Facebook အကြီးတန်း အမှုဆောင် တစ်ဦးဖြစ်သူ ဒီယေဂိုဒီဇိုဒန်သည် မူးယစ်ဆေးဝါး ကုန်သွယ်သည့် စစ်ဆေးမှုနှင့် ပတ်သက်နေသည့် instant message များကို ကြားဖြတ်ရယူရန် မဖြစ်နိုင်ကြောင်း ဘရာဇီး အာဏာပိုင်များကို Whats-App က တုံ့ပြန်ခဲ့ပြီးနောက် ဆာအိုပေါ်လိုမြို့တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် အင်္ဂါနေ့တွင် နာမည်ကျော် messaging ဝန်ဆောင်မှုကို စုံစမ်းစစ်ဆေး နေစဉ်အတွင်း ဒီယေဂိုဒီဇိုဒန်ကို ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒီဇိုဒန်သည် လက်တင် အမေရိကအတွက် Facebook မှခန့်အပ်ထားသော ဒုဥက္ကဋ္ဌဖြစ်ပြီး ဘရာဇီးနိုင်ငံသား တရားသူကြီးမှ အမိန့်ဖြင့် ထိန်းသိမ်းထား ခြင်းဖြစ်ကြောင်း WhatsApp ၏ပြောရေး ဆိုခွင့်ရှိသူ မတ်စတိန်းဖီးလ်က ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံတော် တရားရုံးချုပ်က Facebook အနေဖြင့် တရားရင်ဆိုင်နေစဉ် အတွင်း ဒီဇိုဒန်ကို လွှတ်ပေးသည့် အမိန့်ကို ချမှတ်ခဲ့သည်။
ကုမ္ပဏီ၏ platform သည် ကြားဖြတ်ရယူရန်အတွက် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း စတိန်းဖီးလ်က ပြောဆိုခဲ့သည်။ WhatsApp သည် ဘရာဇီးနိုင်ငံတွင် ရုံးခန်းဖွင့်လှစ် ထားခြင်းမရှိသလို ဆာဗာတွင်လည်း message များ ထိန်းသိမ်းထားခြင်း မရှိကြောင်း၊ သုံးစွဲသူများအကြား အပြန်အလှန် ဆက်သွယ်မှုကို encrypt ပြုလုပ်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။
Facebook အနေဖြင့် ထုတ်ပြန်ချက်တွင် “Facebook မှသီးခြား လုပ်ငန်းများ ဆောင်ရွက်နေသော WhatsApp ပါဝင်ပတ်သက် နေသည့်အမှုနှင့် ဆက်စပ်၍ Facebook အမှုဆောင်ကို ရဲစခန်းတွင် ထိန်းသိမ်းထားသည့် လုပ်ရပ်မှာ မသင့်သော အပြုအမူဖြစ်ပြီး အလွန်အမင်း စိတ်ပျက်ဖွယ်ရာ ဖြစ်မိကြောင်း” ရေးသားထားသည်။
CREDIT-internetjournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!