ကောလဟာလတွေအတိုင်းပဲ၊ Apple မှာ မနှစ်ကထုတ်ခဲ့တဲ့ iPad Pro ထက် အရွယ်အစား ပိုမိုသေးငယ်တဲ့ iPad Pro မော်ဒယ်အသစ်တစ်မျိုးကို ယမန်နေ့ညက ပြုလုပ်ခဲ့တဲ့ ‘Loop you in’ ပွဲမှာ မိတ်ဆက် ပြသသွားခဲ့ပါတယ်။
မနှစ်ကထွက်ထားတဲ့ ၁၂.၉ လက်မအရွယ် iPad Pro နဲ့ ဒီဇိုင်း တစ်ထေရာတည်းတူညီပြီး၊ ၉.၇ လက်မအရွယ် ဖြစ်သွားတာပဲ ကွာပါတယ်။ Retina screen နဲ့ပဲ ဖြစ်သလို၊ Apple Pencil လည်း အသုံးပြုနိုင်မှာပါ။
မျက်နှာပြင် resolution က 2048x 1536 pixels ရှိပြီး၊ TrueTone နည်းပညာပါဝင်တာကြောင့်၊ ကိုယ့် ဘေးပတ်ဝန်းကျင်က ကာလာအပူချိန်အပေါ်မူတည်ပြီး၊ brightness တောက်ပမှုကို ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။
အလေးချိန်အားဖြင့်လည်း တစ်ပေါင်တောင်မပြည့်ဘဲ၊ ကျောကင်မရာက iPad Pro အကြီးမှာ 8MP ဖြစ်ပေမယ့် ဒီ iPad Pro အသေးမှာတော့ 12.1 Megapixel ကင်မရာဖြစ်သွားပါတယ်။ True Tone Flash မီးပါဝင်ပြီး၊ 4K resolution ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။
iPad Pro အကြီးလိုပဲ A9X chip သုံးထားတဲ့ iPad Pro အသေး 32 GB မော်ဒယ်ကို ၅၉၉ ဒေါ်လာနဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး၊ 128 GB မော်ဒယ်ကတော့ ၇၄၉ ဒေါ်လာဖြစ်ပါတယ်။ 256 GB မော်ဒယ်လိုချင်တဲ့သူ တွေအတွက်လည်း Apple က စီစဉ်ပေးထားပြီး၊ ဒီမော်ဒယ်ဆိုရင်တော့ ဒေါ်လာ ကိုးရာလောက် ရှိသွားမှာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေက WiFi သီးသန့် တက်ဘလက်တွေ ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ iPhone 6s နဲ့ 6s Plus တို့လိုပဲ၊ ယခု iPad Pro ကို Rose Gold အရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပြီး၊ pre-oder တွေကို ယခု မတ်လ ၂၄ ရက်နေ့၊ ကြာသပတေးနေ့က စတင်မှာယူနိုင်မှာဖြစ်ပါတယ်။
Ref: Engadget
Digitaltimes
Post a Comment