တရုတ်နည်းပညာကုမ္ပဏီ Huawei
က သူတို့ရဲ့ စမတ်ဖုန်းတွေရဲ့ရောင်းအားဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက ၃၂ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ Huawei အနေနဲ့ တစ်ကမ္ဘာလုံး စမတ်ဖုန်းရောင်းချမှုဝင်ငွေ ဒေါ်လာ ၆၀ဘီလျံ ထဲက ဒေါ်လာ ၅.၇ဘီလျံ ရရှိထားခဲ့တာဖြစ်ပါတယ်။ Huawei ရဲ့အခုလိုအမြတ်ဝင်ငွေရရှိမှုဟာ ပထမဆုံး ကမ္ဘာ့နည်းပညာဈေးကွက်ကို ချိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ခုနှစ်နှစ်အတွင်း အကောင်းဆုံးအမြတ်ဝင်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။၁၉၈၇ ခုနှစ်အတွင်းက Switching Gear တွေထုတ်လုပ်တဲ့ လုပ်ငန်းအဖြစ်စတင်တည်ထောင်ခဲ့တဲ့ Huawei ဟာ ၂၀၀၉ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းက Samsung နဲ့ Apple တို့ရဲ့နောက် တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ Huawei ဟာ အစောပိုင်းတုန်းကလည်းပြီးခဲ့တဲ့နှစ်တုန်းက စမတ်ဖုန်းအလုံးရေ ၁၀၈သန်းကျော်တင်ပို့ခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး စမတ်ဖုန်းအလုံးရေ သန်း၁၀၀ကျော်ထုတ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံး တရုတ်ကုမ္ပဏီအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။Huawei ဟာ Telecmmmuniucation လုပ်ငန်းတွေလည်းလုပ်ဆောင်နေပြီး ပြီးခဲ့တဲ့နှစ်က အမြတ်ငွေ ၂၁.၄ရာခိုင်နှုန်းအထိ ရရှိထားတာဖြစ်ပါတယ်။ Huawei ဟာ သူတို့ရရှိထားတဲ့ အမြတ်ဝင်ငွေအားလုံးရဲ့ ၁၅ရာခိုင်နှုန်းလောက်ကို သုတေသနလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ဘီလျံခန့်ရှိတာဖြစ်ပါတယ်။Ref: Gadgets360, Reuters
Credit Digitaltimes
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!