Google က နေအိမ်သုံး ဖုန်း ၀န်ဆောင်မှု Fiber Phone ကို ကြေညာလိုက်ပါသည်။ အဆိုပါ ၀န်ဆောင်မှုသည် Google ၏ Broadband နှင့် တီဗီ ၀န်ဆောင်မှုဖြစ်သည့် Google Fiber ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ Google ၏ App တစ်ခုဖြစ်သော Google Voice ကို အသုံးပြုသူများအတွက် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်လျှင် ဈေးပိုမို သက်သာမည် ဖြစ်သည်။ ကိုယ်ပိုင် ဖုန်းနံပါတ်ကိုလည်း ရွေးချယ်နိုင်မည်ဖြစ်ပြီး Voicemail များကိုလည်း စာသားများအဖြစ် ရရှိနိုင်မည်ဖြစ်သည်။
Fiber Phone တွင် ဖုန်းနံပါတ်များကို ပိတ်ပင်ထားနိုင်ခြင်းနှင့် Do not disturb စွမ်းဆောင်ချက်လည်း ပါရှိပါသည်။ Fiber Phone ၀န်ဆောင်မှုကို တစ်လလျှင် ၁၀ ဒေါ်လာဖြင့် လက်ရှိ Google Fiber အင်တာနက် ၀န်ဆောင်မှုကို အသုံးပြုနေသူများအတွက် သတ်မှတ်ထားပါသည်။
Google Voice ကဲ့သို့ပင် သင် ရွေးချယ်ထားသော ဖုန်းနံပါတ်သို့ ၀င်လာသည့် ဖုန်းခေါ်ဆိုမှုများကို အခြား Devices များသို့ လွှဲပြောင်းရယူနိုင်ပါသည်။ Google က Fiber Phone ကို အမေရိကန်ရှိ နေရာဒေသအချို့တွင်သာစတင် ၀န်ဆောင်မှုပေးမည်ဟု ပြောသော်လည်း အသေးစိတ်ကို ကြေညာခြင်းမရှိပါ။


Credit-Thu Ya(Digitallifejournal)
www.nyilattun.com