May 28, 2025

တယ်လီနော၏ ပထမဆုံး အထူးနံပါတ်လေလံတင်ရောင်းချပွဲတွင် ကျပ်သိန်းပေါင်း ၄,၈၃၅ (၄၈၃.၅သန်း) အထိ ရောင်းချခဲ့ရ

ါ့်လဘို့အယကတယ်လီနောမြန်မာသည် ၎င်း၏ ပထမဆုံးသော အထူးနံပါတ်များ လေလံတင်ရောင်းချပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ တွင် ကျင်းပခဲ့ရာ စုစုပေါင်း ဖုန်းနံပါတ် ၅၅ ခုအတွက် ကျပ်သိန်းပေါင်း ၄၈၃၅ သိန်းအထိရောင်းချခဲ့ရကြောင်းသိရသည်။
                 တယ်လီနောအနေဖြင့်ရရှိလာသော လေလံကြမ်းခင်းဈေး ဖြစ်သည့် ဖုန်းနံပါတ်တစ်ခု အတွက် သိန်း ၃၀ အထက် ရရှိသော ၀င်ငွေများကို မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (myME)မှ ၂၀၁၆တွင် ဆောင်ရွက်မည်ဖြစ်သော ဒစ်ဂျယ်တယ် ပညာရေး အစီအစဉ် အတွက် လှူဒါန်း သွားမည်ဟုသိရသည်။ ရရှိလာသောငွေထဲမှာ ကျပ်သိန်းပေါင်း ၃,၁၈၃ သိန်း ကို myMEသို့ လှူဒါန်း သွားမည်ဖြစ်သည်။ လေလံပွဲတွင် ဈေးအမြင့်ဆုံးရရှိခဲ့သည့် ဖုန်းနံပါတ်မှာ ၀၉၇၇၇၇၇၇၇၇၇၇၇ ဖြစ်ပြီး ကျပ်သိန်းပေါင်း ၁၁၂၀ (၁၁၂ သန်းဖြင့်) ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ လေလံပွဲနှင့် ပတ်သက်သည့် လုပ်ငန်းများအဆင့်ဆင့်ကို MN Associates မှ ကူညီစိစစ်ပေးပြီး ၊ Deloitte Touche Myanmar Vigour Advisory Ltd မှ အကဲဖြတ်ကြည့်ရှု ပေးခဲ့သည်။ တယ်လီနော အနေဖြင့် အခြား လေလံတင်ရောင်းချမည့်ပွဲများကို မြန်မာနိုင်ငံရှိ အခြားတိုင်းနှင့် ပြည်နယ်များတွင် ဆက်လက် ကျင်းပ သွားမည် ဖြစ်ပြီး အချိန် နှင့်နေရာတို့ကို ကြေငြာသွားမည်ဖြစ်သည်။
       တယ်လီနော မြန်မာ၏အမှုဆောင်အရာရှိချုပ် Petter Furberg က “ခုလိုကျွန်တော်တို့ပထမဆုံး စတင်လုပ်ဆောင်တဲ့ လေလံပွဲမှာပဲ သုံးစွဲသူတွေက အားပေးကြတဲ့အတွက် အရမ်းကို ဂုဏ်ယူကျေနပ်မိ ပါတယ်။ လေလံတင်ရောင်းချပွဲကိုလာပြီး တကယ်တန်ဖိုးရှိတဲ့ ကိစ္စရပ်တစ်ခုအတွက် လေလံဆွဲပြီး ရန်ပုံငွေ တွေ ပေးကြတာကိုလည်း အထူးကို ကျေးဇူးတင်မိပါတယ်။ အထူးနံပါတ်တွေကို ပိုင်ဆိုင်ဖို့ သုံးစွဲသူတွေအတွက် အရေးကြီးသလို ငွေကြေးချို့တဲ့ပြီး အကျိုးခံစားခွင့်မရှိတဲ့ ကလေးတွေအတွက် ပညာရေး ထောက်ပံ့ပေးဖို့ အစီအစဉ်မှာ အကူအညီပေးဖို့ အားလုံးက စိတ်အားထက်သန်နေကြတယ်ဆိုတာ ထင်ထင်ရှားရှား သိမြင် နိုင်ပါတယ်။ လေလံပွဲက ရရှိလာတဲ့အကျိုးအမြတ်အားလုံးကို ၂၀၁၆ ခုနှစ်မှာ ကလေးငယ် ၅၀၀၀ ကနေ ၂၀၀၀၀ ကြားကို ပညာရေး ထောက်ပံ့ပေးဖို့အတွက် myME ရဲ့ အစီအစဉ်ကို လှူ ဒါန်းသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
 
Credit-Digitallifejournal 

                                                               ညီလတ်ထွန်း(ဘီအမ်း)
                                                      www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.