July 13, 202508:49:35 AM

Apple အကူအညီမလိုအပ်ဘဲ ဆန်ဘာနာဒီနိုသေနတ်သမား၏ iPhone ကို unlock ပြုလုပ်နိုင်မည့် နည်းလမ်း FBI တွေ့ရှိထားဖွယ်ရှိ

 
FBI သည် Apple ကုမ္ပဏီ၏ အကူအညီမလိုအပ်ဘဲ အချက်အလက်များ ရယူနိုင်သည့် နည်းလမ်းကို တွေ့ရှိထားဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ဆန်ဘာနာဒီနို အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေနတ်သမား အသုံးပြုခဲ့သော iPhone ကို unlock ပြုလုပ်ရန် Apple ကို ဖိအားပေးသည့် ဖက်ဒရယ်အစိုးရ၏ တရားရုံးဆိုင်ရာ ကြားနာမှုများကို ရုတ်တရက် ရုပ်သိမ်းခဲ့သည်။
ဖက်ဒရယ်ရှေ့နေများသည် ကယ်လီဖိုးနီးယားပြည်နယ် ရေးဗားဆိုက်ဒ်ရှိ အမေရိကန်ခရိုင်တရားရုံး၏ အင်္ဂါနေ့ကြားနာမှု အကြိုတွင် ယခုထုတ်ပြန်ချက်ကို ကြေညာခဲ့သည်။ FBI သည် တိုက်ခိုက်မှု ဖြစ်ပွားပြီး
နောက်တစ်ရက်ဖြစ်သော ဒီဇင်ဘာလ ၃ ရက်တွင် ဆာယိရစ်ဇ်ဝမ်ဖားရွတ်ခ်၏ encrypt ဖုန်းအချက်အလက်များအား ရယူရန် နည်းလမ်းများကို သုတေသနပြုလုပ်ခဲ့ကြောင်း တရားရုံးသို့ လျှောက်ထားလွှာတွင် ရေးသားထားသည်။
အခြားအဖွဲ့တစ်ခုက တစ်ပတ်ခန့်အချိန်ယူ၍ iPhone သို့ဝင်ရောက်နိုင်ဖွယ်ရှိသော နည်းလမ်းကို FBI ထံ ပြသခဲ့ကြောင်း တရားရုံးတွင် ကြားနာမှုပြုလုပ်ခြင်းကို ရွေ့ဆိုင်းရန် တောင်းဆိုသော စာရွက်စာတမ်းတွင် အစိုးရမှ ပြောကြားခဲ့သည်။ အာဏာပိုင်များအနေဖြင့် ဖုန်းရှိ အချက်အလက်များကို ရယူနိုင်သည့် နည်းလမ်း ဟုတ်၊ မဟုတ်ကိုမူ စိစစ်ရန် အချိန်လိုနေသေးသည်။
အကယ်၍ သေနတ်သမား၏ iPhone သို့ ဝင်ရောက်နိုင်သည့် အလားအလာရှိပါက Apple ထံမှ အကူအညီတောင်းခံမှုကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း တရားရုံးထံ လျှောက်ထားမှုတွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်တွင် ပါဝင်လာသော တတိယအဖွဲ့အကြောင်းကို ထုတ်ပြန်ခြင်း မပြုသလို ၎င်းတို့ အကြံပြုထားသည့် နည်းလမ်းနှင့်စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားခဲ့ခြင်းလည်း မရှိပေ။
ရာဇဝတ်တရားသူကြီးဖြစ်သူ ရှယ်ရီပင်သည် အစိုးရဘက်မှ တောင်းဆိုမှုကို ခွင့်ပြုပေးခဲ့ပြီး ဧပြီလ ၅ ရက်တွင် အစိုးရဘက်မှ အခြေအနေများကို ရုံးတော်သို့ တင်ပြပေးရမည် ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ရှယ်ရီပင်သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် အကြမ်းဖက်သမား၏ ဖုန်းရှိ လုံခြုံရေး feature များကို အားနည်းစေမည့် software တစ်ခုဖန်တီးရန် Apple အပေါ်အမိန့်ချမှတ်ခဲ့ဖူးသည်။

Ref: TheWashingtonPost
Internetjournal
 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။  

 
 


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.