USB Type-C နှင့် Thunderbolt အတွက် အထောက်အပံ့များ ပါဝင်သော DisplayPort စံသတ်မှတ်ချက်သစ်ကို ယခုရက်သတ္တပတ်တွင် ကြေညာလိုက်သောကြောင့် အနာဂတ် မော်နီတာများတွင် USB နှင့် display input များအတွက် ကြိုးတစ်ချောင်းသာ လိုအပ်တော့မည် ဖြစ်သည်။
DP 1.4 ကို DisplayPort နည်းပညာဖန်တီးသည့် ဗီဒီယိုစံသတ်မှတ်ချက်များဆိုင်ရာ VESA မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ် အဆင့်မြှင့်တင်ခြင်း ဖြစ်သည်။ VESA ၏ Display Stream Compression နည်းပညာတွင် Thunderbolt နှင့် USB Type-C လုပ်ဆောင်ချက် ထည့်သွင်းပေါင်းစပ်ထားသောကြောင့် အရည်အသွေးမြင့် graphics နှင့် audio အတွက်သင့်တော်သော near-lossless signal compression ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
Thunderbolt နှင့် USB Type-C သည် port များအသုံးပြုမှု တူညီသော်လည်း တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ အသုံးမပြုနိုင်ပေ။ ၎င်းတို့တွင် DisplayPort ထောက်ပံ့မှု ပါဝင်လာခြင်းသည် အရေးကြီးသည့် အရာဖြစ်သည်။ နောက်ဆုံးပေါ် Thunderbolt 3 ဗားရှင်းသည် ကန်ဒေါ်လာ ၂၂၉ တန်ဖိုးနည်းထုတ်ကုန်များမှ တန်ဖိုးကြီး ထုတ်ကုန်များအထိ ပါဝင်လျက်ရှိသည်။
USB Type-C သည် Apple ၏ MacBook သစ်တွင် ပါဝင်လာပြီး ခေတ်နှင့်အညီ ထွက်ပေါ်နေသည့် ကွန်ပျူတာများတွင် တဖြည်းဖြည်း ထည့်သွင်းလျက်ရှိကြသည်။ DP စံသတ်မှတ်ချက်သစ်သည် 60Hz နှုန်းထားတွင် 8K ဗီဒီယို (7,680x4,320) ထောက်ပံ့နိုင်သည်။
“DP စံသတ်မှတ်ချက်သစ်မှာ ပါဝင်တဲ့ tool တွေဟာ display အရည်အသွေးတိုးတက်ပြောင်းလဲမှုကို ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ အရည်အသွေးမြင့် audio နဲ့ ဗီဒီယို content ကို DSC နည်းပညာနဲ့ တွန်းအားပေးသွားမှာပါ” ဟု VESA ဘုတ်ဥက္ကဋ္ဌ အလန်ကိုဘာယာရှီက ထုတ်ပြန်ခဲ့သည်။
Ref: PCMag
Credit-internetjournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!