Android အတွက် Facebook Messenger Version အသစ်ကို Google Play Store မှနေ၍ ဖြန့်ချီပေးလိုက်ပါသည်။ Facebook Messenger Version အသစ်တွင် Google Material Design ကို အသုံးပြုထားပါသည်။ Google က Material Design ကို လွန်ခဲ့သော နှစ်နှစ်က မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ Facebook App ထက်စော၍ Messenger တွင် Material Design ကို ပြုလုပ်ပေးလိုက်ခြင်းလည်းဖြစ်ပါသည်။
Facebook က Messenger အတွက် Material Design ကို စမ်းသပ်နေသည်မှာ လအနည်းငယ် ကြာမြင့်ပြီဖြစ်ပါသည်။ Messenger ၏ Beta Versions များတွင် Material Design ကို စမ်းသပ်နေသည်ကို အစောပိုင်းကတည်းက အသုံးပြုသူအချို့က တွေ့မြင်ခဲ့ကြရသည်ဟု သိရပါသည်။ ယခုအခါ Material Design ဖြင့် ဖန်တီးထားသော Messenger Version အသစ်ကို အားလုံးအတွက် ဖြန့်ချီပေးလိုက်ပြီဖြစ်ပါသည်။
Facebook က Messenger သည် ကမ္ဘာအ၀န်းမှ လူသန်းပေါင်းများစွာ၏ နေ့စဉ် လူနေမှုဘ၀တွင် အဓိကကျသော အစိတ်အပိုင်းအနေဖြင့် တည်ရှိနေသောကြောင့် ဒီဇိုင်း ပြောင်းလဲခြင်းဖြစ်စဉ်သည် ခက်ခဲရှုပ်ထွေးသည်ဟု ပြောပါသည်။

ပေးပို့သူ-