June 7, 2025

True-Tone display ပါဝင်သော ၉.၇ လက်မ iPad Pro ကို Apple မိတ်ဆက်

 
၁၂.၉ လက်မ iPad Pro တွင် အသုံးပြုထားသော Apple A9X ချစ်ပ်နှင့် 4GB RAM ပါဝင်သည့် ၉.၇ လက်မ iPad Pro သစ်ကို Apple က မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ iPad Pro သစ်တွင် 2048 x 2732 pixel resolution ဖြင့်ဖော်ပြပေးနိုင်သည့် Tru display သစ်ကိုလည်း Apple ကမိတ်ဆက်ပေးခဲ့သည်။
 

                          

၎င်းတွင် ကင်မရာကို အဆင့်မြှင့်တင်ထားပြီး ကျောဘက်တွင် 12MP ကင်မရာပါဝင်ကာ အရှေ့ဘက်တွင် 5MP ကင်မရာနှင့် Retina flash တို့ကို အသုံးပြုထားသည်။
အရွယ်ကြီးမားသည့် iPad Pro ကဲ့သို့ စပီကာလေးခု ထောက်ပံ့ပေးထားသလို အလူမီနီယံဖြင့် တည်ဆောက်ထားသည်။ အရောင်အနေဖြင့် Space Gray, Silver, Gold, Rose Gold ဟူ၍ ရရှိနိုင်သည်။ iPad Pro သစ်ကို Apple Pencil ဖြင့် အသုံးပြုနိုင်သည်။






                                            
၉.၇ လက်မ iPad Pro (Wi-Fi) ကို 32GB, 128GB နှင့် 256GB ဟူ၍ အမျိုးအစားသုံးမျိုးဖြင့် ရရှိနိုင်သည်။ တန်ဖိုးမှာ 32GB အတွက် ၅၉၉ ဒေါ်လာ၊ 128GB အတွက် ၇၄၉ ဒေါ်လာနှင့် 256GB အတွက် ၈၉၉ ဒေါ်လာဖြစ်သည်။ ၎င်းတို့ကို မတ်လ ၂၄ ရက်တွင် ကြိုတင်မှာယူနိုင်ပြီး မတ်လ ၃၁ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။

Ref: GSMARena
အင်တာနက်ဂျာနယ်

 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။  

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.