June 6, 2025

MPT မှ ဖုန်းကြိုတင်ငွေယူသုံးနိုင်သည့် ''ယူထား'' ဝန်ဆောင်မှုအစီအစဉ် စတင်

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဖုန်းအတွင်း ငွေလက်ကျန်နည်း နေသည့်အချိန်တွင် ကြိုတင်ငွေ အဖြစ် ရယူအသုံးပြုနိုင်မည့် ယူထား ဝန်ဆောင်မှုအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ''ယူထား''ဟုအမည်ပေးထားသော ဖုန်းကြိုတင်ငွေယူသုံး ဝန်ဆောင်မှုကိုမတ်လ ၂၈ တွင်စတင် လိုက်ခြင်း ဖြစ်ပြီး ဤဝန်ဆောင်မှုဖြင့် ဖုန်းလက်ကျန်ငွေ လျော့နည်းနေသောသုံးစွဲသူများသည် MPT ထံမှ ကျပ် ၈ဝဝ အထိ ငွေကြို တင်ယူသုံးနိုင်မည်ဖြစ်သည်။

သုံးစွဲသူတစ်ဦး၏လက်ကျန်ငွေကျပ် ၂ဝဝအောက် လျော့နည်းသွားချိန်တွင် USSD code "800# (Send) ကို ခေါ်ဆိုရယူရမည်ဖြစ်သည်။ ကြိုတင် ယူသုံးထားသော လက်ကျန်ငွေများကိုရက် ၃ဝ အတွင်းအသုံးပြုနိုင်မည် ဖြစ်ပြီး သုံးစွဲသူအချင်းချင်းလက်ကျန်ငွေလွှဲပြောင်းခြင်းမှလွဲ၍ အခြားသော ဝန်ဆောင်မှုအားလုံးကို ယခုကြို တင်ယူသုံးထားသော ပမာဏဖြင့် သုံးစွဲနိုင် မည်ဖြစ်သည်။ ဝန်ဆောင်ခအတွက် သုံးစွဲသူမှ ကျပ် ၅ဝ ပေးဆောင် ရပြီး ထို ၅ဝ ကျပ်ကိုနောက်တစ်ကြိမ် လက်ကျန်ငွေဖြည့်သည့်အချိန်သို့မဟုတ် ကျပ် ၈၅ဝနှင့်အထက် လက် ကျန်ငွေလွှဲပြောင်းခြင်းကို လက်ခံရသည့် အချိန်တွင် ဖြတ်တောက်သွားမည်ဖြစ်ကြောင်းသိရသည်။

MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က "၂ဝ၁၆ ခုနှစ်အတွက်အဓိကဦးစားပေးကတော့ သုံးစွဲသူမိဘပြည်သူတိုင်းအတွက် ဝန်ဆောင်မှုအားလုံး ကိုမြှင့်တင်ပေးဖို့ပါ။ ဒါကြောင့်လည်းသူငယ်ချင်းအချင်းချင်း မိသားစုချင်းလက်ကျန် ငွေလွှဲလို့ ရနိုင်အောင် ဝန်ဆောင်မှု တစ်ခုကို စတင်ပေးခဲ့ပြီးပါပြီ။ အခုလည်း လက်ကျန်ငွေကြိုတင်သုံးဝန်ဆောင်မှုကို စတင်ရင်းသုံးစွဲသူတွေက MPT ဆီကနေလက်ကျန်ငွေတိုက်ရိုက်ချေးယူနိုင်အောင် ပြုလုပ်ပေးခဲ့တာပါ။ ဒီဝန်ဆောင်မှုက ငွေဖြည့်ကတ် ဘယ်လိုမှဝယ်လို့မရတာမျိုး ဒါမှမဟုတ် ကိုယ့်မှာဝယ်ဖို့ အတွက်ငွေရေးကြေးရေး အဆင်မပြေသေးတာမျိုးလို အရေးပေါ်အခြေအနေတွေမှာ အသုံးပြုရလွယ်ကူ အဆင်ပြေအောင် လုပ်ပေး ထားတာပါ''ဟုပြောသည်။

MPT ၏ ကြိုတင်ငွေဖြည့် ကတ်သုံး GSM / WCDMA သုံးစွဲ သူများသာ ဤ ဝန်ဆောင်မှုကိုသုံး စွဲနိုင်မည်ဖြစ်ပြီး ၆ လအတွင်းအနည်းဆုံး ၁ ကြိမ် ငွေဖြည့်ထားသော MPT သုံးစွဲသူများသာဤဝန်ဆောင်မှု ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ''ယူထား''လက်ကျန်ငွေချေးယူခြင်းကို ပြန်လည်ပေးအပ်ရခြင်း မရှိသေး ပါက နောက်တစ်ကြိမ်ထပ်မံ ချေးယူ၍ရမည်မဟုတ်ကြောင်းလည်း MPT မှ သတင်းထုတ်ပြန်ထား ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ဝန်ဆောင်မှုကို လက်ရှိအသုံးပြု နေသူဦးရေ ၁၉သန်းကျော်ရှိနေပြီ ဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.