Huawei ကုမ္ပဏီမှ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းကာ HAINA 2016 (Huawei Authorized Information and Network Academy (HAINA program ) အစီအစဉ်မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၊(၂၉)ရက်နေ့က နည်းပညာ တက္ကသိုလ် (သန်လျင်)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ HAINA အစီအစဉ်သည် Huawei ၏ တက္ကသိုလ်များနှင့်အတူတကွပြုလုပ်နေသော မိတ်ဖက်အစီအစဉ်တခုဖြစ်ပြီးHuawei ၏လေ့ကျင့်မှုနှင့်အသိအမှတ်ပြုလက်မှတ်ရသင်တန်းများကိုအဆိုပါကျောင်းများ၏သင်ရိုးညွှန်းတမ်းတွင်ထည့်သွင်းစေခြင်း ဖြင့် မန်မာနိုင်ငံ၏ပညာရေးတွင်ICTနည်းပညာဖွင့်ဖြိုးတိုးတက်လာရေးကိုထောက်ပံ့ပေးရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်ICTနည်းပညာဖွံ့ဖြိုးတိုးတက်လာရေးကိုအထောက်အကူပြုစေမည့်အစီအစဉ်သဘောတူညီချက်ကိုHuawei နှင့် မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့မှမြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်Mr.Li Keqiang ရှေ့တွင်၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်ကလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။သန်လျင်နည်းပညာတက္ကသိုလ် တွင်HAINAသင်ရိုးညွှန်းတပ်ဆင်ခြင်းသည်။
အဆိုပါသဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး Huaweiနှင့်နည်းပညာတက္ကသိုလ်(သန်လျင်)တို့သည်ပြီးခဲ့သည့်နှစ် မတ်လကသိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနမှဒုတိယ၀န်ကြီးဒေါက်တာအောင်ကျော်မြတ်နှင့်ယင်းအချိန်ကတာဝန်ထမ်းဆောင် လျက်ရှိ သောမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Yang Houla တို့ရှေ့မှောက် တွင်သဘောတူလက်မှတ်ရေးထိုး ခဲ့ကြောင်းသိရသည်။ပညာရေးဝန်ကြီးဌာနနှင့်သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနမှဒုတိယ၀န်ကြီးဒေါက်တာအောင်ကျော်မြတ်က “Huawei က ကမ္ဘာတစ်ဝန်းတွင် ICT နည်းပညာပိုင်းမှာဦးဆောင်နေသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ဒီHuawei အကယ်ဒမီက မျိုးဆက်သစ်လူငယ်တွေအတွက်ICT ဗဟုသုတတွေပိုမိုရရှိစေပြီးHuawei ကပေးအပ်တဲ့ICT အသိအမှတ်ပြုလက်မှတ်ကိုရနိုင်တဲ့အတွက်အလွန်ကောင်းမွန်တဲ့အစီအစဉ်ဖြစ်ပါတယ်။Huawei ရဲ့ဒီလုပ်ဆောင်မှုတွေ အပေါ် ကျေးဇူးတင်ပြီးနောက်ထပ်လဲ နိုင်ငံခြားကုမ္ပဏီတွေက Huawei လိုမျိုးလူမှုအကျိုးပြုလုပ်ငန်းတွေမှာပါဝင် လာဖို့လဲမျှော်လင်ပါတယ်”ဟုထည့်သွင်းပြော ကြားခဲ့သည်။ ယခုနည်းပညာတက္ကသိုလ်(သန်လျင်)တွင်ဖွင့် လှစ်သည့် HAINA အစီအစဉ်သည် Huawei ၏၁၄၇ခုမြောက်ဖွင့်လှစ်လိုက်သောအစီအစဉ်တစ်ခုလည်း ဖြစ်ကြောင်းသိရသည်။
Credit- Digitallifejournal
ညီလတ်ထွန်း(ဘီအမ်း)
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!