အိန္ဒိယအခြေစိုက်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Intex ဟာ တန်ဖိုးနည်းစမတ်ဖုန်းအသစ် Aqua Twist ကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
တန်ဖိုးအားဖြင့်၊ ရူပီး ၅၁၉၉၊ မြန်မာငွေ ကျပ်ကိုးသောင်းကျော်သာ ရှိပြီး၊ အိန္ဒိယပြည်သူတိုင်း ၀ယ်ကိုင်နိုင်မယ့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Intex Aqua Twist စမတ်ဖုန်းရဲ့ ထူးခြားချက်ကတော့ 5-megapixel အရှေ့အနောက်လှည့်လို့ရတဲ့ ကင်မရာ ပါဝင်လာတာဖြစ်ပြီး၊ ကျောကင်မရာအနေနဲ့ကော၊ ရှေ့ကင်မရာအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံတွင်းမှာပဲ ရောင်းချသွားမှာဖြစ်ပြီး၊ အာရှဈေးကွက်အတွင်း တင်ပို့ဖို့ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။
SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ Android 5.1 Lollipop စနစ်၊ ၅လက်မအရွယ် (480x854pixels) မျက်နှာပြင်၊ 1.3 GHz quad-core MediaTek MT6580 ပရိုဆက်ဆာတို့ ပါဝင်ပါတယ်။ RAM ကတော့ 1GB ရှိကာ၊ ဖုန်းတွင်းမမ်မိုရီ 8 GB ပါရှိပြီး၊ microSD ကတ် 32 GB အထိ ထပ်စိုက်နိုင်ပါတယ်။
3G ကွန်ရက်မှာပဲ အသုံးပြုနိုင်တဲ့ဖုန်းဖြစ်ပြီး၊ ဘက်ထရီက 2200mAh အထိ သိုလှောင်နိုင်ပါတယ်။ ဖုန်းချည်းပဲ ပြောမယ်ဆို ၁၈ နာရီအထိ ပြောနိုင်ပြီး၊ မသုံးဘဲဖွင့်ထားမယ်ဆိုရင် ၂၇၅ နာရီတိတိ ထားနိုင်တယ်လို့ သိရပါတယ်။
ဒီလို ရှေ့နောက်လှည့်နိုင်တဲ့ကင်မရာမျိုးကို အရင်က Oppo N စီးရီးစမတ်ဖုန်းတွေနဲ့၊ iBall ဖုန်းတွေမှာ တွေ့မြင်ခဲ့ကြရဖူးပြီး၊ လူစိတ်ဝင်စားမှုတော်တော်ရရှိခဲ့တဲ့ ဖုန်းကင်မရာမျိုးဖြစ်ပါတယ်။
Ref: Gadgets360
သတင်းပေးပို့သူ-

March 10, 2016
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!