsung Galaxy A9 Pro ဖုန်းဟာ နာနို SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ Galaxy A9 ဖုန်းထက် ကင်မရာကော၊ RAM ကော၊ ဘက်ထရီပါ ပိုမိုကောင်းလာပါတယ်။
ကိုယ်ထည်နဲ့ ဒီဇိုင်းပိုင်းကတော့ တခြားပရီမီယမ် Galaxy ဖုန်းတွေဖြစ်တဲ့ Note 5 တို့ S6 တို့လို သတ္တုဖရိန်၊ ဖန်သားကိုယ်ထည်ဒီဇိုင်းနဲ့ ဖြစ်ပြီး၊ မျက်နှာပြင်က ၆ လက်မအရွယ် full-HD (1080×1920 pixels) Super Amoled မျက်နှာပြင်ဖြစ်ပါတယ်။
ပရိုဆက်ဆာပိုင်းမှာ Qualcomm Snapdragon 652 SoC ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ ဂရပ်ဖစ်ယူနစ် ပိုင်းအတွက် Adreno 510 GPU ပါရှိပါတယ်။ မျက်နှာပြင်နဲ့ ဂရပ်ဖစ်ပိုင်းမှာ လုံးဝကောင်းမွန်တဲ့ ဖုန်းဖြစ်ပြီး၊ ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်ရာမှာ အကောင်းဆုံးရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
RAM အနေနဲ့ A9 ဖုန်းမှာ 3GB သာ ပါပေမယ့်၊ ယခု A9 Pro ဖုန်းမှာတော့ 4GB အထိ ပါရှိပြီး၊ ဘက်ထရီအားကလည်း 4000mAh ကနေ 5000mAh တောင် ဖြစ်သွားပါတယ်။
ကျောကင်မရာမှာ A9 တုန်းက 13 megapixel ဖြစ်ပေမယ့်၊ A9 Pro ဖုန်းမှာတော့ 16 megapixel ဖြစ်သွားပြီး၊ selfie ကင်မရာကတော့ A9 နဲ့ အတူတူ 8 megapixel ပဲ ဖြစ်ပါတယ်။ ရှေ့ကင်မရာရဲ့ ထူးခြားချက်တွေကတော့ Selfie မြင်ကွင်းကျယ်ပုံရိုက်ကူးနိုင်မှု၊ self-portrait mode ရိုက်ကူးနိုင်မှု၊ စတဲ့ feature အစုံ ပါဝင်ပါတယ်။
ဖုန်းမျက်နှာပြင်ပေါ်က Home ခလုတ်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ တခြား Galaxy ဖုန်းအများစုလိုပဲ၊ Home ခလုတ်ကို နှစ်ချက်နှိပ်လိုက်ရင်၊ ကင်မရာ app ပွင့်လာမှာဖြစ်ပါတယ်။ NFC ပါဝင်တာကြောင့် Samsung Pay လည်းအသုံးပြုနိုင်မှာဖြစ်ပြီး၊ Wi-Fi ၊ Bluetooth ၊ GPS ၊ Beidou ၊ USB 2.0 တို့ ချိတ်ဆက် နိုင်ပါတယ်။
Samsung Galaxy A9 Pro စမတ်ဖုန်းကို အဖြူရောင်နဲ့ ရွှေရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ ဈေးနှုန်းကတော့၊ မြန်မာငွေ ခြောက်သိန်းခွဲလောက် ရှိမှာပါ။
Ref: Gadgets 360
Credit - Digitaltimes
 
www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.