အချက်အလက်သုံးစွဲမှု သက်သာစေရန် ဖြန့်ချိထားသော Facebook Lite app ကို လစဉ်အသုံးပြုသူ သန်း ၁၀၀ ရှိကြောင်း Facebook မှ ကြေညာလိုက်သည်။
အိန္ဒိယတွင် Facebook သုံးစွဲသူ ၁၄၂ သန်းရှိပြီး ၎င်းအနက် ၆၉ သန်းက ၎င်းကို နေ့စဉ်အသုံးပြုကြသည်။ အဆိုပါသုံးစွဲသူများအနက် ၁၃၃ သန်းက ၎င်းတို့၏ ဖုန်းပေါ်တွင် app ဖြင့် အသုံးပြုကြသည်။
Lite app သည် လျင်မြန်စွာတိုးတက်လာသည့် Facebook app ဖြစ်ကြောင်းနှင့် သုံးစွဲသူတစ်ဦးအနေဖြင့် ၎င်း app ကို မည်သည့်အင်တာနက်ချိတ်ဆက်မှုဖြင့်မဆို အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး user experience ဖြင့် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း Facebook မှပြောကြားသည်။
ပြီးခဲ့သည့်နှစ် ဇွန်လက မိတ်ဆက်ပေးခဲ့သော Android app သည် ဘရာဇီးလ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ဖိလစ်ပိုင်တို့တွင် နာမည်ကျော်ကြားလျက်ရှိသည်။ ၎င်း app ကို ဘာသာစကား ၅၆ မျိုးဖြင့် နိုင်ငံပေါင်း ၁၅၀ တွင် အသုံးပြုနိုင်သည်။
Facebook Lite app ဖိုင်အရွယ်အစားသည် 1MB သာရှိသောကြောင့် အလွန်နှေးကွေးသော အင်တာနက်ချိတ်ဆက်မှုများတွင်ပင် လွယ်ကူစွာ download ပြုလုပ်နိုင်သည်။ ၎င်း app သည် အချက်အလက်သုံးစွဲမှုကို သက်သာစေသော်လည်း အရည်အသွေးမြင့်မားသော user experience နှင့်အသုံးပြုနိုင်ကြောင်း သိရသည်။
သာမန် Android app တစ်ခု၏ ဖိုင်အရွယ်အစားသည် 20MB ခန့်ရှိပြီး ၎င်းကို 2G ကွန်ရက်တစ်ခုပေါ်မှာ download ပြုလုပ်ရာတွင် မိနစ် ၃၀ ကျော်ခန့် ကြာမြင့်ကြောင်း Facebook မှရှင်းပြခဲ့သည်။
Ref: TechInAsia
ပေးပို့သူ- နောင်နောင်
Credit- -International
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!