အီးမေးလ်ကို တီထွင်သူ ရေးလ်တွမ်လင်ဆန်သည် ပြီးခဲ့သည့် စနေနေ့က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သည်။
တွမ်လင်ဆန်သည် ၁၉၇၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး အီးမေးလ်ကို ပေးပို့ခဲ့သည်။ ၎င်းသည် ထိုစဉ်က ဘော့စတွန်မြို့ရှိ အစောပိုင်း အင်တာနက် ဗားရှင်းတစ်မျိုးဖြစ်သည့် ARPANET ကို လုပ်ကိုင်ခဲ့သော Bolt, Beranek နှင့် Newman (BBN) ကုမ္ပဏီတွင် လုပ်ကိုင်လျက်ရှိသည်။ တွမ်လင်ဆန်သည် ဝန်ထမ်းဘဝဖြင့် ARPANET မှဖြေရှင်းနိုင်မည့် ပြဿနာများကို ရှာဖွေနေခဲ့ကြောင်း ၂၀၁၂ ခုနှစ်တွင် The Verge နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ယခင်က အခြားသူများအနေဖြင့် အခြားသုံးစွဲသူများထံသို့ message များ ပေးပို့နိုင်သည့် နည်းလမ်းများကို ကြံဆခဲ့ကြသော်လည်း ကွန်ပျူတာတစ်ခုတည်းတွင် သုံးစွဲသူများကို မှတ်စုများ ဝေမျှပေးနိုင်သော အစောပိုင်း တီထွင်မှုများသာ ဖြစ်သည်။ သို့သော်လည်း တွမ်လင်ဆန်က SNDMSG ပရိုဂရမ်ကို တီထွင်ခဲ့သည်။ အစောပိုင်းတီထွင်မှုများနှင့်မတူညီသည်မှာ SNDMSG သည် မေးလ်လက်ခံရရှိမည့်သူထံ၏ ကွန်ပျူတာများသို့ မေးလ်ဖိုင်များ ပေးပို့နိုင်ခြင်း ဖြစ်သည်။ SNDMSG သည် ပထမဆုံး ကွန်ရက်အသုံးပြု messaging ပရိုဂရမ် ဖြစ်သည်။
ထို့အပြင် တွမ်လင်ဆန်သည် ၎င်း၏ host မှသုံးစွဲသူများကို သတ်မှတ်ရန်အတွက် @ သင်္ကေတကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းသင်္ကေတသည် ထိုအချိန်တွင် အသုံးပြုမှုနည်းပါးခဲ့သောကြောင့် ရှုပ်ထွေးမှုကို လျှော့ချရန်အတွက် အခြားသင်္ကေတအား ပြောင်းလဲအသုံးပြုရန် တွမ်လင်ဆန်ကို အကြံပေးကြသည်။ သို့ရာတွင် တွမ်လင်ဆန်က “ဒါဟာ ကီးဘုတ်ပေါ်မှာရှိတဲ့ တစ်ခုတည်းသော စကားဆက်ပါ” ဟု ပြောကြားခဲ့သည်။
ပထမဆုံး အီးမေးလ်သည် အချိန်နှင့်အတူ ပျောက်ကွယ်ခဲ့ပြီး “ပထမဆုံး အီးမေးလ်ကို လုံးဝ မေ့လျော့သွားကြပါပြီ။ အားလုံးမေ့လျော့ကုန်ကြပါပြီ” ဟု တွမ်လင်ဆန်က ၂၀၀၉ ခုနှစ်တွင် NPR နှင့်ပြုလုပ်ခဲ့သော အင်တာဗျူး၌ ပြောကြားခဲ့သည်။
Ref: TheVerge
Credit-internetjournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!