June 10, 2025

Ooredoo ဧ။် ဒုတိယအကြိမ်မြောက်Double Internet Bonus အစီအစဉ်စတင်

12799001_850085161781392_881435068492675040_n
Ooredoo မှ ယခင်က ပေးခဲ့သော Double Internet Bonus အစီအစဉ်ကို သုံးစွဲသူမိဘပြည်သူများ၏  တစ်ခဲနက်အားပေးထောက်ခံမှုကိုရရှိခဲ့ပြီး ယုအခါ သုံးစွဲသူများ၏ထပ်မံတောင်းဆိုမှုများအရ (၂၀၁၆)၊ မတ်လ (၁) ရက်နေ့မှစတင်ပြီး ပြန်လည်ဝန်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ ယခင် Double Internet Bonus အစီအစဉ်မှာ အသက်သာဆုံးဈေးနှုန်းနှင့်အမြန်ဆန်ဆုံးအင်တာနက်ကို နှစ်ဆရရှိခဲ့သောကြောင့်Ooredooသုံးစွဲသူများ မှာ ကျေနပ်ပျော်ရွှင် ခဲ့ကြရပြီး ထပ်မံအသုံးပြုရန်အတွက် တောင်းဆိုခဲ့ကြသည်။ Double Internet Bouns ရသောကြောင့် အင်တာနက် အသုံးပြုခြင်းကို သက်သာသောဈေးနှုန်းဖြင့် ကျေနပ်အားရစွာ နှစ်ဆပိုမိုအသုံးပြု နိုင်ပြီဖြစ်ကြောင်းသိရသည်။
       Ooredoo Myanmar ဧ။် Chief Marketing Officer Ms. Charity Safford က “ ကျွန်မတို့ Ooredoo အနေနဲ့ သုံးစွဲသူများရဲ့ စကားသံတွေကို အမြဲနားထောင်နေပြီး အကောင်းဆုံး ၀န်ဆောင်မှုတွေပေးဖို့ အမြဲကြိုးစားနေပါတယ်။ သုံးစွဲသူတွေက ဒီ Double Bonus အစီအစဉ်ကို နှစ်သက် တာကြောင့် နောက်တစ်ကြိမ် ထပ်မံဝန်ဆောင်မှုပေးဖို့အ တွက် တောင်းဆိုကြပါတယ်။ ဒါကြောင့် မတ်လ (၁)ရက်နေ့ကစတင်ပြီး အော်ရီဒူးသုံးစွဲသူမိဘပြည်သူများကို Double Internet Bonus များရနိုင်အောင် ထပ်မံ ၀န်ဆောင်မှုပေးလိုက်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ Daily Internet Pack ဧ။် Double Internet Bonus အား (၂၄)နာရီအတွင်း သုံးစွဲနိုင်ပြီး  Monthly Internet Pack ဧ။် Double Internet Bonus အား ရက် (၃၀)အတွင်း သုံးစွဲနိုင်ပါတယ်။ ထို့ကြောင့် သုံးစွဲသူများ၏ ထပ်မံတောင်းဆိုလိုက်သော Double Internet Bonus အစီအစဉ်ကို ပျော်ရွှင်စွာဖြင့် အသုံးပြုနိုင်ပါပြီ “ ဟု ပြောကြားခဲ့ပါသည်။ Ooredoo ၏ နေ့စဉ်သုံးအင်တာနက် Package နှင့် လစဉ်သုံးအင်တာနက် Package များ သုံးစွဲပြီး အင်တာနက်နှစ်ဆဆုငွေများအား ရယူနိုင်တော့မည်ဖြစ်ကြောင်းလည်းသိရှိရ သည်။
Credit-  Digitallifejournal

                                                             ညီလတ်ထွန်း(ဘီအမ်း)
                                                       www.nyilattun.com
                     

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.