ဈေးဝယ်စင်တာအများစုတွင် Myanmar Payment Union ကတ်ဖြင့် ဈေးဝယ်ယူနိုင်လာကြောင်း Myanmar Payment Union မှ သိရသည်။
Myanmar Plaza ရှိ စီးတီးမတ်တွင် MPU ကတ်ဖြင့် ဈေးဝယ်နိုင်ပြီဖြစ်ကြောင်း၊ Golden Valley ရှိ စီးတီးမတ်တွင်လည်း ဝယ်ယူနိုင်ပြီဖြစ်ပြီး စီးတီးမတ် (Junction Square) တွင်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။ ၎င်းအပြင် FMI/ Parkson ရှိစီးတီးမတ်တွင်လည်းကောင်း၊ လှည်းတန်းစင်တာရှိ စီးတီးမတ်တွင်လည်းကောင်း MPU ကတ်များဖြင့် ဈေးဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဂမုန်းပွင့် (သိမ်ကြီးဈေး) ၊ ဂမုန်းပွင့် (ဗိုလ်ကလေးဈေး) ၊ ဂမုန်းပွင့် (ကမ္ဘာအေး) အစရှိသည့်နေရာတို့တွင်လည်း MPU ကတ်များဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။
MPU ကတ်များကို ပြည်တွင်း POS (Point of sale) များ အသုံးပြုမှု များလာစေရန် ဈေးကွက်ချဲ့ထွင်နေကြောင်း သိရသည်။ အဆိုပါကတ်များကို ATM, POS နှင့် ecommerce တို့တွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ MPU အဖွဲ့ဝင်ဘဏ်ပေါင်း ၂၃ ဘဏ်ရှိကြောင်း သိရသည်။ MPU ကတ် အသုံးပြုနိုင်မှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း၌ ရန်ကုန်၊ မန္တလေး စသည့် မြို့ပေါ်နေရာများတွင် အသုံးပြုမှုများကြောင်း၊ အခြားငွေပေးချေမှု စနစ်များကိုလည်း MPU မှပေးချေနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အခွန်ထမ်းများအနေဖြင့် MPU ကတ်မှတစ်ဆင့် အခွန်ငွေပေးချေခြင်း၊ MPU ကတ်မှတစ်ဆင့် တယ်လီဖုန်းဘီလ်ဖြည့်ပေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များကို အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!