Gionee က စွမ်းရည်မြင့် ခေါက်ဖုန်း W909 ကိုမိတ်ဆက်လိုက်ပါသည်။ ၄.၂ လက်မ720p HD Display နှစ်ခုကိုအရှေ့နှင့် အနောက်တွင် တပ်ဆင်ထားပါသည်။ 1.8 GHzOcta-Core MediaTekHelio P10 SoCမောင်းနှင်မည် ဖြစ်သည်။ 4GB RAM , 2530mAh Battery ထည့်သွင်းပေးထားပါသည်။
Gionee W909 ၏ အနောက်ဘက်တွင် 16 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ အနောက်ဘက် ကင်မရာတွင် Phase-Detection Auto Focus နည်းပညာပါရှိပါသည်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး ၀.၃၈ စက္ကန့်အတွင်းတွင် ဖုန်းကို Unlock ပြုလုပ်နိုင်သော Fingerprint Sensor ပါရှိပါသည်။ USB Type-C Port , 4G LTE တို့ ပါရှိပါသည်။ Android 5.1 Lollipop မောင်းနှင်မည် ဖြစ်သည်။
Ginoee W909 တွင် 4G LTE / 3G, WiFi 802.11 a/b/g/n, Bluetooth 4.0, GPSတို့ကိုအသုံးပြုနိုင်ပါသည်။ နှင်းဆီရွှေရောင် ထုတ်လုပ်ပေးထားပြီးဒေါ်လာ ၆၁၄ တန်ကြေးရှိပါသည်။ တရုတ်တွင် စတင် ရောင်းချပေးလိုက်ပြီ ဖြစ်သည်။

Credit-Thu Ya(Digitallifejournal)
Post a Comment