July 20, 202506:13:24 AM

iPhone ချစ်သူတွေ မျှော်လင့်စောင့်စားနေတဲ့ ၄ လက်မအရွယ် iPhone SE

 
ကောလဟာလတွေ ထွက်နေခဲ့တဲ့ လေးလက်မအရွယ် iPhone SE အမှန်တကယ် ထွက်ရှိလာပါပြီ။ 

Apple ဟာ တနလာင်္နေ့က ပြုလုပ်ခဲ့တဲ့ Apple Event မှာ iPhone SE ကို တရားဝင်မိတ်ဆက်ပြသသွားခဲ့ပြီး၊ ဒီဇိုင်းပိုင်းကတော့၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ iPhone 5s နဲ့ တထေရာတည်းနီးပါးပါပဲ။ ဒါပေမယ့် ချစ်ပိုင်းမှာတော့ လက်ရှိ iPhone 6s မှာ သုံးထားတဲ့ 64-bit A9 ပရိုဆက်ဆာ နဲ့ M9 chip တွေကို အသုံးပြုထားပြီး၊ 5s ထက် စွမ်းဆောင်ရည်ပိုမြင့်လာပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ 12-megapixel ကင်မရာက 4K resolution ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး၊ Live Photos feature ပါ ပါဝင်လာပါတယ်။ ဒီ့အပြင် မိုဘိုင်းငွေပေးချေမှုစနစ် Apple Pay လည်း ပါဝင်လာတာကို တွေ့ရပါတယ်။
16GB မော်ဒယ် iPhone SE ကို ၃၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး၊ iPhone သမိုင်းမှာတော့ ဈေးအနည်းဆုံး ဖုန်းလို့ ဆိုရမှာပါ။ 64 GB မော်ဒယ်ကတော့ မော်ဒယ် ၄၉၉ ဒေါ်လာပါ။
စိတ်မကောင်းစရာတစ်ချက်ကတော့ ဒီဖုန်းမှာ Apple ရဲ့ နာမည်ကျော် 3D Touch နည်းပညာပါဝင်လာမှာ မဟုတ်ဘဲ၊ အရွယ်အစားသေးသေးနဲ့ ဖုန်းအသစ်တစ်မျိုး ထုတ်ဖို့အတွက် Apple အနေနဲ့ တစ်ချို့ နည်းပညာတွေကို ချန်လှပ်ခဲ့ရပုံ ရပါတယ်။
iPhone SE ကို အရောင်လေးမျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ မတ်လ ၂၄ ရက်နေ့က စတင်ကာ အော်ဒါမှာယူနိုင်မှာဖြစ်ကာ၊ မတ်လ ၃၁ ရက်နေ့မှာ စတင် တင်ပို့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
                                     201602iphonese-4colorfan-pr-us-en-printjtx-1



Ref: Engadget
Digitaltimes



Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.