ဆွဲဆောင်မှုရှိသော ဒီဇိုင်းအပြင် ရေစိုခံနိုင်မှုနှင့် microSD slot feature တို့ဖြင့် သုံးစွဲသူများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သော Samsung Galaxy S7 နှင့် S7 edge တို့ကို ဥရောပမှ ကြိုတင်မှာယူမှုနှုန်းသည် ပြီးခဲ့သည့်နှစ် S6 ကြိုတင်မှာယူမှုထက် ၂၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ အကြီးဆုံးစမတ်ဖုန်းဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် ကြိုတင်မှာယူမှု ၁၀ သန်းရှိခဲ့ပြီး အွန်လိုင်းလက်လီအရောင်းဆိုင် JD.com နှင့် အီလက်ထရွန်နစ်လက်လီအရောင်ဆိုင် Suning တို့က ၆.၄ သန်းနှင့် ၁.၄ သန်းအသီးသီး မှာယူခဲ့ကြသည်။
တရုတ်နိုင်ငံသည် Samsung အတွက် မလွယ်ကူသည့်ဈေးကွက်တစ်ခုဖြစ်ပြီး ပြည်တွင်းအမှတ်တံဆိပ်များက ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းသော ထုတ်ကုန်များကို ထုတ်လုပ်ကြကာ တရုတ်မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီများ၏ အထောက်အပံ့ကိုလည်း ရရှိကြသည်။ Samsung သည် လက်ရှိတွင် တရုတ်ဈေးကွက်၌ ဈေးကွက်ရှယ်ယာ ၇.၇ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမနေရာ၌ ရပ်တည်လျက်ရှိသည်။
Ref: GSMArena
အင်တာနက်ဂျာနယ်
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!