Apple ဟာ iOS 9.3 လို့ခေါ်တဲ့ သူတို့ရဲ့ နောက်ဆုံးထွက် OS စနစ်တစ်မျိုးကို iPhone SE နဲ့ ၉.၇လက်မမျက်နှာပြင်ကျယ်ရှိတဲ့ iPad Pro တို့နဲ့အတူ ကယ်လီဖိုးနီးယားမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ iOS 9.3 ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ iOS 9.2.1 ကိုအနည်းငယ်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကတော့ Night Shift ဆိုတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ဒီMode အသစ်မှာ သင့်အနေနဲ့ ညအိပ်ရာဝင်ခါနီးကျရင် အိပ်ပျော်ခြင်းကို အနှောင့်အယှက်ပေးတဲ့ အပြာရောင်အလင်းစူးစူးတွေအစား အေးမြတဲ့ လိမ္မော်ရောင်လို အရောင်လေးတွေထုတ်လုပ်ပေးမှာဖြစ်လို့ အိပ်ပျော်ခြင်းကိုအနှောင့်အယှက်ပေးတာကို လျှော့ချပေးမှာဖြစ်ပါတယ်။ ဒီလိုအရောင်တွေဟာ သင့်အနေနဲ့ ညပိုင်းအိပ်ချိန်တွေမှာသာ အလုပ်လုပ်မှာဖြစ်ပြီး မနက်ပိုင်းနေထွက်လာတဲ့အခါကျရင် သင့်အနေနဲ့ Screen ကိုပုံမှန်အရောင်အတိုင်းမြင်ရမှာလည်း ဖြစ်ပါတယ်။
iOS 9.3 မှာ နောက်ထပ်အနေနဲ့ Education Feature ဆိုတဲ့ Feature အသစ်တစ်မျိုးလည်း ပါဝင်လာတာဖြစ်ပြီး စာသင်ခန်းထဲမှာရှိတဲ့ ကျောင်းသားတွေဟာ iPad တွေနဲ့ ပိုမိုထိတွေ့နားလည်မှုတွေဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် Classroom ဆိုတဲ့ Apps အသစ်တစ်မျိုးလည်း ပါဝင်လာပြီး ဆရာတွေအနေနဲ့ စာသင်ခန်းထဲမှာ ရှိနေတဲ့ ကျောင်းသားတွေရဲ့ iPad တွေကို ထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။
့News, Health, Notes နဲ့ Carplay Apps တွေကိုလည်း လုပ်ဆောင်ချက်အသစ်တွေ ထပ်မံတိုးမြှင့်ထားတာလည်း တွေ့ရပါတယ်။ Notes တွေကို Fingerprint နဲ့ လုံခြုံရေးယူထားလို့ရတဲ့အပြင် date create, date modified အပြင် alphabetically အနေနဲ့ပါ စီစဉ်လို့ရနိုင်မှာပါ။
Carplay App မှာဆိုရင်လည်း သင့်အနေနဲ့ ကားထဲမှာဖွင့်မယ့် သီချင်းတွေကို သီချင်းအလိုက်၊ အနုပညာရှင်အလိုက်၊ အယ်လ်ဘမ်အလိုက် စတာတွေကို သင့်ရဲ့ဦးစားပေးမှုအတိုင်း စီစဉ်ထားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Nearby လုပ်ဆောင်ချက်ကလည်း မြေပုံမှာ ဓာတ်ဆီဆိုင်၊ ကားပါကင်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ တခြားအရာတွေကို အလွယ်တကူတွေ့နိုင်မှာပါ။ ဒီ iOS 9.3 ကို ယခုထွက်ရှိလာတဲ့ iPhone SE နဲ့ iPad Pro တို့မှာ စတင်ပါရှိလာပြီဖြစ်ပါတယ်။
Ref: Mirror
Digitaltimes

Post a Comment