July 8, 2025

Telenor မှ ၂၅ ကြိမ်မြောက် Net Monday ကိုသထုံကွန်ပြူတာတက္ကသိုလ်တွင် ကျင်းပ


တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၄င်း၏ ၂၅ ကြိမ်မြောက် Net Monday အစီအစဉ်ကို၂၀၁၆ ခုနှစ် မတ်လ ၇ရက်နေ့ တွင် မွန်ပြည်နယ်ရှိ သထုံကွန်ပြူတာ တက္က သိုလ်တွင် ကျင်းပခဲ့သည်။ ပွဲကျင်းရခြင်း၏ ရည်ရွယ်ချက်မှာ အင်တာနက်ကို ထိရောက်စွာ အသုံးချပြီး ပညာရေးနှင့် လက်တွေ့လုပ်ငန်းများ၏ အသိပညာ ကွာဟမှုများ ကျဉ်းမြောင်း လာစေရန် ဖြစ်သည်။
Net Monday သည် တယ်လီနောမြန်မာမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်းလူထုအသိုင်းအဝိုင်း နှင့် သက်ဆိုင်သော အကြောင်းအရာများကို တင်ပြ ဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်သည်။ အင်တာနက်နှင့်ပတ်သက်သောအကြောင်းအရာ များ ကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော မြန်မာနိုင်ငံ ၏ ဒစ်ဂျစ်တယ် လူထုအသိုင်းအဝိုင်းတို့ကို ပွဲစဉ်တိုင်းတွင် ဆွေးနွေးခြင်းဖြစ်သည်။ ဆွေးနွေးသည့်အချက် များတွင် ဒေသတွင်း ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိ နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ အတွက် စိတ်ဝင် စား နိုင်ဖွယ်ကောင်းသော အစီအစဉ်များကိုဆွေးနွေးကြခြင်း ဖြစ်သည်။ တယ်လီနောမြန်မာ၏ အမှု ဆောင် အရာရှိချုပ် Petter မှ “မြန်မာနိုင်ငံမှာ မိုဘိုင်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း လုပ်ဆောင်နေတဲ့ အပြင် တယ်လီနောမြန်မာအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တဖက်တလမ်း ကနေ အာရုံစိုက် ပါဝင် ဆောင်ရွက် နေပါတယ်။ ခေတ်လူငယ်တွေက နိုင်ငံရဲ့ အနာဂတ်ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းတွေ လျင်လျင်မြန်မြန် တိုးတက်လာတာနဲ့အမျှ လူငယ်တွေအတွက်လည်း အင်တာနက်ကို အသုံးကာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင် ဆောင်ရွက်နိုင်ပြီး လှပ တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ဖို့ အခွင့်အရေးတွေ ရရှိလာပြီ ဖြစ်ပါတယ်။” ဟု ပြောကြား ခဲ့သည်။
အဆိုပါပွဲကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်မှ တက်ရောက် ခဲ့သည် ဟုသိရသည်။ Net Monday ကို မြန်မာနိုင်ငံအနှံတွင်ကျင်းပခဲ့ပြီး မကွေး၊ မော်လမြိုင်၊ ပဲခူး၊ မှော်ဘီနှင့် ရန်ကုန်မြို့တို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ပေးပို့သူ- ကောင်းမြတ်ရာ
Credit  -myanmardigitallife


                         
                                                           ညီလတ်ထွန်း(ဘီအမ်း)
                                                    www.nyilattun.com 
                                                                                                                                     

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.