July 12, 2025

Apple ကုမ္ပဏီကို ဒီနေ့၊ ဧပြီလ (၁)ရက်နေ့မှာ စတင်တည်ထောင်ခဲ့တယ်ဆိုတာ သင်သိပါသလား။

 
လက်ရှိနည်းပညာလောကမှာ ထိပ်သီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီကို ၁၉၇၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှာ Steve Jobs ၊ Steve Wozniak နဲ့ Ronald Wayne တို့ သုံးဦးပူးပေါင်းကာ စတင်တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ မူလနာမည်က ‘Apple Computer’ ဖြစ်ပြီး၊ တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေကို ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပထမဦးဆုံးလိုဂိုဒီဇိုင်းက Sir Issac Newton တစ်ယောက် ပန်းသီးပင်အောက်မှာ ထိုင်နေတဲ့ ပုံဖြစ်ပြီး၊ တရားဝင်မသုံးဖြစ်ခဲ့ပါဘူး။

ယနေ့ April Fools’ Day ဟာ Apple ကုမ္ပဏီရဲ့ နှစ်လေးဆယ်ပြည့်မွေးနေ့ဖြစ်ကာ၊ ကုမ္ပဏီရဲ့အောင်မြင်မှုကတော့ ဘယ်သူမဆို Apple လို့ ပြောလိုက်တာနဲ့ စားစရာပန်းသီးအစား Apple ကုမ္ပဏီလိုဂိုကိုပဲ မြင်ယောင်မိမှာ ဖြစ်ပါတယ်။

ဒီနေ့ April Fools’ Day မှာပဲ Gmail ဟာ beta ဗားရှင်းအနေနဲ့ စတင်ထွက်ရှိခဲ့ပြီး၊ စထွက်ထွက်ချင်းမှာ invite-only ဖြစ်လို့၊ အဲ့ခေတ်တုန်းက Gmail အကောင့်တစ်ခု ပိုင်တဲ့လူက တကယ့်ဆရာပါပဲ။


Ref: Wikipedia, thisdayintechhistory
Credit - Digitaltimes
 
www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.